March, 2012၊ သတင်းမှတ်တမ်းများ


ဖက်ဆစ်စနစ်ကဲ့သို့ ကျင့်သုံးနေသောအဖွဲ့အစည်းများအား ပြည်သူလူထုကလက်မခံဟု မာန်အောင်မြေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပြု လုပ်သည့် ၆၇ နှစ်မြောက်တော်လှန်ရေးနေ့ အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် ဆရာကြီးဦးဝင်းတင်က ပြောကြားလိုက်သည်။ ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော ၆၇နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားအရ မန္တလေးမြို့မာန် အောင်မြေမြို့နယ် ၄လမ်း ပေါ်ရှိ ရပ်ကွက်ကျေးရွာရုံး၌ မတ်လ ၂၇ ရက် နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။အခမ်းအနားသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီးဦးဝင်းတင် [...]


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကျန်ရှိနေသောမဲဆန္ဒနယ်မြေများအတွက် မဲဆွယ်စည်းရုံးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား မန္တလေး၊ ဧရာဝတီ၊ မကွေးတိုင်း​ဒေသကြီးများရှိ ကျေးရွာဒေသများသို့ NLDပါတီမှ ကိုယ်စားလှယ်များနှင့်​ပါတီဝင် အဆိုတော်များ၏ မန္တလေး​တံတားဦးမြို့နယ်ရှိကျေးရွာများ၌ မဲဆွယ်စည်းရုံးမှု အစီအစဉ်များနှင့်ပတ်သက်၍ တေးသံရှင် လင်းလင်းမှ မတ် ၂၃ ရက်တွင်​ပြောကြားခဲ့ပါသည်။ တံတားဦးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာသို့ NLDပါတီမှ ကိုယ်စားလှယ် ဦးဘိုဘို ဦးခေါင်းဆောင်၍ တေးသံရှင်လင်းလင်း  နှင့်အတူ မတ် ၁၆ ရက် နေ့တွင် ဖျော်ဖြေရေး သက်သက်မဟုတ်ပဲ မဲဆွယ်စည်းရုံးမှုများ [...]

ရှုံးရင်လည်း​​လက်ဆွဲနှုတ်ဆက်​​နိုင်အောင် ပြင်ဆင်ထားကြရန်​ဒေါ်အောင်ဆန်းစုကြည်မှ နှိုးဆော်
“ဘောလုံးပွဲလိုပါပဲ။ ပွဲပြီးလို့ ရှုံးသွားရင်တောင် နှစ်ဖက်ကစားသမားတွေ လက်ဆွဲ နှုတ်ဆက်ကြပါတယ်။ ရှုံးသွားတဲ့ လူကလည်း​​ နိုင်သွားတဲ့လူကို လက်ဆွဲ​နှုတ်ဆက်ကြတယ်။ အဲဒီလိုပါပဲ။ ကျမတို့ ရှုံးသွားရင်လည်း လက်ဆွဲနှုတ်ဆက်နိုင်အောင်ပြင်ဆင် ထားကြပါ [...]


“ဘာကြောင့် စစ်ပွဲ ဖြစ်နေလဲ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းလို့ဖြစ်ရတာ။ ကျွန်မတို့ ဒီဟာလည်း လုပ်တာ​လုပ်နေတာပဲ။ ဒါပေမဲ့ ရောဂါရဲ့ အရင်းအမြစ်ကို ရှာပြီးတော့ Conflict Resolution ကိစ္စကို Academic ဆန်ဆန်၊ နိုင်ငံတကာ အခင်းအကျင်း​ပုံစံမျိုးစုံနဲ့ အခြားနိုင်ငံမှာ ဘယ်လိုဖြေရှင်းကြ သလဲ​ဆိုတာကို​​လေ့လာပြီး ကျွန်မတို့ရောဂါရဲ့အရင်းအမြစ်ကို ရှာပြီး​တော့​ခြေခြေမြစ်မြစ်​ဖြေရှင်းဖို့​လိုနေပြီလို့ ကျွန်မ သတိပေးချင်တယ်။ မဟုတ်လို့ ရှိရင်တော့ ဒီကိစ္စ ဘယ်တော့မှပြီးမှာမဟုတ်ဘူး” [...]


ရန်ကုန်တောင်ပိုင်းခရိုင်ဝန်ဆောင်မှုဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းမှ အောင်ချမ်းသာအပိုင်း(၁)အိမ်ယာစီမံကိန်းကို သံလျင်တွင် ပထမအကြိမ် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန နှင့်ကုမ္ပဏီကိုးခုတွဲ၍ ဆောင်ရွက်လျက်ရှိသည် [...]


ဗေဒါအင်စတီကျူ့နိုင်ငံရေးသိပ္ပံကျောင်းသည် အမှတ်စဉ်(၁၁)အပြီး ကြားဖြတ်​ရွေးကောက်ပွဲကြောင့် ရပ်တန့်ထားသည်ဟု ကျောင်း၏ ဒါရိုက်တာ​ကိုမျိုးရန်နောင်သိန်းက​ပြောသည် [...]


IPAYကတ်ဆိုသည်မှာ ကြိုတင်ငွေဖြည့်သွင်းထားခြင်းဖြင့် ဘက်စုံသယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် အသုံးပြုနိုင်သော ကတ်ဖြစ်သည်။ ထိုကတ်ကို သုံးစွဲခြင်း အားဖြင့် သတ်မှတ်ယာဉ်စီးခအတိုင်းပေးချေနိုင်ခြင်း၊ ငွေထပ်မံဖြည့်သွင်း အသုံးပြုနိုင်ခြင်း၊ ငွေစက္ကူ ဆုံးရှုံးပျက်စီးမှုများ​မရှိခြင်း၊ ပေါ့ပါး၍ သယ်ဆောင်ရ လွယ်ကူခြင်း​စသော အကျိုး များရနိုင်သည် [...]


ကချင်ဒေသခံတို့၏ အထူးအရေးထားရာ မြစ်ဆုံဒေသပတ်ဝန်းကျင် မပျက်ယွင်းစေရန် အလွှာပေါင်းစုံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ သတင်းစာဆရာ၊ လူမှုရေးအဖွဲ့အစည်းမှ NGO များ ၂ဝဝ ခန့် စုပေါင်းပြီး သမ္မတထံအထူးပန်ကြား [...]


အမျိုးသားဒီမိုကရေစီပါတီသစ်ကိုယ်စားပြု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်သည် မတ် လ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီ မှစတင်၍ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးများ ပြုလုပ် [...]


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ပြည်ပငွေလွှဲတရားဝင် လုပ်ဆောင်ခွင့်လိုင်စင်ကို သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ် နှင့် ဧရာဝတီဘဏ်များသို့ ယမန်နှစ်ဒီဇင်ဘာ ၂၄ ရက်နေ့က ချပေးခဲ့ သည်။ ပြည်ပငွေလွှဲမှု၊  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဧရာဝတီဘဏ်သို့ မြန်မာအင်ဒီပဲန့်ဒင့် သတင်းဂျာနယ်က သွားရောက်မေးမြန်းခဲ့ရာ လက်ရှိ​ဘဏ်၏ ငွေလွှဲဝန်ဆောင် မှုတွင် မလေးရှားမှ မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုသာပေးနိုင်ကြောင်း၊ ငွေပို့ ပြီး ၂၄ နာရီနောက်ပိုင်းတွင် ထုတ်ယူ​နိုင်သည်ဟု ဧရာဝတီဘဏ်မှ [...]