April, 2012၊ သတင်းမှတ်တမ်းများ

လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်ကြီး အတွင်း၌ ထည့်သွင်းမည့် ၃၁ ဘုံ သရုပ်ဖော်ပုံများနှင့်ယနေ့ထိ နိဗ္ဗာန်ဘုံအပြီးမသတ်သေး
ကမ္ဘာ့အကြီးဆုံး လေးကျွန်းစကြာရပ်တော်မူဘုရားကြီးအဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာ၊ ဗောဓိတထောင်ကျောင်းတိုက်ရှိ ဇီးဖြူတောင်(ဇမ္ဗူ တောင်)ပေါ်၌ တည်ရန် ၁၃၆၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်နေ့တွင် မဟာဗောဓိ တထောင်ဆရာတော်နှင့် သံဃာတော်အပါး(တစ်ထောင်) တို့ဖြင့် ဗုဒ္ဓဘိသေကအနေက ဇာတင်ခဲ့သော်လည်း ယနေ့ ထိနိဗ္ဗာန်ဘုံအပြီးမသတ်သေး ကြောင်းသိရသည်။ အဆိုပါ ရပ်တော်မှု ဘုရားကြီးအား ၃၁ ဘုံ၌ရှိ သော အဖြစ်အပျက်များဖြင့် တည်ထားတော်မူရာ ဘုရား အတွင်းပိုင်းတွင် လေးကျွန်း စကြာရပ်တော်မူသမိုင်း၊အဝိစိ ငရဲ၊မဟာတာပနာငရဲ၊တာပန [...]

အပူဒဏ်ကာကွယ်ရေး လိုက်နာကြရန် လိုအပ်ကြောင်း ဒေါက်တာစစ်နိုင်ပြောကြား
ယခုနှစ်သည် နေမှ ဖြာထွက်အပူများသောနှစ် (maximum sun spot year ) ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ နှိုးဆော်ထားသော အပူဒဏ်အန္တရာယ်ကာကွယ်ရေး အချက်များကို လိုက်နာကြရန်လိုကြောင်း မှ မြန်မာ နိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဒေါက်တာ စစ်နိုင်က MIJ သို့ ဧပြီလ ၂၄ ရက်နေ့က ပြောသည်။ [...]

မြန်မာရက်(ပ်)ပါ လွှတ်တော်အတွင်း နေရာရပြီ
အောင်မြင်နေသော မြန်မာဟစ်ဟော့ပ် ဂီတတေးသံရှင် ဇေယျာသော်ဟာ တစ်ကြိမ်တစ်ခါမျှ အိပ်မက်ပင် ယောင်လို့မမက်ဖူးတဲ့ အကြောင်းအရာတွေထဲမှာ လွှတ်တော်အထဲဝင်ရောက်ဖို့ ဆိုတာပါ သို့သော်လည်း ဇေယျာသော်ဟာ ယခုအခါ စစ်ဘက်လွှမ်းမိုးတဲ့ နေပြည်တော်ရဲ့ မဲဆန္ဒနယ် တစ်နယ်မှာ ပြည်သူ့လွှတ်တော် နေရာတစ်နေရာ ကိုယ်စားပြုခွင့်ရခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဟစ်ဟော့ပ်သီချင်းစုကို စတင်သီဆိုဖြန့်ချီခဲ့တဲ့ အက်ဆစ်အဖွဲ့ ထူထောင်သူများထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဇေယျာသော်ဟာ ၂ဝဝ၈ ခုနှစ် မှာ အကျဉ်းချခံခဲ့ရပါတယ်။ ထိုစဉ်က စစ်အစိုးရကတော့ ဇေယျာသော်ဟာ [...]

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံလာမည့် ခရီးစဉ် နှင့် နိုင်ငံရေးအလားအလာ”
လက်ရှိ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းဟာ လာမယ့် စနေနေ့၊ ဧပြီလ ၂၈ရက်နေ့ မှာ ရန်ကုန်မြို့သို့ ရောက်ရှိ မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူဒီရာထူးကို လက်ခံပြီးနောက် မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်လာမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ [...]

အစ္စရေးတို့ကို ကိုင်လှုပ်လိုက်သော အီဂျစ်တို့၏ ဆုံးဖြတ်ချက်
အစ္စရေးနိုင်ငံသို့ သဘာဝ ဓါတ်ငွေ့တင်ပို့ရောင်းချပေးနေသော အီဂျစ်တို့၏ Egyptian Natural Gas Holding Company အကြီးအကဲဖြစ်သူက အစ္စရေးတို့၏ပဋိညာဉ် ဖောက်ဖျက်မှုများကြောင့် သဘာဝဓါတ်ငွေ့ပေးပို့ရန် သဘောတူညီချက်စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အီဂျစ်နှင့် အစ္စရေးနှစ်နိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို မှေးမှိန်မှုန်ဝါးစေသည်ဟု အစ္စရေးတို့ကတုန့်ပြန်ခဲ့သည်။ အီဂျစ်သဘာဝဓါတ်ငွေ့ကုမ္ပဏီ၏ ထိပ်တန်းအရာရှိ Mohamed Shoeb က ဧပြီ လ ၂၁ရက်နေ့က ချမှတ်ခဲ့သော အဆိုပါ ဆုံးဖြတ်ချက်သည် [...]

