အနုပညာသတင်း — ရန်ကုန်၊ ဧပြီ ၁၊ ၂ဝ၁၃

ယခုနှစ် သင်္ကြန်တွင် သင်္ကြန် ကား ထွက်ရန်အတွက် ဂန္ထဝင် မောင်ဝိုင်း၏သား တေးသံရှင် ဒီဥက္ကာ မှ ဦးဆောင်၍ သံချပ်တိုက်နေကြောင်း သိရသည်။

တေးသံရှင် ဒီဥက္ကာက “သင်္ကြန်ကျရင် ကားထွက်မယ်။ နောက်ပြီး ဖျော်ဖြေရေးမဏ္ဍပ်တွေရော၊ ပြိုင်ပွဲဝင် မဏ္ဍပ်တွေရော လိုက်ဖျော်ဖြေမယ်လေ။ သင်္ကြန်ကား ထွက်ဖို့အတွက် သံချပ်တိုက်တာပါ။ လူထုအသံ ပြိုင်ပွဲ မဝင်ဖြစ်တာက သူတို့ပုံစံနဲ့ ကိုယ်တွေ တင်ဆက်တဲ့ပုံစံနဲ့ မကိုက်လို့ပါ။ ပထမတော့ ဆင်ဆာမရှိဘူး ဆိုလို့ ဆင်ဆာ မရှိတော့ ကြပ်ကြပ်တည်းတည်း ဘာမှမရှိဘူးလေ။ လွတ်လွတ် လပ်လပ်ဖျော်ဖြေလို့ရမယ်ထင်လို့ စာ ရင်းပေးလိုက်ပြီးတော့ နောက်ပိုင်းကျတော့ သူတို့က ပထမပြောသလို မဟုတ်ဘဲနဲ့ ဆင်ဆာရှိတယ်ဆိုလို့ အဆင်မပြေနိုင်လို့ပါ။ အဲဒါကြောင့် မပြိုင်တော့တာပါ။ မောင်မောင် ဆိုလေ ထီးရိုးရှည်နဲ့ ဖျော်ဖြေမှာပါ။ ကျွန်တော် ကိုယ်တိုင်ပဲ ရေးတာပါ။ အသံခွေလည်း ထွက်မယ်၊ အရုပ်ခွေ လည်း ထွက်မယ်၊ ရုပ်ကတော့ရိုက် ဖို့ရှိတယ်။ ဒီရက်ထဲမှာပဲ။ သင်္ကြန် မတိုင်ခင်ကြိုတင်ဖျော်ဖြေပွဲလုပ်ဖို့ရှိ တယ်။ နေရာတော့ မသတ်မှတ်ရ သေးဘူး။ မနှစ်တုန်းကတော့ ကြားဖြတ်ရွေးကောက်ပွဲရှိတော့ လူတွေက သင်္ကြန်မဏ္ဍပ်တွေအတွက် အသင်း တွေ ထွက်ဖို့ကို မလှည့်သာ ဘူးပေါ့။ သိပ်ပြီး သိသိသာသာကြီးလည်း ပြောင်းသွားတာ မဟုတ်ဘူးလေ။ ဒီနှစ် တော့ မနှစ်ကထက် သိသိသာသာ ပြောင်းလဲသွားတယ်။ ဆိုင်ရာကလည်း တက်တက်ကြွကြွ ရှိပါတယ်။ သင်္ကြန်ကို ပြန်ပြီးတော့ ပြိုင်ပွဲဝင်မဏ္ဍပ် တွေ၊ သံချပ်တွေပြန်ပြီးတော့ ခွင့်ပြု လာတယ်။ အဲဒီအတွက်လည်း ကောင်းပါတယ်”ဟု ယင်းက ပြော သည်။

တစ်ဖန် ယင်းကလည်း ဒီနှစ်ဟာ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ ၄၅ နှစ်မြောက်ဖြစ်ကြောင်း၊ မောင်မောင်ဆိုလေ ထီးရိုးရှည် သီချင်းခေါင်းစဉ်ဟာ မိမိအဖေ ပေးခဲ့ကြောင်းနှင့် မိမိ ကိုယ်တိုင်ပဲ ဦးဆောင်ခဲ့ကြောင်း၊ ဖခင် ဂန္ထဝင်မောင်ဝိုင်းမှာ ဆုံးပါးသွားပြီဖြစ် ကြောင်း၊ ဖခင်၏ မျိုးဆက်သစ် အနေဖြင့် သင်္ကြန်သမိုင်း အစဉ်အလာကို ယင်းက လက်ဆင့်ကမ်း သယ်ဆောင် လာကြောင်း၊ မိမိတို့၏ သင်္ကြန်သံချပ် မှာဆိုလည်း အခြားအဖွဲ့တွေနှင့်မတူ ဘဲ လူထု၏ ရင်ခုန်သံအနေဖြင့် ထိထိ စပ်စပ်သံချပ်တွေသည် မောင်မောင်ဆို လေ၏ ဟန်ဖြစ်ကြောင်းနှင့် ယခင် ကြပ်ကြပ်တည်းတည်း ခေတ်မှာ ပင် မိမိတို့သံချပ်ကို အသွေးအမွေး တစ်မျိုး ဖြင့် တင်ဆက်ခဲ့ပြီးအကျိုးပြုဖြစ် ကြောင်း၊ မိမိတို့ ဘက်မလိုက် စတမ်း ပြည်သူ့ဘက်မှ ရင်ခုန်သံကို ကိုယ်စား ပြုသော တင်ဆက်မှုများပါကြောင်း ပြောသည်။

မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့တွင် သင်္ကြန်စင်ပေါ်တက်မည့် အင်အား ၃ဝ ရှိကြောင်းနှင့် တခြား ဝိုင်းဝန်း ကူသည့်သူ ကြည့်သည့်သူ ကားပေါ်တွင် ၅ဝ လောက် ရှိကြောင်းကိုလည်း အဖွဲ့ ခေါင်းဆောင် တေးသံရှင် ဒီဥက္ကာက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

သံချပ်တိုက်နေကြစဉ်

သံချပ်တိုက်နေကြစဉ်

ယ.ဝဝ၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*