May, 2012၊ သတင်းမှတ်တမ်းများ


ရန်ကုန်တိုင်း၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်ရှိလယ်မြေများသည်​​​ နိုင်ငံတော် စီမံကိန်း အတွက် ၁၉၈၅ ခုနှစ်၌ သိမ်းယူခဲ့သော်လည်း စက်ရုံ တည်ဆောက်ခြင်း မရှိသည့် မြေနှင့်စက်ရုံ လည်ပတ်မှု ရပ်ဆိုင်းခဲ့​သော မြေများတွင် လယ်သမားများ ပြန်လည်လုပ်ကိုင်ခဲ့ရာ ယခုနှစ်တွင် သက်ဆိုင်ရာမှ ပုဂ္ဂလိကသို့ လွှဲပြောင်းမည် ဆိုသောကြောင့် လယ်သမားများ ဆုံးရှုံးနစ်နာမှု များစွာအတွက် နိုင်ငံတ်ာသမ္မတကြီးနှင့် ဌာနဆိုင်ရာ အသီးသီးသို့ တင်ပြထားသည် [...]

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည် ဘန်ကောက်ဖိုရမ် တက်ရောက်မည်
လာမည့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဟု ​ ​ ဘန်ကောက်ပို့စ်သတင်းတွင်​​ ဖော်ပြထားသည်။ ယခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။ [...]

ကျော်သူ၏ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံ ပန်းချီပြပွဲ နယူးယောက်တွင် ကျင်းပ
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ရုပ်ရှင်သရုပ်ဆောင် ကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း၊ ရန်ကုန်)၏ အနုပညာလက်ရာ ​ များကို ​နယူးယောက်မြို့တွင် မေလ ၂၅ ရက်နေ့မှ စတင်ကာ ၂၇ ရက်နေ့ထိ ပြုလုပ်ကြောင်း သိရှိရပါသည်။ [...]

ဆိုက်ရောက်ဗီဇာကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ  ​လေဆိပ် တစ်ခုတည်းတွင်သာ ထုတ်ပေးမည်
ဆိုက်ရောက်ဗီဇာနှစ်မျိုးဖြစ်သည့် လုပ်ငန်းဗီဇာနှင့် ပြည်ဝင် ဗီဇာများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယခုနှစ် ဇွန် လ ၁ ရက်နေ့မှ စတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ [...]

ရန်ကုန်မြို့နေ ပြည်သူများ မီးရရှိရေး တောင်းဆိုကြပြီ
၂ဝ၁၂ ခုနှစ်၊ မေ ၂၂ ည ၇ နာရီခန့်က ရန်ကုန်မြို့၊ မြို့တော် ခန်းမအနီးနှင့် ဆူးလေစေတီရှေ့တွင် တစ်နိုင်ငံလုံး မီးပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့နေ ပြည်သူ​​ထောင်ပေါင်းများစွာက ဖယောင်းတိုင်မီးများ ထွန်း၍ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ [...]

အိန္ဒိယ ရေပိုင်နက်အတွင်း ပင်လယ်မျှော့ ဖမ်းဆီးပါက ပြင်းထန်သည့် ပြစ်ဒဏ် ပေးမည်
မြန်မာနိုင်ငံ၏ ရေလုပ်သားများ အိန္ဒိယ ရေပိုင်နက်အတွင်း ပင်လယ်မျှော့ (Sea Cucumber) များအား ဖမ်းဆီးခြင်း မပြုရန်၊ ဖမ်းဆီးခြင်း ပြုလုပ်ပါက အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ပြင်းထန်သည့် ပြစ်ဒဏ်ပေးအပ်ခံရမည် [...]


ဒီမိုကရက်တစ်မြန်မာ့အသံက မေလ ၁၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ည ၈ နာရီသတင်းတွင် ထုတ်လွှင့် ခဲ့သော ဂေါပက ၅ ဦး မြေကြီး ရောင်းစားသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း မြန်မာ နိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ သိက္ခာတော်ရဆရာတော် မန်းစံသိန်းထွန်းက မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ [...]


အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်း၌ မီးများ မကြာခဏ ပြတ်လပ်နေရခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား မေတ္တာရပ်ခံခြင်းတစ်ရပ်ကို မေလ ၂၂ ရက် နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ဖော်ပြထားကြောင်း တွေ့ရှိရသည်။ [...]

ဇွန်လတွင် ဗိုလ်ချုပ်ရုပ်ရှင် အတွက် သရုပ်ဆောင်များ လူတွေ့ ရွေးချယ်မည်
ဗိုလ်ချုပ်အောင်ဆန်း​ နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ၈၈ဦးနှင့်​ ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန်​​​ လျှောက်ထားသူ အမျိုးသမီး ၄၆ ဦးအား ဇွန်လတွင် လူတွေ့ စစ်ဆေးမည်ဟု ဗိုလ်ချုပ်ဆောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ မေလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ [...]

မတရားမှုများကို ပြည်သူ့လွှတ်တော်သို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီ
ဝန်ကြီးဌာနများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုင်ကြားစာများကို ကာယကံရှင်ကိုယ်တိုင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ““ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီရုံး”” ရန်ကုန်တိုင်းဒေသ ကြီးမှ တစ်ဆင့် ““ပြည်သူ့လွှတ်တော်””သို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးသာဝင်းက ယခုလ ၂၂ ရက်နေ့တွင် MIJ သို့ ပြောသည်။ [...]