March, 2012၊ သတင်းမှတ်တမ်းများ


ရန်ကုန်မြို့၊ ပြည်လမ်း၊ ရေကြည်အိုင်ကွေ့၊ တပ်ဦး ဘုန်းတော်ကြီးကျောင်းအနီး ၂၇ ရက်နေ့၊ နံနက် ၂း၃ဝ ခန့်တွင် ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားရာ လူ အယောက် သုံးဆယ်ကျော် ဒဏ်ရာရရှိ၍ အမျိုးသမီးခြောက်ဦး​ သေဆုံးကြောင်း၊ ယာဉ်တိမ်းမှောက်မှုတွင် ပါဝင် သော မနီနီအေးကပြောသည်။ တိမ်းမှောက်မှု ဖြစ်ပွားသောကားမှာ Myanmar Asia Optical မှန်ဘီလူးစက်ရုံ Sandaring ဌာနမှ အလုပ်သမား​ ခြောက်ဆယ်ကျော် စီးနင်းလာသော ၁ဝ၂ အထူးယာဉ်လိုင်းမှ နံပါတ်-၃ဂ/၃၁၉၁ [...]


လှိုင်သာယာနှင့် တွံတေးမြို့သို့ ဆက်သွယ်ထားသော “ပန်းလှိုင်” တံတားတွင် ဆိုင်ကယ်သမားများနှင့် အခြားယာဉ်များကို တံတားစောင့် ရဲအချို့က တံတားခွန်အဖြစ် အသွား ၂ဝဝ ၊ အပြန် ၂ဝဝ ဖြင့် ကောက်ခံသောကြောင့် အလုပ်သမားအချို့အခက်တွေ့နေသည်ဟု ချားမင်း စက်ရုံမှ အလုပ်သမား တစ်ဦး၏​ ပြောပြချက်အရ သိရသည်။ ပန်းလှိုင် တံတားစောင့် ရဲအချို့သည် ဆိုင်ကယ်သမားများနှင့် အခြားယာဉ်များထံမှ တံတားခွန်အဖြစ် အခေါက်တိုင်း အသွား၂ဝဝ၊ အပြန်၂ဝဝ ကောက်ခံနေသည်ဟု ယင်းအလုပ်သမားက​ ပြောခဲ့သည်။ [...]


မြန်မာနိုင်ငံတွင် ဧပြီလ၌ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်နှင့် ကြားဖြတ်ရွေးကောက်ပွဲများ ရှိနေခြင်းကြောင့် နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု များပြားလာပြီး ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခများ ယမန်နှစ်ထက် ကန်ဒေါ်လာ တစ်ရာကျော် တက်သွားသော ဟိုတယ်များ ရှိနေပြီး ဆယ်ဒေါ်လာခန့်သာ တက်သော ဟိုတယ်များလည်း ရှိနေကြောင်း၊ [...]


ထန်းတပင်မြို့နယ် နဲသမိန်အုပ်စု ကျွဲကောကျေးရွာရှိ မြေလွတ်မြေရိုင်းတွင် စတီးစတုမ်းကုမ္ပဏီမှ လယ်သမားများ၏ လယ်ယာ စိုက်ခများကို ယခင်ကောက်နှုန်းထက် တိုး၍ ကောက်ခံသောကြောင့် တောင်သူ လယ်သမားများ အကျပ်အတည်း ဖြစ်နေသည်ဟု ယင်းတောင်သူများ၏ ကိုယ်စားလှယ်တစ်ဦး ပြောပြချက်အရသိရသည်။ ကျွဲကောကျေးရွာရှိ မြေလွတ်မြေရိုင်းများကို စတီးစတုမ်း ကုမ္ပဏီက ၁၉၉၆ ခုနှစ်ခန့်တွင် စက်ယန္တယားဖြင့် ကိုင်းတောများကိုရှင်းခဲ့ပြီး တစ်နှစ်ခန့် စိုက်ပျိုးခဲ့သည်ဟု ဆိုသည်။ တစ်နှစ်ခန့် စိုက်ပျိုးရာတွင် အောင်မြင်ခြင်းမရှိသဖြင့် ဆက်လက်စိုက်ပျိုးခြင်းမရှိဘဲ ပစ်ပယ်ထားသည်ဟု ဆက်လက်​  ပြောခဲ့သည်။ [...]


