စီးပွားရေးသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁၃

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စစ်ကိုင်းတံတားအထက်တွင် နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းတစ်ခု ဆောက်လုပ်မည့် စီမံကိန်းကြောင့် မန္တလေးမြို့ အနောက်တောင်ဘက် ရှမ်းကလေးကျွန်း၊ စံပြကျေးရွာ အနီးတစ်ဝိုက်ရှိ မြေယာဈေးနှုန်းများ ယခုလ အစောပိုင်းမှ စတင်ကာ အဆ ၂ဝ ခန့်ထိုးတက် သွားသည်ဟု ဒေသခံ ဝါရင့်ပွဲစား တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

“မနှစ်ကလည်း တစ်ခါဖြစ်လိုက်သေးတယ်။ ကောလာဟလ လိုလို ဘာလိုလိုဆိုပေမယ့် မထင်မှတ်တဲ့ဈေး ပေါက်သွားတာ။ ဒီနှစ်ကျတော့ တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် မန္တလေးက သတင်းထောက်တွေနဲ့ တွေ့ပြီး ဆိပ်ကမ်း အဆင့်မြှင့်ဖို့ ရှိတယ် လို့ ပြောသွားတယ်။ ဒီသတင်း ထွက်လာပြီး ကတည်းက ရွာမှာမြေဈေးတွေ အဆ နှစ်ဆယ်လောက် ခုန်တက် သွားတယ်” ဟု ယင်းက ဆိုသည်။ မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ဧရာဝတီမြစ် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် ဧရာဝတီ မြစ်ရေကြီးမှု ကာကွယ်ရေး (Ayawaddy River Flood Prevention) နှင့် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအား အမြန်ဆုံး ဆောင်ရွက်သွားမည် ဟူသော စီမံကိန်းဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဒေါက်တာမြင့်ကြူ ၏ ပြောကြားချက် ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ မြေယာဈေးနှုန်းများ ထိုးတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းကလေးကျွန်း စံပြကျေးရွာသည် စစ်ကိုင်းတံတား အထက်ပိုင်း ရွှေကြက်ယက်ဘုရားအနီး ဟိုတယ်ဇုန်ရှိသည် ဆိုသော သတင်းကြောင့် မြေယာဈေးနှုန်းများ မြင့်တက်ခဲ့ဖူးသည့် ဒေသတစ်ခုဖြစ်သည်

ရှမ်းကလေးကျွန်း စံပြကျေးရွာသည် စစ်ကိုင်းတံတား အထက်ပိုင်း ရွှေကြက်ယက်ဘုရားအနီး ဟိုတယ်ဇုန်ရှိသည် ဆိုသော သတင်းကြောင့် မြေယာဈေးနှုန်းများ မြင့်တက်ခဲ့ဖူးသည့် ဒေသတစ်ခုဖြစ်သည်

ဧရာဝတီမြစ်ရေကြီးမှု ကာကွယ်ရေး စီမံကိန်းအတွက် ဆောင်ရွက်ရာ တွင် ရေကြောင်းပိတ်ဆိုလျက်ရှိသည့် သဲသောင်များ အား တူးဖော်၍ ရေဝင်ဧရိယာများသို့ အစားထိုးဖို့ သွားမည် ဖြစ်ရာ ထိုသို့ သဲမြေအစားထိုး ဖို့မည့် ရေဝင်ဧရိယာ ဆိုသည် မှာလည်း ရှမ်းကလေးကျွန်း စံပြကျေးရွာနှင့် အနီးတစ်ဝိုက် ဖြစ်နိုင်ကြောင်း ဒေသခံ များဖက်က ဝေဖန် သုံးသပ် သည်။

အဆိုပါ ရှမ်းကလေးကျွန်း စံပြကျေးရွာသည် စစ်ကိုင်းတံတား အထက်ပိုင်း ရွှေကြက်ယက် ဘုရားနှင့် ချမ်းမြသာစည် မြို့နယ် ကန်တော်ကြီး အနောက်ပိုင်းကြားတည်ရှိပြီး၊ ပြီးခဲ့သည့် နှစ်များ အတွင်းကလည်း ဟိုတယ်ဇုန် စီမံကိန်းရှိသည် ဆိုသော သတင်းကြောင့် မြေယာဈေးနှုန်းများ မြင့်တက် ခဲ့ဖူးသည့် ဒေသ တစ်ခု ဖြစ်သည်။

သို့သော် အဆိုပါ ဟိုတယ်ဇုန် စီမံကိန်းအား မြို့တောင်ဖက် တံတားဦးမြို့နယ် သို့ ပြောင်းရွှေ့လိုက်သည့် အတွက် ကြောင့် မြေယာ အရောင်းအဝယ် ရပ်တန့်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း ထွက်ပေါ်ခဲ့သည့် ဧရာဝတီ မြစ်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သတင်းကြောင့် မြေယာရောင်းချမှုများ တစ်ဟုန်ထိုး မြင့်တက်လာ ခဲ့ပြန်သည်။

“ဈေးချိုတာလေး တစ်ကွက် နှစ်ကွက်လောက် ဝယ်ပေးပါလို့ မိတ်ဆွေတစ်ယောက်က ပြောလို့ လာစုံစမ်းတာ ဈေးတွေ က အော်နေတာပဲ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တစ်ပေ ပတ်လည်ကို သောင်းဂဏန်းရှိတာကနေ အခုဆို သိန်းဂဏန်းလောက် အထိကို ခေါ်ကြတာ” ဟု ခါတော်မီမြေ ဝယ်လာသူ တစ်ဦးက ဆိုသည်။

ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ စီမံကိန်း ဒုဥက္ကဋ္ဌ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ပြောရာ တွင် မြစ်အောက်ကြမ်းပြင်မှ သဲများကို သောင်တူးစက် အစရှိသည့် စက်ယန္တရားကြီး များဖြင့် တူးဖော်ကာ ရေဝင်ဧရိယာများ အတွင်း ဖို့မြေအဖြစ် အသုံးချမည်ဖြစ်ကြောင်း ရေဝင်ဧရိယာများအတွက် ဖို့မြေကိုလည်း ၁၅ မီတာ အမြင့်ထိ သတ်မှတ်ထားကြောင်း၊ အဆိုပါ ဖို့မြေများပေါ်တွင် နိုင်ငံတကာ အဆင့်မီဧရာဝတီ မြစ်ဆိပ်ကမ်းကြီး တစ်ခု အပါအဝင် ဈေးဝယ် စင်တာ များနှင့် တိုက်တာအိမ်ယာများ တည် ဆောက်သွားမည် ဖြစ်ကြောင်း ပြောသည်။

“မြစ်ထဲကသဲတွေနဲ့ ရေဝင် ဧရိယာတွေကို ၁၅ မီတာအမြင့် လောက် ဖို့လိုက်မယ်ဆိုရင် ဧက ပေါင်း ၁ သောင်း ၈ ထောင် လောက် ထွက်လာမယ် ဒီပေါ်မှာစီမံကိန်း အကောင်အထည်ဖော်လိုက်ရင် ပြည်တွင်းပြည်ပ ခရီးသွား တွေကို ဆွဲဆောင် လာနိုင်မယ်။ အလုပ်အကိုင်အခွင့် အလမ်းကအစ အကျိုးအများကြီးရှိ လာနိုင်တယ်” ဟု ပြီးခဲ့သည့် ဇန်နဝါ ရီ ၂၈ ရက်က မန္တလေးအခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးက ပြောကြား ခဲ့သည်။

ဧရာဝတီမြစ်ဆိပ်ကမ်းဖွံ့ဖြိုးတိုး တက်ရေးရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် ဧရာဝတီ မြစ်ရေကြီးမှု ကာကွယ်ရေး (Ayawaddy River Flood Prevention)နှင့် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအား မန္တလေးမြို့တော် ဖွံ့ဖြိုး တိုးတက်ရေးနှစ်၃ဝ စီမံကိန်း အရ ပထမ ၅ နှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားရန် မလေးရှားနိုင်ငံကုမ္ပဏီတစ်ခုနှင့် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့အကြား နားလည်မှု စာချွန်လွှာရေး ထိုးပြီးဖြစ်ကြောင်းကိုလည်း အဆိုပါ တွေ့ဆုံပွဲအရ သိရသည်။

စီမံကိန်းအကြောင်းပြု၍ တစ် ဟုန်ထိုးမြင့်မားလာသည့် ရှမ်းကလေး ကျွန်း စံပြကျေးရွာအနီးတစ်ဝိုက်ရှိ မြေယာ များအား ယခုအခါတွင် အိမ်နီးချင်း နိုင်ငံတစ်ခုမှ စီးပွားရေး လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူလျက် ရှိကြရာ နိုင်ငံသား ပိုင်မြေယာများ လူမျိုးခြားလက်သို့ ရောက်ရှိသွားမည့် အရေး အတွက်ကိုလည်း မန္တလေး မြို့ခံ ပြည်သူများဘက်က စိုးရိမ် မကင်း ဖြစ်နေကြကြောင်းနှင့် ပြီးခဲ့သည့်နှစ် များအတွင်းကလည်း အဆိုပါ ကျေးရွာ အတွင်းရှိ အချို့သော မြေယာ များအား ပြည်တွင်းပြည်ပ မြေယာဈေးကစား သူများနှင့် လူမျိုးခြား လုပ်ငန်းရှင်များ ထံသို့ ရောင်းချ ထားပြီးဖြစ်ကြောင်း ကိုလည်း သိရပါသေးသည်။

“အများအားဖြင့်ကတော့ တရုတ်တွေ လာဝယ်ကြတာ များပါတယ်။ မန္တလေးမှာက လုပ်ကွက်သစ် တစ်ခုခု ဖော်ပြီဆိုတာနဲ့ အနီးအနား ဝန်းကျင်က မြေယာတွေ တရုတ်လက်ထဲ ရောက်ပြီ။ ဈေးနှုန်းကလည်း သူများ မပေးနိုင်တဲ့ ဈေးနှုန်းပေး တာကိုး။ ကိုယ့်မြေကို တန်ဖိုးထားတယ် ဆိုတာ ဈေးနှုန်း ကြီးကြီးနဲ့ ရောင်းချ လိုတာကို ပြောတာနဲ့တူပါတယ်” ဟု လူမျိုးခြားလက် နိုင်ငံသားပိုင်မြေ ရောက်ရှိသွားမည့်အရေး စိတ်မအေးသူတစ်ဦး က ပြောသည်။

ဝဝ၉

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*