April, 2012၊ သတင်းမှတ်တမ်းများ

““ခွပ်ဒေါင်းတို့ ပျံလေပြီ””
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။ သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) [...]

အာမခံလုပ်ငန်းအချို့ကိုလည်း ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးပြီ
အာမခံလုပ်ငန်း အမျိုးမျိုးရှိသည့်အနက် လုပ်ငန်းအချို့ကို ကုမ္ပဏီနှင့် ကုမ္ပဏီ အစုအဖွဲ့များသို့ လုပ်ကိုင်ခွင့် ပေးတော့မည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်နေ့တွင် မြန်မာ့ အာမခံလုပ်ငန်းရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ [...]

ဒီ/ချုပ် ပါတီဝင် လေးဦး သြစတေးလျနိုင်ငံသို့ ထွက်ခွာ
အမျိုးသားဒီမိုကရေစီချုပ်မှ သြစတေးလျနိုင်ငံသို့ ပါတီဝင်လေးဦးကို ရက်တိုသင်တန်း စေလွှတ်လိုက်ပါသည်။ အဆိုပါ လေးဦးမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ဇေယျာသော်)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် တေးရေး တေးဆို ဦးလင်းလင်းတို့ လေးဦးဖြစ်ပြီး ၎င်းတို့သည် ယနေ့ နံနက် ဝ၉း၃ဝ နာရီတွင် မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားကြပါသည်။ [...]

မြန်မာပြည်သိန်းတန်၏ ထင်ပေါ်ကျော်ကြားခဲ့သော တေးသီချင်းများအား လူငယ်တေးသံရှင်များ သီဆိုယှဉ်ပြိုင်
ကောင်းဟိန်းကုမ္ပဏီလီမိတက်၏ စီစဉ်တင်ဆက်မှုဖြင့် အနာဂတ် မျိုးဆက်သစ်လူငယ် တေးသံရှင်များ ပေါ်ထွက်လာရေး အတွက် သံစဉ်လမ်းမှလင်းလက်ကြယ် သီချင်းဆိုပြိုင်ပွဲ၏ အထူးအစီအစဉ်အဖြစ် မြန်မာပြည်သိန်းတန်၏ ကျော်ကြားခဲ့သော တေးသီချင်းများသီဆိုယှဉ်ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် MICT Park ၌ ကျင်းပပြု လုပ်ခဲ့သည်။ ယင်းတေးသီချင်း သီဆိုမှုပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်ရွေးချယ်ထားသည့် တက်သစ်စလူငယ်တေးသံရှင် ၈ ဦးအား မြန်မာပြည်သိန်းတန်၏ ထင်ပေါ်ကျော်ကြားခဲ့သော တေးသီချင်းများအနက် ပရိတ်သတ် အကြိုက်နှစ်သက်ဆုံး [...]


အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့ အမျိုးသားအမွေအနှစ်နေရာများကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် တွေ့ဆုံဆွေးနွေးပြီး နောက် မြန်မာနိုင်ငံ အမျိုးသားပြတိုက်၊ စာကြည့်တိုက် နှင့် ရှေးဟောင်းသုတေသနဌာနမှ အဆိုပါစီမံကိန်းများ နှင့် သက်ဆိုင်သော သင်တန်းများ ဖွင့်လှစ်ပို့ချမည်ဟု ဧပြီ ၂၁ ရက်နေ့က သတင်းထုတ်ပြန်သည်။ ““အဓိက ကတော့ စီမံကိန်း ၁ အနေနဲ့ သင်တန်း ၃ ခု သင်ကြားပေးသွားမှာပါ။ ဒါပေမဲ့ သင်တန်းပေးမယ့် နေရာနဲ့ အချိန်တွေ ကတော့ အတိအကျ [...]


မြန်မာတစ်နိုင်ငံလုံးအနှံ့ သုံးစွဲနေသည့် ယခင် (တန်ဖိုးကြီး) ဂျီအက်အမ်မိုဘိုင်းဖုန်းများအား အသုံးပြုပြီး ငွေပေးချေရသော စနစ်မှကြိုတင်ငွေပေးချေသည့်စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ယခုအခါ မေလ(၁)ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပြောင်းလဲအသုံးပြုနိုင် ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှသတင်းထုတ်ပြန်ထားသည်။ အဆိုပါမေလ(၁)ရက်နေ့မှ စတင်ပြီး ပြောင်းလဲအသုံးပြုနိုင်သည့် (တန်ဖိုးကြီး) ဂျီအက်အမ်မိုဘိုင်းဖုန်းများမှာ ပြီးခဲ့တဲ့မတ်လ (၂) ရက်မှ ဧပြီလ (၁၅)ရက်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ထားသည့် sms အား yes ဟုနှိပ်ပြီး [...]