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ၊ ဥရောပသမဂ္ဂကဆိုင်းငံ့
နိုင်ငံပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူ ဆောင်ရွက်ချက်များအနက် လက်နက်အရောင်းအဝယ်မှလွဲ၍ ကျန်ပိတ်ဆို့မှုများကို တစ်နှစ်တာဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ အဖွဲ့က ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များ တိုးတက်ဖြစ်ပေါ်နေသည့် အရှေ့တောင်အာရှ နိုင်ငံကို နောက်ပြန်မလှည့်ဖြစ်အောင် အထောက်အကူ ပြုလိုခြင်းဖြစ်သည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားဝါဒ အကြီးအကဲ Catherine Ashton က ထုတ်ဖော် ပြောကြားခဲ့သည့် အပြင် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သူကိုယ်တိုင် သွားရောက်ဦးမည်လည်း [...]

ပါကစ္စတန်-အမေရိကန် အပြန်အလှန်ပစ်ခတ်မှုများ
အမေရိကန်တပ်ဖွဲ့ဝင်များသည်ပါကစ္စတန်ပိုင်နက် အတွင်းမှ ပစ်ခတ်မှုများကို တုန့်ပြန်သည့်အနေဖြင့် ၁ဝ လခန့်ကာလအတွင်း အနည်းဆုံးလေးကြိမ်မျှ ပါကစ္စတန်ပိုင်နက်ဘက်သို့ ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း CNN သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ ပါသည်။ အဆိုပါထုတ်ဖော်ပြောကြားချက်သည် ယမန်နှစ်က အာဖဂန်-ပါကစ္စတန်နယ်စပ် ဒေသအတွင်းဖြစ်ပွားခဲ့သော NATO တပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါကစ္စတန်စစ်သည် ၂၄ ဦး သေဆုံးခဲ့ရမှုကြောင့် တင်းမာနေခဲ့သော အမေရိကန်-ပါကစ္စတန်ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံ၊ Waziristan ပြည်နယ်တွင်းရှိ တာလီဘန်အုပ်စုနှင့် အာဖဂန် စစ်သွေးကြွအုပ်စု၊ Haqqani ကွန်ယက်တို့ကို နယ်စပ်ဒေသ [...]

ပြင်သစ်ရွေးကောက်ပွဲနှင့် သမိုင်းတွင်မည့်အပြောင်းအလဲ
ဧပြီလ ၂၂ ရက်နေ့က ကျင်းပခဲ့သော ပြင်သစ်သမ္မတရွေးကောက်ပွဲပထမအဆင့်တွင် ဆိုရှယ်လစ်ပါတီသမ္မတလောင်း Francois Hollande ကမဲဆန္ဒအရေအတွက် စုစုပေါင်း၏ ၂၈.၈%ရရှိကာ လက်ရှိသမ္မတ Nicolas Sarcozy ကို အနိုင်ရရှိခဲ့သဖြင့် ပြင်သစ်တို့အတွက် သမိုင်းတွင်မည့်အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်စေခဲ့ပေသည်။ လက်ရှိ သမ္မတ Nicolas Sarcozy က ၂၇.၈%သာရရှိ ခဲ့ပြီး၊ ဒုတိယလိုက်ကာ လက်ယာအစွန်းရောက် National Front ပါတီသမ္မတလောင်း Marine Le Pen က ၁၈%အထိ [...]

တောင်ဆူဒန်နယ်စပ်မြို့ များကို ဆူဒန်တို့ 	လေကြောင်းမှတိုက်ခိုက်
ဆူဒန် ဂျက်တိုက်လေယာဉ်နှစ်စင်းက တောင်ဆူဒန် ၏ Bentiu နှင့် Rubkona မြို့နှစ်မြို့အား ဧပြီလ ၂၃ရက် နေ့၊ နံနက်ပိုင်းတွင် စီးနင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ၏ မေတ္တာရပ်ခံချက်အရ အငြင်းပွားရေနံဒေသ Heglig မှ တောင်ဆူဒန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် Bentiu နှင့် Rubkona မြို့နှစ်မြို့ကို လေကြောင်းမှ တိုက်ခိုက်သော  သတင်းများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆူဒန်ပိုင်နက်နှင့်မြစ် တစ်စင်းသာခြားသောအဆိုပါ  နယ်စပ်မြို့နှစ်မြို့ကို ဂျက် [...]

တန်ဖိုးနည်း နှစ်သိန်းတန် လိုင်းကတ်များ ယခုအချိန်ထိ အသုံးပြုခွင့်မရ ကြိုတင်ရောင်းချခဲ့သည့် ဆိုင်များအားအရေးယူပေးရန် တိုင်ကြားမည်
မန္တလေးမှာ ဧပြီလ ၉ ရက်နေ့ ဖုန်းလိုင်းမဖွင့်မီ ကြိုတင်ရောင်းချပေးခဲ့သည့် တန်ဖိုးနည်းနှစ်သိန်းတန် လိုင်းကတ်များသည် ယခုအချိန်အထိ လိုင်းအသုံးပြုခွင့်မရသေးသဖြင့် ဝယ်ယူထားသူ များမှကိုယ်စားလှယ်ရောင်းချပေးခဲ့သည့် ဆိုင်များအား အရေးယူပေးပါရန် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားမှုများ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ မန္တလေးတိုင်း ဒေသကြီးအတွက်ချထားပေးမည့် တန်ဖိုးနည်းနှစ်သိန်းတန် လိုင်းကတ်များအားတရားဝင် ဖွင့်ပေးမည့်ရက် မတိုင်မီ ဧပြီလ အစောပိုင်းကတည်းက ကြိုတင်ရောင်းချပေးခဲ့ရာ ယခုအချိန်အထိ အဆိုပါ ကြိုတင်ဝယ်ယူထားသည့် လိုင်းကတ်များသည် အသုံးပြုခွင့်မရသေးကြောင်း သိရသည်။ “ဧပြီလ အစောပိုင်းကစပြီး အပြိုင်အဆိုင်ကြော်ငြာ [...]