““အရင်ရွေးကောက်ပွဲကတော့ ဦးသုဝေကို မဲပေးခဲ့တာပေါ့၊ အဲဒီတုန်းကတော့ NLD မှမပါတာ၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ပါလာပြီဆိုတော့ NLD ကိုမဲပေးမှာပါ၊ အခု​ ရွေးကောက်ပွဲကျရင်တော့ ပိုတိကျရင်​ ကောင်းတာပေါ့”” ဟုတောင်ညွန့် ရထားရပ်ကွက်နေ မဥမ္မာမှ ပြောကြား ... [...]

ယနေ့အထိ ကချင်ပြည်နယ် မငြိမ်းချမ်းသေး
ကချင်ပြည်နယ် စစ်ပြေငြိမ်းရေး ဆုတောင်းပွဲ အခမ်းအနားတွင် ကချင်တိုင်းရင်းသူ​ ဒေါ်ခွန်းဂျာက ““ပစ်ခတ်နေတဲ့​ မြေပုံကိုကြည့်လိုက်ရင် KIO ဘက်က ထွက်ပြီး တိုက်တာ မရှိဘူး၊ ဒီဘက်ကနေ ထိုးစစ်ဆင်နေတာချည်းပဲ ရှိတယ်။ အဲဒီသွားတိုက်တဲ့ တပ်တွေရုတ်သိမ်းသွားရင် အပစ်ခတ် ရပ်စဲရေး ဖြစ်သွားမှာပဲ”” ... [...]


ရန်ကုန်တိုင်း​ ဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မိုးပွင့်စီမံချက်၂ ဖြင့် ထုတ်ပေးလျက်ရှိရာ၊ ၁၉၈၂ ခုနှစ် မတိုင်ခင်က ထုတ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ သုံးခေါက်ချိုး ကတ်ပြား ကိုင်ဆောင်သူများကိုပါ  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စိစစ်၍ ထုတ်ဝေပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်း လ.ဝ.က ဦးစီးဌာနမှူး ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ““ကျွန်တော် မှတ်ပုံတင်က ၈၈ အရေးအခင်းဖြစ်ကတည်းက သက်ဆိုင်ရာကသိမ်းထားပြီး၊ မှတ်ပုံတင်အသစ်လည်း ပြန်မရိုက်နိုင်လို့ ဒီအဟောင်းကြီးလည်း တရားဝင်တယ်ဆိုလို့ ကိုင်ထားတာပါ”” ဟု [...]

ဦးခင်လှိုင် (ဇောတိက)က လွှတ်တော်တွင်း​ ရောက်သည့်အခါ​ နိုင်ငံရေးစကားမပြောဘဲ စီးပွားရေးစကား​ ပြောမည်ဟုဆို
စီးပွားရေး လုပ်ငန်းရှင်​ ဖြစ်သည့်အတွက် လွှတ်တော်တွင်း သွားရောက်သည့်အခါ စီးပွားရေးစကား​ ပြောမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ တသီးပုဂ္ဂလ ​ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်လှိုင်(ဇောတိက)က MIJ သို့ပြော [...]


ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်​ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေး ပါတီအချို့၏ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးမှုများကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ယာဉ်သွားလမ်းများ ပိတ်ဆို့ကာ လမ်းအသုံးပြုသူများအား အနှောင့်အယှက် ​​ ဖြစ်ရကြောင်း... [...]


  ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၏ မြို့နယ်အချို့တို့တွင် လျှပ်စစ်မီးနှင့် သောက်သုံးရေပြတ်လပ်ခြင်းများ​ ဖြစ်ပေါ်ခဲ့ရာ မဟာအောင်မြေမြို့နယ်၌ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရကြောင်း မြို့နေလူထု၏ပြောစကားများအရ သိရသည်။ မန္တလေးတိုင်းအတွင်းရှိမြို့နယ်များအနက် မဟာအောင်မြေမြို့နယ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အဖြစ် နိုင်ငံရေးပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြို့နယ်တစ်ခုဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အချိန်နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခြင်းများ၊ ပါတီတွင်းဆွေးနွေးညှိနှိုင်းမှုများ၊ လူထုဟောပြောစည်းရုံးမှုများ ပိုမိုပြုလုပ်လာချိန်လည်း ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့လျှပ်စစ်မီးများ မကြာခဏပြတ်တောက်မှုကြောင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအခွင့်အရေးများ အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးပါတီများ၏ [...]