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမိသော မဖြန့်ချီရသေးသော ဇာတ်ကားများ
မြန်မာဗီဒီယို ကာဗာအဝိုင်းအတုပြုလုပ်ပြီး ဗီဒီယိုကားရောင်းချနေမှုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ ဥက္ကဌဦးလှမျိုးမှMIJ သို့ ပြောသည်။ ဧပြီလ ၂၄ ရက်နေ့တွင် ကျောက်တံတားမြို့နယ်၊ ဆူးလေတော်ဝင် ဂုံးကျော်တံတားအောက်၌ မြန်မာဗီဒီယို နေ့ထွက် ဇာတ်ကားများအား တရားမဝင်ရောင်းချနေကြောင်း သတင်းရရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ အဖွဲ့ဝင်များနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး အခွေများ ရောင်းချနေသူ ဉာဏ်ထွန်းကို [...]

မြန်မာ့ရုပ်ရှင်ဇာတ်ကားများ အရည်အသွေးမြင့်မားဖို့ ရုပ်ရှင်ရုံများ အဓိကလိုအပ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ပြောကြား
ယနေ့ မြန်မာ့ရုပ်ရှင် လောကတွင် ဇာတ်ကားများ အရည်အသွေး မြင့်မားလာစေရန် ဇာတ်ကားများပြသနိုင်မည့် ရုပ်ရှင်ရုံများ အဓိကလိုအပ်ကြောင်း၊ ၂ဝ၁၂ ဧပြီလမှ စ၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဖြစ်လာသူ ဦးဇင်ဝိုင်း မှ ရန်ကုန်မြို့၊ ဝင်္ကဘာလမ်း ရှိ ရုပ်ရှင်အစည်းအရုံးခန်းမ၌MIJနှင့် တွေ့ဆုံရာတွင်- ရုပ်ရှင်ရုံများ တိုးပွားလာစေရန် အကြောင်းရင်းများနှင့် ပတ်သက်၍““အရင်တစ်ချိန်တုန်းက ရုပ်ရှင်ရွှေခေတ်တုန်းကပေါ့နော်။ ဇာတ်ကားပေါင်း ၆ဝ၊ ၇ဝ ရိုက် ပြီး ရိုက်တဲ့ကားအားလုံးကို လူတွေကြည့်ရတယ်။ ထုတ်လုပ်တဲ့သူတွေလည်း တွက် ခြေကိုက်တယ်။ [...]

မီဒီယာ ဥပဒေရေးဆွဲခြင်းအတွက် အထောက်အကူပြုနိုင်မည့် အလုပ်ရုံဆွေးနွေး ကျင်းပ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် International Media Support တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ပုံနှိပ်မီဒီယာ အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မနက် ၉ နာရီတွင် ရန်ကုန် မြို့၊ ကန်တော်ကြီးပတ်လမ်း ရှိ Chatrium Hotel ၌ စတင် ကျင်းပသည်။ [...]

နာဂစ်ဒဏ် ခံလိုက်ရသော သစ်ပင်များမှ ပန်းပုရုပ်ပေါင်း မြောက်မြားစွာ ထွက်ရှိ
ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဆရာစံပလာဇာတွင်ရှိ သော ကောင်းမြန်မာကုမ္ပဏီ က နာဂစ်အပြီးတွင် ထုလုပ် ရောင်းချလျက်ရှိသော ပန်းပု များကို ပန်းပုဆရာပေါင်း ၂ဝဝ ကျော်ဖြင့် ထုဆစ်ရောင်း ချခဲ့ရာ အိမ်တွင်းအလှဆင်ရန် နှင့်ဟော်တယ်အဆောက်အဦ ကွင်းပြင်များတွင် ထားရှိရန် အတွက် ဝယ်ယူသူများရှိကြောင်း သိရှိရသည်။ အဆိုပါကုမ္ပဏီ၌ ပန်းပုလုပ်ငန်းတာဝန်ခံမှူး ဦးတင်ဦး က ပြောရာမှာ“မြန်မာနိုင်ငံမှာတင် မကဘူး၊ အာရှမှာပါ ဒီလိုအမြင့် ၂၄ ပေလောက်ရှိ ပြီး၊ ကုက္ကိုသားနဲ့ထုဆစ်ထားတဲ့ [...]