May, 2012၊ သတင်းမှတ်တမ်းများ

မြန်မာ အင်ဒီပဲန်ဒင့် သတင်းထောက် သင်တန်းဆင်းပွဲ ကျင်းပပြီးစီး
မြန်မာ အင်ဒီပဲန်ဒင့် သတင်းဂျာနယ်မှ မျိုးဆက်သစ် သတင်းသမားများအား ပြုစု ပျိုးထောင်၍ သတင်းထောက် သင်တန်းဆင်းပွဲ နှင့် အလုပ် ခန့်အပ်ခြင်းကို ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင် မေလ ၃ဝ ရက်နေ့၊ ညနေ ၅ နာရီတွင် ကျင်းပ ပြီးစီးခဲ့သည်။ [...]

လယ်သမားများသည် စက်မှုဇုန် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်
ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ အိုးအိမ် ဦးစီးဌာနရုံးရှေ့တွင် အနော်ရထာစက်မှုဇုန် အသုံးပြုခွင့်နှင့် စပ်လျဉ်းသည့် တောင်းဆိုမှုတစ်ခုကို ယနေ့ မနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ကြောင်း တောင်းဆိုမှုပြုနေသူ ဦးဝင်းချိုက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

မြန်မာ အင်ဒီပဲန်ဒင့် သတင်းဂျာနယ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် မိတ်ဆက်ခြင်းနှင့် သတင်းထောက်များ သင်တန်းဆင်းပွဲ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ ၌ ယနေ့ နေ့လည် ၂ နာရီမှ စတင်ကာ ကျင်းပလျက်ရှိသည်။ [...]

ပြည်သူလူထုထံ မှတ်ကျောက်အတင်ခံရန် မြန်မာအင်ဒီပဲန်ဒင့် သတင်းထောက်များ သင်တန်းဆင်းပြီ
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့သော အင်ဒီပဲန်ဒင့်ဂျာနယ်သည် မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြည်သူလူထုထံ မှတ်ကျောက်အတင်ခံရန် အလုပ်သင်သတင်းထောက်များ သင်တန်းဆင်းပွဲနှင့် ဂျာနယ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။ [...]

အုပ်ချုပ်သူနှင့် ပြည်သူကြားမှာ ဥပဒေစိုးမိုးရေးဖြင့် ထိန်းညှိရန်လိုအပ်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆို
လတ်တလောဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများသည် နိုင်ငံသားတို့၏ အကျပ်အတည်း များအပေါ် တုံ့ပြန်မှု ဖြစ်ပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့ကြား တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ခြင်းဖြင့် ထိုကဲ့ သို့သော တုံ့ပြန်မှုများ ပိုမိုအေးချမ်းသွားနိုင်သည်ဟု လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မေ ၂၇ ရက်နေ့တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ [...]


မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန် ခရောင်းသံရည်ကျို သံမဏိစက်ရုံ အလုပ်သမား ၄ဝဝ ကျော်ကို ယနေ့ မေလ ၂၆ ရက်နေ့တွင် စက်ရုံမှူးက အလုပ်မှထုတ်ပယ်လိုက်ကြောင်း ကြေညာစာကို ယင်းစက်ရုံ၏ Notice Board တွင် ကပ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသူများထဲတွင် ပါဝင်သူ ကိုဟန်စိုးက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ [...]


အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ၂၄ နှစ်ကြာမှ ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီးစဉ်များ သွားရောက်မည် ဖြစ်ပြီး၊ ယခု မေလ တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် World Economic Forum East Asia ကမ္ဘာ့စီးပွားရေး ညီလာခံသို့ အရင်ဆုံး တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။ [...]

လျှပ်စစ်မီး အား အကြောင်းပြု၍ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံကြပြီ
လျှပ်စစ်မီးဖြန့်ဖြူးရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်၊ နေ့လယ် ၂ နာရီအချိန်က တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်လာသူ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်အသီးသီးတို့ ဝေဖန် အကြံပြုချက်များအား တင်ပြခဲ့ကြသည်။ [...]

ဓာတ်အားပေးစက် ၃၈ လုံး ထပ်မံဝယ်ယူ၍ နိုင်ငံတစ်ဝှမ်း ဓာတ်အားပိုမိုဖြည့်ဆည်း
ဓာတ်အားပြတ်တောက်မှု များသည့်နေရာများတွင် ညအချိန်မီး လျှပ်စစ်မီး(ဥပမာ လမ်းမီး)ရရှိရေး အတွက် လက်ရှိဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားပေးစက်များအပြင် ရန်ကုန်မြို့တွင် ၅ဝဝ ကေဗွီအေ စက် ၂ဝ လုံး၊ ပြည်မြို့တွင် ဓာတ်အားပေးစက် ၅ လုံး၊ မုံရွာမြို့တွင် ၁ဝဝ ကေဗွီအေ ဓာတ်အားပေးစက် ၂ လုံးဖြင့် ဓာတ်အားထုတ်ပေးမှု ပိုမိုဖြည့်ဆည်းပေးလျက်ရှိကြောင်း [...]

မန္တလေးမြို့ တောင်သမန်အင်း စောင်းမှာ ပလတ်စတစ် ကောက်ကြမည်
ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်သည့် အားလျော်စွာ သဘာဝချစ်သူကွန်ရက်(မန္တလေး)အနေဖြင့် တောင်သမန် အင်းပတ်ဝန်းကျင်တစ်ဝိုက်တွင် ပလတ်စတစ် ဆန့်ကျင်ရေး လှုပ်ရှားမှုအစီအစဉ်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်မည် [...]