June, 2012၊ သတင်းမှတ်တမ်းများ

ဗီယက်နမ်စစ်မှ နပမ်းဗုံး လောင်ကျွမ်းခံ မိန်းကလေး၏ ဓာတ်ပုံလေး တစ်ပုံ နှစ်လေးဆယ် တိုင်ခဲ့ပြီ
တောင်နှင့်မြောက် ဗီယက်နမ်တပ်ဖွဲ့များက သူတို့ရွာကလေးကို ထိန်းချုပ်ရန် တိုက်ခိုက်နေသည့် အချိန်ဖြစ်သည်။ ခေါင်းပေါ်တွင် မြည်ဟိန်းသံကြီး တစ်သံကို မိန်းကလေးငယ် ကြားလိုက်၏။ အပေါ်ကို မော့ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ တောင်ဗီယက်နမ် တိုက်လေယာဉ် က သူ့ဆီ ထိုးစိုက်ဆင်းလာသည်။ ကြက်ဥများ တစ်လုံးပေါ်တစ်လုံး ကျွမ်းထိုးမှောက်ခုံကျသလို ဗုံးများ ကျလာသည်။ [...]

ဥရောပခရီးစဉ်အပြီး ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဥရောပခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ထိုင်းလေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ယနေ့ ဇွန် ၃ဝ နံနက်၁ဝနာရီ ၄၅မိနစ်တွင် ရောက်ရှိလာခဲ့ရာ ထောင်ပေါင်း များစွာသော ပြည်သူများက တခဲနက် ကြိုဆိုခဲ့ကြပါသည်။ [...]


လွတ်လပ်မှုဟူသည် အတိုင်းအတာရှိ၏လော ဟု မေးခွန်းထုတ်မည် ဆိုလျှင် ရှိသည်ဟု ဖြေရပေမည်။ လွတ်လပ်မှုသည် အချုပ်အနှောင် ကင်းခြင်း၊ အမှီအခို ရှင်းခြင်း၊ အကူအညီမလိုခြင်း၊ အထောက်အပံ့ မရှိခြင်း၊ အတားအဆီးကင်းမဲ့ခြင်း စသဖြင့် အနက်များကို ဆောင်သော်လည်း တာဝန်ယူမှု မရှိသော လွတ်လပ်မှုသည် လည်းကောင်း၊ အခြား တစ်ပါး၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ထိပါးသော လွတ်လပ်မှုသည်လည်းကောင်း စစ်မှန်သော လွတ်လပ်မှု မဖြစ်နိုင်ချေ။ ထို့ကြောင့် လူ့အဖွဲ့အစည်းကြီးတွင် မှီတင်းနေထိုင်ကြသော လူတစ် [...]

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၄)
အဲဒီအချိန်မှာ မိုက်ကယ့်အနေနဲ့ လူငယ်ပညာရှင် လောက်ပဲ ဖြစ်နေတာမို့ ဝင်ငွေက တသမတ်တည်း မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေ အတော်လေး ခက်ခဲခဲ့ပါတယ်။ စုက “နိုရီကိုရေ၊ ဆယ်ပေါင်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ် ရမလဲဟင်”လို့ မေးလာတဲ့အခါတိုင်း ကျွန်မမှာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။ ဒီလိုအခါမျိုးမှာ စုအကြိုက် ဂျပန်တန်ပူရာ အကြော်တွေ၊ စုကီယာကီတွေ လုပ်စားဖြစ်ကြပါတယ်။ [...]

ခေတ်တစ်ခေတ်က တက္ကသိုလ် ကျောင်းသားဘဝကို သိစေဖို့ လွမ်းစိမ့်ဇာတ်ကားကို ရိုက်ကူးကြောင်း ဒါရိုက်တာ ချိုတူးဇော် ပြောကြား
လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလက ရိုက်ကူးထားခဲ့ပြီး ယခုနှစ် ဇူလိုင်လဆန်းတွင်မှ ဖြန့်ချိခွင့်ရသော လွမ်းစိမ့် ဇာတ်ကားသည် ယင်းတို့ခေတ်က ဖြတ်သန်းခဲ့ရသော တက္ကသိုလ် ကျောင်းသားဘဝကို လူငယ် ပရိသတ်များ သိရှိစေဖို့ ရိုက်ကူးခဲ့ကြောင်း ဒါရိုက်တာ ချိုတူးဇော်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ [...]

