နိုင်ငံတကာသတင်း — ဇူလိုင်၊ ၂ဝ၁၂
အင်တာနက်တွင် ကြော်ငြာခွင့် မရတော့သည့် အရက်နှင့် အဖျော်ယမကာများ

အင်တာနက်တွင် ကြော်ငြာခွင့် မရတော့သည့် အရက်နှင့် အဖျော်ယမကာများ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားဘာသာသုံး အင်တာနက် နှင့် ပုံနှိပ်မီဒီယာတွင် အရက်၊ အဖျော် ယမကာများ ကြော်ငြာခြင်းအား တားမြစ် ပိတ်ပင်သော ဥပဒေတစ်ခုကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း “ကရင်မလင်”က ပြောဆိုသည်။ အင်တာနက်တွင် အရက် ကြော်ငြာများ တားမြစ် ပိတ်ပင်မှုမှာ ဤဥပဒေ တရားဝင် ထုတ်ဝေဖြန့်ချိသည့် နေ့ရက်ကစ၍ အာဏာတည်သည်။ ပုံနှိပ်မီဒီယာ ကြော်ငြာများကိုမူ ထိုမီဒီယာများ အနေဖြင့် နှစ်စဉ် ကန်ထရိုက် စာချုပ်များ ချုပ်ဆိုထားရပြီး စာချုပ်သက်တမ်း ပြည့်သည် အထိ အခွင့်အရေး ရသင့်သောကြောင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီတွင် စတင် ပိတ်ပင်မည် ဖြစ်သည်။

Prime သတင်းဌာနမှ သဘောထား ကောက်ယူခဲ့သော ကျွမ်းကျင် ပညာရှင်များနှင့် ဈေးကွက်တွင် ပါဝင်သူများက ပိတ်ပင်မှုကို အာဏာ သက်ရောက်အောင် လုပ်ရန်မှာ ခက်ခဲမည်ဖြစ်ပြီး နိုင်ငံခြား ဝက်(ဘ)ဆိုက်များသို့ ကြော်ငြာရှင်များ စီးထွက်ခြင်းသာ အဖတ်တင်နိုင်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*