May, 2012၊ သတင်းမှတ်တမ်းများ


မေလ ၂၃ ရက် နံနက် ၁ဝးဝဝ နာရီ၌ ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice Weekly ဂျာနယ်တို့၏ အမှုမှ အဆိုပါ သတင်းရေးသားသူ၏အမည်ကို ဖော်ထုတ်ပေးရန်နှင့် ပတ်သက်၍ ရုံးတော်မှ ပလပ်လိုက်ကြောင်း သတင်းရရှိသည်။ [...]

အသက်မပြည့်သေးသူတစ်ဦး ယာဉ်မောင်းနှင်ရာမှ အက်စီးဒင့်ဖြစ်ပွား
ယနေ့ည ၁ဝ နာရီ ခန့် အချိန်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် အသက် ၁၅ နှစ်အရွယ် ၁ဝတန်းကျောင်းသားတစ်ဦး မောင်းနှင်လာသော စူပါရုဖ် အမျိုးအစား အဖြူရောင် ၅ဂ/၈၂၇၂ သည် လမ်းထပ်ပိုးလွှာ ပြုပြင်ရန် အသုံးပြုသည့် ရပ်ထားသော (vibration roller) လမ်းကြိတ်စက်အား ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းနှင့် အဖော်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း သိရှိရပါသည်။ [...]

လုံခြုံရေး အကြောင်းပြု၍ ပိတ်ပင်မှု မလုပ်စေလိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
၂ဝ၁၂ ခုနှစ်၊ မေ ၂၁ ရက် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အန်အယ်လ်ဒီ ရုံးခန်းဖွင့်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ““နိုင်ငံရေးဟာ အန္တရာယ်များတယ်လို့ ထင်တဲ့သူတွေလည်း ထင်ပါတယ်။ နိုင်ငံရေးလုပ်တာ အန္တရာယ်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမလုပ်ရင် ပိုပြီး အန္တရာယ်ရှိ စေနိုင်တယ်””ဟု ထည့်သွင်း ပြောကြားခဲ့သည်။ [...]


ထိုင်းနိုင်ငံ ဖန်ငခရိုင်၌ ကိုးရက်ကြာ သွားရောက် ရိုက်ကူးခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဘဝနှင့်ပတ်သက်သည့် ဗီဒီယိုဇာတ်ကားအား မကြာမီ ပရိသတ်ရှေ့မှောက်သို့ ရောက်လာတော့မည်ဟု စီစဉ်သူ ဇာဂနာမှ ပြောကြားခဲ့သည်။ [...]


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထွေထွေအတွင်းရေးမှုး ဒေါက်တာလဂျာနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့နှင့်တွေ့ဆုံ [...]

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးကြပြီ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ယနေ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးရာ အစိုးရဘက်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့် ရှမ်းပြည်နယ်မှ စစ်တိုင်းမှူး ၃ ယောက် ပါဝင်တက်ရောက်ခဲ့ပြီး ထိပ်တန်း စစ်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။ [...]

စာကျက်လိုသူများ၏ ဆန္ဒထုတ်ဖော်သံ
မန္တလေးမြို့၌ ယခုနှစ် နွေရာသီမှ စတင်၍ လျှပ်စစ်မီးရရှိမှု လျော့နည်းလာရာမှ သင်္ကြန်ကာလအပြီးတွင် အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိလာသဖြင့် မန္တလေးမြို့သူမြို့သားများ စုပေါင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခုကို မေလ ၂ဝ ရက်နေ့ ည (၇) နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။ [...]

မုတ်သုံဝင်ရောက်မှု မညီညွတ်၍ ရာသီဥတု ဖောက်ပြန်
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကပ္ပလီပင်လယ်ပြင်တို့တွင် မေလ ၁၈ ရက်က မုတ်သုံ စတင် ဝင် ရောက်မှုသည် ယခင်ထက် ၂ ပတ်ခန့် နောက်ကျခဲ့ကြောင်း ပြောသည်။ ထိုနောက်ကျမှုသည် ၅ ရက် ဆက်တိုက် မုတ်သုံမိုး ရွာသွန်းမည်ဖြစ်ပြီး မိုးခြိမ်းခြင်းများ မတွေ့ရခြင်းကြောင့် မုတ်သုံဟု မသတ်မှတ်နိုင်သေးကြောင်း ဒေါက်တာဦးထွန်းလွင်က ပြောကြားခဲ့သည်။ [...]

မန္တလေးမြို့မှာ သောက်သုံးရေအတွက် ပူစရာမလို၊ ငွေရှိလျှင် ရေရှိမည်
ယခုနှစ်၊ မေလအတွင်း မန္တလေးမြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းကြောင့် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရရာ မီးသတ်ဦးစီးဌာနက ကားတစ်စီးလျှင် ငွေသုံးသောင်းကျပ်နှုန်းဖြင့် လိုက်လံ ရောင်းချပေးနေရကြောင်း သိရှိရသည်။ [...]

နယူးဇီလန်မှ ပရော်ဖက်ဆာ ဒေါက်တာမာရီလင်းဝေါ်ရင်း ဟောပြောပွဲ ကျင်းပ
နယူးဇီလန်နိုင်ငံ အောက်ကလန်းရှိ အေယူတီတက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒ၏ ပါမောက္ခတစ်ဦးဖြစ်သော ဒေါက်တာမာရီလင်း ဝေါ်ရင်း၏ ပါရာဒိုင်းကြီးထွားမှုကို နားလည်ခြင်း၊ အီကိုလော်ဂျီကို စောင့်ရှောက်ရေးနှင့် အနာဂတ် မြန်မာပြည်အကြောင်း ဟောပြောဆွေးနွေးပွဲကို ၂ဝ၁၂ ခုနှစ်၊ မေ ၁၉ တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ စက်မှုကုန်သည်အသင်းချုပ် ခန်းမတွင် ကျင်းပခဲ့သည်။ [...]