ပြည်သူလူထုကို အခြေပြုသည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဖော်ဆောင်နေသော သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ခရီးစဉ်ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်၊ ၁၅ ရက်တွင် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် သမ္မတဦးသိန်းစိန် သွားရောက်မည် ဖြစ်ကြောင်း The Daily Star Bangladesh သတင်းစာမှ ဖော်ပြချက်အရ သိရှိရသည်။ [...]

မန်နီ ပက်ကွီယိုသာ အနိုင်ရထိုက်ကြောင်း ကမ္ဘာ့လက်ဝှေ့အဖွဲ့က ထုတ်ပြန် ကြေညာ
အမေရိကန်ပြည်ထောင်စု Las Vegas မြို့၊ MGM Grand တွင် ဇွန် ၁ဝ ရက်က ကျင်းပခဲ့သော ကမ္ဘာ့လက်ဝှေ့အဖွဲ့(World Bozing Orgainzation) ၏ ဝယ်လ်တာ ဝိတ်တန်း သရဖူလုပွဲတွင် လက်ရှိ ချန်ပီယံ ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Paccquiao အား စိန်ခေါ်သူ အမေရိကန်လက်ဝှေ့ကျော် Timothy Bradley က အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အားကစားလောက အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကာ [...]

ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာဂီးရတ် အာဆင်နယ်သို့ ပြောင်းရွှေ့
ပြင်သစ်ဘောလုံးအသင်း ရှေ့တန်းတိုက်စစ်မှူး Olivier Giroud က ယခုသီတင်းပတ်အတွင်း လန်ဒန်သို့ လာရောက်ကာ အာဆင်နယ် ဘောလုံးအသင်းသို့ စတာလင်ပေါင် ၁၂ သန်းတန် ပြောင်းရွှေ့မှုကို အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငါးနှစ်သက်တမ်း စာချုပ်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ [...]

ဖျော်ဖြေပွဲများတွင် သာယာမနေ စေလိုကြောင်း ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောကြား
ဆရာဆိုတာ အကြောင်းအရာ အချက်အလက် ကိန်းတွေ၊ ဂဏန်းတွေ၊ စေ့စေ့စုံစုံကို ရွတ်အံပြပြီး ကျောင်းသားတွေဆီကို ကူးပြောင်း ပို့ပေးနေတဲ့သူ မဟုတ်ပါဘူး။ ဒီလိုအခြေ ဒီလိုအဆင့်မှာ ဉာဏ်ထိုင်း တုံးစေတဲ့ ဘေးဆိုး အန္တရာယ်ပဲလို့ ကျွန်မမြင်ပါတယ်။ ပညာဆိုတာ သိမှတ်ပြီး ကျက်ထားစရာ အချက်အလက် တွေချည်း မဟုတ်ပါဘူး။ လုပ်တတ်စရာ (Skills)နဲ့ အတွေးအခေါ် ရင့်ကျက်လာစရာ လေ့ကျင့်ခန်းနဲ့ အတွေ့အကြုံတွေ ပေးဖို့ရာလည်း ပါတယ်။ ဒီတော့ ဆရာဆိုသူ တစ်ယောက်ရဲ့တာဝန်က [...]

ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် မြန်မာဖက်ရှင် ဒီဇိုင်နာများ ကြိုးပမ်း၊ ဆယ်ကျော်သက်များ ပိုမိုစိတ်ဝင်စား
၂၁ ရာစုဆယ်ကျော်သက်များအတွင်း ခေတ်ပေါ် ဖက်ရှင်များ တွင်တွင်ကျယ်ကျယ် စိတ်ဝင်တစား ရှိခဲ့ရာ မြန်မာ့ဒီဇိုင်း ပညာရှင်များအနေဖြင့် မြန်မာမှု ဖက်ရှင်များကို ခေတ်နှင့်အညီ ထုတ်လုပ် ဖန်တီးနေကြပြီ ဖြစ်သည်။ [...]