ပြည်တွင်းသတင်း နိုင်ငံတကာသတင်း — ရန်ကုန် နိုဝင်ဘာ ၂၊ ၂၀၁၆

“နိုင်ငံက ဆင်းရဲနေတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ချမ်းသာတာဟာ ဘာမှ ဂုဏ်ယူစရာ မဟုတ်ဘူး” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတာ ဖြစ်ပြီး ဒုတိယနေ့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ချမ်းသာ ကြွယ်ဝသူတွေ အနေနဲ့ ကိုယ့်ရဲ့ ချမ်းသာမှုကို ကိုယ့်အတွက် ကိုယ်သုံးပိုင်ခွင့် ရှိသလို အများအတွက်လည်း လုပ်ဆောင်ရမယ့် တာဝန် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေး နှေးကွေးနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နှစ်ဆ သုံးဆ ပိုအလုပ်လုပ်ဖို့ လိုတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ဂျပန်နိုင်ငံမှာ နေမှာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဖို့ပြီး ဂျပန်နိုင်ငံကနေ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ရယူမယ့် သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*