April, 2012၊ သတင်းမှတ်တမ်းများ

ပြည်တွင်းသယံဇာတများ ထိန်းသိမ်းနိုင်ရန် အခွန်စည်းကြပ်ခြင်းဖြင့် ဆောင်ရွက်နေ
သဘာဝပတ်ဝန်းကျင် ထိခိုက်စေခြင်းနှင့် သယံဇာတ ရှားပါးခြင်းများ ဖြစ်စေနိုင်သည့် ပစ္စည်းများ တင်ပို့ ရောင်းချခြင်းအပေါ် စည်းကြပ်ခွန်ကို ၂ဝ၁၂ ခုနှစ်၊ ဧပြီ လ ၁ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံခဲ့သည်။ ထိုသို့ တိုးမြှင့်ကောက်ခံခဲ့ခြင်းသည် ပြည်တွင်းသယံဇာတများ ရှားပါးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်အတွက်ဖြစ်ကြောင်း [...]

ဂျာမဏီက မြန်မာကို ကူညီရန်အသင့်ရှိနေကြောင်း ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီး Guido Wester Welle နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း၌ တွေ့ ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂျာမဏီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ကူညီမှုများပေးရန် အသင့်ရှိနေပါကြောင်း၊ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ [...]

NLD လွှတ်တော်သို့ ဝင်ပြီ
၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် ၄၃ဦးအနက် ပြည်ပသို့ ခရီးထွက်သွားသော ကိုယ်စားလှယ်များမှအပ ကျန်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ပါသည်။ [...]

မြန်မာ လူငယ်ထုအား အသွင်မျိုးစုံဖြင့် တိုက်ခိုက်​ နေသော မူးယစ်အန္တရာယ်
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချနိုင်ရေးအတွက် ပညာပေးဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးသုံးစွဲသူ အချို့မှာ အသက် ၁၅ နှစ် အောက်အရွယ် လူငယ်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်မြို့၊ ကျွန်းတောလမ်း ရှိ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) မှ ဒုဥက္ကဋ္ဌ ဦးသာထွန်းက ဧပြီလ ၂၇ ရက်နေ့ က မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်သော ATS ဆေးပြားများကို [...]


မြန်မာမွတ်ဆလင်အဖွဲ့ မှ ပထမဦးဆုံးအကြိမ်အဖြစ် သတင်းနှင့်စာနယ်ဇင်းသင်တန်း တက်ရောက်လိုသူများ ကို အခမဲ့သင်ကြားနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ယင်းအဖွဲ့မှတာဝန်ရှိသူ ကိုဇော်မင်းထွန်းက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ အဆိုပါ မြန်မာမူဆလင်အဖွဲ့နှင့် Capicity Development Institue of Myanmar (Tip Top)တို့ ပူးပေါင်း၍ မေလ ၁၄ ရက် နေ့တွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူ လူငယ်များသည် ရန်ကုန်မြို့ ၃၉ လမ်း၊ အမှတ်-၃၄၇(ဒုထပ်) [...]

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။ ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး [...]

စကားရပ်ကိစ္စသည် နိုင်ငံရေးပြဿနာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်​ ပြောကြား
၂ဝ၁၂ ခုနှစ်၊ ဧပြီ ၂၃ ရက် လွှတ်တော်သို့ NLDပါတီ မတက်ရောက်နိုင်ရခြင်း ကိစ္စရပ်မှာ နည်းနာဆိုင်ရာ ပြဿနာသာဖြစ်ပြီး နိုင်ငံရေးပြဿနာသို့ ရောက်ရှိမည် မဟုတ်ကြောင်း၊ ဧပြီ ၂၆ ရက် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အဆိုပါ ပြဿနာသည် ရိုးရှင်းသည့် နည်းနာဆိုင်ရာ ပြဿနာအဖြစ် ချဲ့ကားဖြစ်ပွားသွားမည်ကိုလည်း မလိုလားကြောင်း၊ NLDအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် အနေဖြင့်လည်း တိုင်းပြည်အတွက် [...]

အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ မြန်မာနိုင်ငံရှေ့ရေး တွေ့ဆုံဆွေးနွေးခဲ့
အီတလီနိုင်ငံခြားရေးဝန်ကြီး Guiliomaria Terzi နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်း အတွင်းတွင် တွေ့ဆုံခဲ့သည်။ [...]


ဗဟန်းမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင် စာကြည့်တိုက်ကဒ်ပြုလုပ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော စာအုပ်များ၊ ရှာဖွေရန်ခက်ခဲသော စာအုပ်အဟောင်းများ ကို ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်တာဝန်ခံ၏ ပြောကြားချက်အရ သိရ သည်။ စာကြည့်တိုက်အနေဖြင့် တသီးတသန့် ပြုလုပ်ထားသည်မဟုတ်သော်လည်း ကဒ်ပြုလုပ်ထားသူများကို ငှားရမ်းသွားမည် ဖြစ်သည်။ စာကြည့်တိုက်ကို မေလကုန်ခန့်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ ငှားရမ်းနိုင်ကြောင်း သိရသည်။ စာကြည့်တိုက်ကဒ် ပြုလုပ်ရန်အတွက် ငွေတစ်ထောင်ကျပ်နှင့် သက်ဆိုင်ရာမြို့နယ် NLDအဖွဲ့ဝင်တစ်ယောက်၏ ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။ [...]

Internet Society Myanmar Chapter ဖွဲ့စည်းမည်ဟု ရှင်းလင်းတင်ပြ
Internet Society ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မေလ ၂၇ ရက် နေ့တွင်ကျင်းပမည့် Internet Society Myanmar Chapter ဖွဲ့စည်းရန် အထိမ်းအမှတ် အခမ်းအနားအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၊ မြန်မာကွန်ပျူတာပညာရှင် အသင်းရုံးခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါအဖွဲ့အစည်းကို နေရာဒေသအလိုက်  Chapter အမည်များ ပေးရာတွင် Thailand Chapter ဖြင့်လည်းကောင်း၊ Singapore Chapter ဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ [...]