နိုင်ငံတကာသတင်း — မော်စကို၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃

သောကြာနေ့က ရုရှားနိုင်ငံ ယူရယ်(လ) တောင်တန်းများပေါ်မှ ကောင်းကင်ပြင်တွင် ပေါက်ကွဲခဲ့ သော ဥက္ကာပျံ ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော်ရှိကြောင်း ရုရှား အာဏာပိုင် များက ခန့်မှန်းပြောဆို လိုက်သည်။

“အိမ်ထောင်စုပေါင်း ၁ဝဝ,ဝဝဝ လောက် ထိခိုက်ပါ တယ်။ အပျက်အစီး တန်ဖိုးက ရူဘယ် ၁ ဘီလျံကျော် ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု ရုရှား အလယ်ပိုင်းဒေသ ချယ်လျာဘင့် (စ)ပြည်နယ် အုပ်ချုပ်ရေးမှူး မစ်ခေး (လ)ယူ ရီဗစ်(ချ)က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။ ဥက္ကာပျံ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာ သော တုန်ခါမှုလှိုင်းများကြောင့် ထိုဒေသ အနီးအနားရှိ ပြတင်းတံခါး ၃ဝ ရာနှုန်းမျှ အစိတ်စိတ်အမွှာမွှာ ကွဲကျေ ခဲ့ရပြီး အပူချိန်မှာ အနှုတ် ၂ဝ ဒီဂရီ ဆဲ(လ)စီးယပ်(စ) အထိ ကျဆင်း ခဲ့ကြောင်း အပျက်အစီးများ ကို ပြင်ဆင်ပြီး ဖြစ်ကြောင်း သူက ဆိုပါသည်။

ပြင်ဆင်ရန် ကျန်ရှိနေသေးသော ပြတင်းတံခါးများကို နောက်အပတ်တွင် ပြင်ဆင်သွားမည်ဖြစ်ပြီး ဆိုဗီယက်ခေတ် က ဆောက်လုပ်ခဲ့သော အကြီးစားပြတင်းတံခါး အချို့ကိုမူ ပြန်လည်တပ်ဆင်ရန် သီတင်းပတ်ပေါင်း များစွာ လိုအပ်မည်ဖြစ်သည်။ အပျက်အစီး အများဆုံး အဆောက်အဦမှာ ချက်လျာဘင့်(စ)ရေခဲပြင် အဆောက် အဦ ဖြစ်သည်ဟု ယူရီ ဗစ်(ချ)က ပြောသည်။

အဆိုပါ ဥက္ကာပျံမှာ သောကြာနေ့ ဆက်(တ)ကားမြို့မှ ကီလိုမီတာ ၈ဝ အကွာတွင် တဟုန်ထိုး ဖြတ်သန်းရင်း ပေါက်ကွဲ သွားခဲ့ခြင်းဖြစ် ပြီး တုန်ခါမှုလှိုင်းများမှာ ကပ်လျက် ရှိသော ဒေသပေါင်းများစွာအထိ သက်ရောက်ခဲ့ရာ အိမ်နီးချင်း ဗဟို အာရှနိုင်ငံဖြစ်သည့် ကာဇက်စတန် နိုင်ငံ၏ အစိတ်အပိုင်း အချို့သို့ပင် ရောက်ခဲ့သည်။

ရုရှား အရေးပေါ်လုပ်သား ထောင်ပေါင်းများစွာသည် ဥက္ကာပျံပေါက် ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော အပျက်အစီး များကို စနေနေ့တွင် ရှင်းလင်းဖယ်ရှားခဲ့ကြပြီး ချယ် လျာ(စ)ပြည်နယ် မြို့တော်အနီးရှိ ရေကန်ကြီး တစ်ကန် တွင် လည်း ရေငုပ် သမားများက ရေခဲပြင်တွင် ဖြစ်ပေါ်ခဲ့သော ပေပေါင်းများစွာ အကျယ်ရှိ တွင်းကြီး ထဲ၌ ဥက္ကာပျံ အပိုင်းအစကြီး များကို ရေငုပ်ရှာဖွေခဲ့ကြရာ မအောင်မြင်ခဲ့ကြချေ။

အမျိုးသားရေး အစွန်းရောက် ဝါဒီ ခေါင်းဆောင် ဗလာဒီမာဇိုင်ရင် နော့(ဗ) စကီး ကမူ ဤသည်မှာ အမေ ရိကန် ပြည်ထောင်စုရှိ “စစ်ဘီလူးများ” ၏ လက်ချက် ဖြစ်နိုင်ကြောင်း မော်စကိုမြို့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ “ဒါဟာ ဥက္ကာပျံ ကျတာ မဟုတ်ပါဘူး။ အမေရိကန်တွေ စမ်းသပ်လိုက်တဲ့ လက်နက်ဆန်း တစ်ခုပါ” ဟု သူကဆိုပါသည်။

ရုရှား အော်သိုဒေါက် ဘုန်းတော်ကြီးတစ်ဦးက ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မီဒီယာ များတွင်မူ ဥက္ကာပျံ မဟုတ်ပါက ဘာဖြစ်မည် ဆိုသည့် မှန်းဆချက်များ ပလူပျံနေကြသည်။ “ရိုးရိုးသားသား ပြောရရင် ဒါဟာ စစ်ရေးနဲ့ ပတ်သက်တဲ့ တစ်ခုခုလို့ပဲ ကျွန်တော်တော့ ပိုယုံချင်တယ်” ဟု ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ဆိုပါသည်။ ပေါက်ကွဲမှု ကြောင့် လူပေါင်း ၁၂ဝဝ ကျော် ဒဏ်ရာ အနာတရဖြစ်ခဲ့ ကြရသည် ဟု ဒေသခံ အာဏာပိုင်များက ခန့်မှန်းပြီး အများစုမှာ ကွဲအက် လွင့်ပျံလာသော မှန်ကွဲစများ ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

Ref: AP,Reuters

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*