April, 2012၊ သတင်းမှတ်တမ်းများ


နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ ကျဉ်း)၏ ဥပဒေရေးရာ ဆွေးနွေးပွဲတစ်ရပ်ကို ၂ဝ၁၂ ခုနှစ်၊ ဧပြီ ၂၉ က ဗဟန်းရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပရာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြထားသည့် အခန်း ၁ဝ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်း၊ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် ဇယား ၄ ပါ [...]

ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ   ခရီးစဉ်
အထီးကျန်နိုင်ငံအဖြစ် နှစ်ကာလကြာမြင့်စွာရပ်တည်ခဲ့သော မြန်မာနိုင်ငံသို့ နိုင်ငံတကာအဆင့်မြင့်အရာရှိကြီးများ တစ်ဖွဲဖွဲရောက်ရှိလာလျက် ရှိစဉ်အခိုက်တွင်၊ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr.Ban Kimoon သည်လည်း မြန်မာနိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအား စိုက်ဆောင်ရွက်ခဲ့သော အရပ်သားအစိုးရအဖွဲ့နှင့် ပါဝင်ဆွေ့ဆုံဆွေးနွေးရန်အတွက် ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာရာ၊ အစိုးရထိပ်တန်းအရာရှိကြီးများက လာရောက်ကြိုဆိုခဲ့ကြကြောင်း၊ ကုလသမဂ္ဂအဖွဲ့ပြန်ကြားရေးအရာရှိဦးအေးဝင်းက အတည်ပြုပြောကြားခဲ့သည်။ Mr.Ban Kimoon က မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများသို့ တံခါးပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ [...]

ညှင်းပမ်းစစ်ဆေးမှုကို ကာကွယ်ပြောကြားခဲ့သော CIA အကြီးအကဲဟောင်း
အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ခြင်းမရှိကြောင်း၊ ငြင်းဆိုသူ al Qaeder အကျဉ်းသားများအား စစ်မေးရာ၌ ညှင်းပမ်းနှိပ်စက်ရာရောက်သည်ဟု လူအချို့ကသတ်မှတ်ကြသော နည်းလမ်းများ အပါအဝင် အထူးစစ်ဆေးရေးနည်းလမ်းများသုံးစွဲစစ်ဆေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ နောင်တရရန် မရှိကြောင်း၊ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့၏ Clandestine Service ခေါ် ပဉ္စမံတပ်ဖွဲ့အကြီးအကဲဟောင်း  Jose Rodriguez က CBS သတင်းဌာနမှ Lesley Stahl နှင့်တွေ့ဆုံခန်းတွင် ထုတ်ဖော်ပြောကြားလိုက်သည်။ Rodriguez ပြောပြခဲ့သော စစ်ဆေးရေးနည်းလမ်းများတွင် waterboarding ခေါ် [...]

“NLD လွှတ်တော်ဝင်မည့်အတွက် စိတ်ပေါ့သွားသည် ” ဟု ဦးဝင်းထိန် ပြောကြား
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များသည် မေ လ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ ဧပြီလ ၃ဝ ရက်နေ့တွင် အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြေကြားပြီးနောက် ““ရွေးကောက်ပွဲပြီးတော့ မဲပေးတဲ့ ပုဂ္ဂိုလ်တွေက ဘာလို့ မတက်တာလဲ စိုးရိမ်တကြီး မေးလာတယ်။ သူတို့ နားလည်အောင် ရှင်းပြတယ်။ ရှင်းပြရတာ လက်ဝင်တယ်။ ခုတော့ တက်တော့မယ်ဆိုတော့ [...]

နိုင်ဂျီးရီးယားတက္ကသိုလ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၊ Kano မြို့ရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ လက်နက်ကိုင်လူတစ်စု က ဗုံးသေနတ်များသုံးစွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ မျက်မြင်တွေ့ရှိသူများနှင့် ရဲအဖွဲ့ဝင်များက အတည်ပြုပြောကြားခဲ့သည်။ Bayero တက္ကသိုလ် ကျောင်းပရဝုဏ်အတွင်းရှိ ခရစ်ယာန် ဘာသာဝင်များ ဝတ်ပြုရာနေရာတွင် သေဆုံးသူတို့ ရုပ်အလောင်းများ ပြန့်ကျဲကျန်ရစ်သည်။ ဗုံးရှင်းလင်းရေးအဖွဲ့နှင့် နိုင်ဂျီးရီးယားစစ်တပ်တို့က အဆိုပါလက်နက်ကိုင်တို့ကို လိုက်လံရှာဖွေလျက် ရှိသည်။မည်သည့်အဖွဲ့အစည်း  တစ်စုံတစ်ခုကမျှ၊ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ခံထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း၊ မကြာ သေးမီကာလများအတွင်းက [...]

