နိုင်ငံခြားမှ တင်ပို့ရန်ရှိသော မော်တော်ယာဉ်အသစ်များအနေဖြင့် စီအန်ဂျီ လုံလောက်စွာ မရရှိနိုင် ကြောင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှု များ ပပျောက်ရေးကဏ္ဍများအတွက်  ရန်ကုန်တိုင်း မ.ထ.သ(ဗဟို)အဖွဲ့ တာဝန်ရှိသူများ က ရှင်းလင်းပြောကြား ခဲ့သည်။

စီအန်ဂျီ သုံးစွဲနိုင်ရေးနှင့် ပတ် သက်၍ ဦးဘမြင့်က “ပြည်ပက တင်ပို့လာတဲ့မော်တော်ယာဉ်တွေကို ကိုယ့်သဘောနဲ့ ကိုယ်တင်သွင်းလာ ရင်တော့ စီအန်ဂျီ မရနိုင်ပါဘူး။ လက်ရှိစီအန်ဂျီသုံးစွဲမှုတွေ ထပ်မံ တိုးချဲ့ဖို့အတွက်လည်း MOGE နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခု အချိန်မှာတော့ မ.ထ.သ (ရန်ကုန်) က ၄ဝ ယာဉ်လိုင်းမှာ စီအန်ဂျီ ၉ စီးရရှိပြီး ပြေး ဆွဲနေပါတယ်။ ဒါပေမယ့် ယာဉ်အသစ် သွင်းတာကို တော့ စီအန်ဂျီအသစ်ထပ်တိုးဖို့ အမိန့်မရသေးပါဘူး”ဟု ဆိုသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရန်ကုန်မြို့အတွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ပပျောက်စေရန် ဖြေရှင်းရာ၌ ကမ္ဘာ့ အဆင့်မီ ဖွံ့ဖြိုး တိုးတက်လျက်ရှိသော နိုင်ငံကြီးများနှင့် တန်းတူ ဖြေရှင်းနိုင်ရန် အခက်အခဲများ ရှိနေကြောင်း၊ အဓိကအားဖြင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ဖြစ်ပေါ်နေရခြင်းမှာ ယာဉ်သွားလမ်းများ၊ မီးပွိုင့်များ၌ စီစီတီဗီ ကင်မရာများ အလုံအလောက် တပ်ဆင်ပေး နိုင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စစ်တမ်းများအရ ယာဉ်ကြော ပိတ်ဆို့သည့်နေရာ ၁၄ နေရာ ရှိနေ ကြောင်း၊ မ.ထ.သ(ရန်ကုန်) ဒုဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြော ကြားခဲ့သည်။

ယင်းနောက် ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများ ပပျောက် ရေးနှင့်ပတ်သက်၍ ဦးလှသောင်းမြင့်က “ယာဉ်တွေ မကျပ်အောင်လို့ ယာဉ်အစီးရေ တွက်ချက်ပြီး ဖြေရှင်း  လို့မရပါဘူး။ အဓိကကတော့ ၁၆ ဘီး ကုန်တင်ယာဉ်ကြီးတွေ ကနေ စပြီး မော်တော်ဆိုင်ကယ်နဲ့ ဆိုက် ကားအဆုံး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကို လိုက်နာရအောင် စည်းကမ်းတင်းကျပ်ဖို့ လိုပါတယ်” ဟု ရှင်းပြခဲ့သည်။

မ.ထ.သ(ရန်ကုန်) ဗဟို၏ ယာဉ်မတော်တဆမှု ၃ နှစ်စာ စစ် တမ်းများအရ ယာဉ်မောင်း၏ ချို့ ယွင်းမှု ၅၁ ရာခိုင်နှုန်း၊ ခရီးသည် ၏ ပေါ့ဆမှု ၂ ရာခိုင်နှုန်းနှင့် လမ်းကူးသူ၏ ပေါ့ဆမှု ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယခုလအတွင်း၌ ရန်ကုန်မြို့ အတွင်း ယာဉ်မတော်တဆမှု ၁၃ မှုရှိကြောင်း သိရှိရသည်။

ဝဝ၁

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. CNG 605 liters နဲ့ပတ်သက်တဲ့ Informations တွေသိချင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*