မဟာအောင်မြေကျောက်မျက်ဈေးသူဈေးသားများနှင့် ၈၈ မျိုးဆက်တွေ့ဆုံခြိမ်းခြောက်မှုနှင့် ပြစ်ဒဏ်များအား ကြိုးစားတွန်းလှန်  ရန် လိုအပ်ကြောင်း မင်းကိုနိုင်ပြောကြား
မဟာအောင်မြေ ကျောက်မျက်ရတနာဈေး၊ ဈေးသူဈေးသားများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံပွဲကို မန္တလေးမြို့၊ ၄၁ လမ်း၊ ၇၈ လမ်းနှင့် ၇၉လမ်း ကြားရှိ နိုင်ငံရေးအင်အားစု တစ်ခု၏ နေအိမ်တွင် ယနေ့ နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ရာ ခြိမ်းခြောက်မှုနှင့်ပြစ် ဒဏ်များအား ကြိုးစားတွန်း လှန်ရန် လိုအပ်ကြောင်း၊ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦး ဖြစ်သူ မင်းကိုနိုင်ကပြော ကြားလိုက်သည်။ ယခုလပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်းဖြစ်ပေါ်နေသော [...]

ပြည်သူ့ဆန္ဒကို လိုက်လျောပြီး NLD လွှတ်တော် ဝင်တော့မည်
ဧပြီလ ၂၃ ရက်တွင် လွှတ်တော် မဝင်နိုင်ခဲ့သည့် NLDသည် ယခုလာမည့် မေလ ၂ ရက်နေ့တွင် ပြည်သူ့ ဆန္ဒကို လိုက်လျောသောအား ဖြင့် လွှတ်တော်ထဲသို့ ဝင်တော့မည်ဖြစ်ကြောင်း၊ ယနေ့ ဧပြီ ၃ဝရက် အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ [...]

“ Internet Connection က မိတ်ဆွေပါ၊ ရန်သူမဟုတ်ပါ” ဟု ဘလော့ဂါနေဘုန်းလတ် ဆို
ဧပြီ ၂၉ ရက် နေ့လည် ၂ နာရီ၊ ဗိုလ်အောင်ကျော်လမ်း အမှတ် ၅၈/၆ဝ တွင် ကျင်းပပြုလုပ်သွားသောMIDO ( Myanmar ICT Development Organization ) တွင် “ Internet Connection ” က မိတ်ဆွေတွေပါ၊ ရန်သူမဟုတ်ပါဘူး”” ဟု ယင်း အဖွဲ့ကို တည်ထောင်သူတစ်ဦး ဘလော့ဂါ နေဘုန်းလတ်က ပြောခဲ့သည်။ ယခုလက်ရှိ Internet Connection များ [...]

NLD ပါတီ လွှတ်တော်သို့ တက်ရောက်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ အသံ
၂ဝ၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy မေလ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ NLDပါတီသည် “ကာကွယ်စောင့်ရှောက်ပါမည် ” ဆိုသည့် ကျမ်းကျိန်လွှာပါ စာသားအား “လေးစားလိုက်နာပါမည် ”ဟု ပြောင်းလဲရန် အကြံပြုထားသည်။ ထိုသို့ အကြံပြုချက်နှင့် ပတ်သက် ပြီး NLD ပါတီ [...]


ကုန်သွယ်လုပ်ငန်းခွန် ကို ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်ပြီး အခွန်နှုန်းထားများ ပြောင်းလဲသတ်မှတ်ကာ ကောက်ခံခဲ့သော်လည်း ကုန်သွယ်လုပ်ငန်းခွန်ဆောင်မည့် လုပ်ငန်းရှင်များအတွက် အခက်အခဲများ များစွာရှိနေကြောင်း သိရပါသည်။ ကုန်သွယ်လုပ်ငန်းခွန်သည် ၁၉၉ဝ ပြည့်နှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ၁၉၉ဝ-၉၁ ဘဏ္ဍာရေးနှစ်က စတင်အကျိုးသက်ရောက်ခဲ့ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်သည် ထုတ်လုပ်ရောင်းရငွေ၊ ကုန် စည်တင်သွင်းမှု ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကောက်ခံသည့်အခွန်ငွေဖြစ်သည်။ အဆိုပါ ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး၊ ၅% မှ ၂၅%အထိ အခွန်ဆောင်စေရန် [...]