June, 2012၊ သတင်းမှတ်တမ်းများ

၂ဝ၁၃ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်နေမှုများကို အားကစားအဖွဲ့ချုပ်များက ပြောကြား
လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်နေမှုများကို စက်ဘီးအဖွဲ့ချုပ်နှင့် ရေကူးအဖွဲ့ချုပ် တာဝန်ရှိသူများက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ [...]

သမိုင်းဝင်မိန့်ခွန်း
နိုင်ငံသားများနဲ့ လူ့အခွင့်အရေးကို ဖွင့်ဆိုထားတဲ့ ကြေညာစာတမ်းပါ၊ အဲဒီထဲမှာ ““လူသားအားလုံးသည် တူညီသော အခွင့်အရေးများဖြင့် လွတ်လပ်စွာ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် လူတိုင်းတွင် အမြဲတစေ လွတ်လပ်မှု ရှိရမည်။ အခွင့်အရေးတန်းတူ ရှိရမည်””လို့ ပါရှိပါတယ်။ [...]

ဂရိတ်ဦးဘိုးစိန် ဂုဏ်ပြုအစီအစဉ် တွေးကြည့်မှ မြင်ရမည့် အပြင်အဆင်များဖြင့် တင်ဆက်
ဇွန်လ ၂၃/၂၄ ညနေ ၆ နာရီ တွင် အမျိုးသားကဇာတ်ရုံ၌ ကပြ ဖျော်ဖြေခဲ့သော ဇာတ်သဘင်လောက၏ ဥသျှောင်ဖြစ်သည့် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃ဝ ပြည့် ဂုဏ်ပြုဖျော်ဖြေပွဲသည် ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင်များ သာမက ပရိသတ်များ တွေးကြည့်မှသာ မြင်ရမည့် အပြင်အဆင်များစွာ ပါဝင်ကြောင်း အဆိုပါ ပွဲ၏အဓိက ဖန်တီးတင်ဆက်သူ ဇာတ်မင်းသား မိုးမင်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ [...]

မြန်မာနိုင်ငံတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ စတုတ္ထအကြိမ် ကျင်းပမည်
မြန်မာနိုင်ငံ၌ စတုတ္ထအကြိမ်မြောက် ကျင်းပမည့် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲကို ဇူလိုင်လ ၁ ရက်တွင် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (U.C.S.Y) ၌ ဖြေဆိုရမည် ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

“Truvada” (ထရူဗာဒါ) ဆေးသည် ခုခံအား ကျဆင်းသည့်ရောဂါ အတွက် ကာကွယ်ဆေး မဟုတ်ပါ။
ယူဂန်ဒါနိုင်ငံမှ သိပ္ပံပညာရှင်များက “ခုခံအား ကျဆင်းသည့်ရောဂါ အတွက် ကာကွယ်ဆေးတွေ့ရှိပြီ“ ဟူသော ထုတ်ပြန်ချက်ကို အတည်မပြုဘဲ ငြင်းဆိုလိုက်သည်။ [...]


ဗြိတိသျှကောင်စီနှင့် EL TeCS မြန်မာတို့မှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာဆရာ၊ ဆရာမများအတွက် နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ ELT Conference for Teachers of English ကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်၊ စနေနှင့် ၁၂ ရက် တနင်္ဂနွေ တို့တွင် ဆီဒိုးနား ဟိုတယ်၊ ရန်ကုန်မြို့၌ ၁၃ ကြိမ်မြောက် ကျင်းပမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။ [...]


ရန်ကုန်၊ ဇွန် ၂ဝ၊ ၂ဝ၁၂ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှအစ္စရေးနိုင်ငံတွင် ကျင်းပမည့် အလုပ်သင် စိုက်ပျိုးရေးသင်တန်းသို့ တက်ရောက်နိုင်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။ အဆိုပါ သင်တန်းမှာ အစ္စရေးနိုင်ငံသို့ သွားရောက် တက်ရောက်ရမည် ဖြစ်ပြီး အစ္စရေးနိုင်ငံ၏ International Center for Agriculture Interns in Israel Ltd(GRANOD Group)မှ ကြီးမှူး၍ အောက်တိုဘာမှစ၍ ၁၁ လကြာ သင်ကြားပေးမည် ဖြစ်သည်။ [...]

မက်ဟက်တန်ရှိ ပန်းချီအနုပညာပြခန်းမှ ဒါလီ့ ပန်းချီကားတစ်ချပ် အခိုးခံရ
နယူးယောက်မြို့ မက်ဟက်တန် အထက် အရှေ့ပိုင်းအရပ်ရှိ Venus Over Manhattan ပန်းချီအနုပညာပြခန်းမှ Salvador Dali ရေးဆွဲထားသော Cartel de Don Juan Tenorio အမည်ရှိ ပန်းချီကားကို အမျိုးသားတစ်ဦးမှ ဇွန် ၁၉ ရက်က ခိုးယူသွားခဲ့ကြောင်း ရေးသားထားပါသည်။ [...]

ကိုရီးယားသင်္ဘော M.V YUJIN ACE တွင် မြန်မာသင်္ဘောသား တစ်ဦး ပျောက်ဆုံးမှု ဖြစ်ပွား
မြန်မာသင်္ဘောသား ၁၅ ဦး လိုက်ပါ တာဝန်ထမ်းဆောင် နေသည့် ကိုရီးယား ကုမ္ပဏီပိုင် M.V YUJIN ACE အမည်ရှိ ပင်လယ်ကူး သင်္ဘောပေါ်တွင် မြန်မာ သင်္ဘောသား မောင်အောင်ကိုကိုဇင်သည် လွန်ခဲ့သော မေ ၂၉ ရက်မှ စတင် ပျောက်ဆုံးနေကြောင်း ယင်း၏ မိဘများက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

ပါတီအသံ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)”
ရှေ့လွှတ်တော်မှာ ၃ မျိုးလောက် တင်ဖို့ရှိတယ်။ လွှတ်တော်မတင်ခင် ပြောရင် သူတို့က အလွန်အကဲဆတ်လွန်းတော့ အန်ကယ်တို့ မပြောရဲတာ မဟုတ်ဘူး။ အခုမူကြမ်း ရေးနေတယ်။ ၃ ခုမှာ ၂ ခုကတော့ အသေအချာ တင်ဖြစ်မယ်။ ၃ ခုဖြစ်ချင် လည်း ဖြစ်သွားမယ်။ ခေါင်းစဉ်တွေနဲ့ ပတ်သက်ရင် အန်ကယ် ပြောနိုင်ပါတယ်။ ပထမတစ်ခုကတော့ အန်ကယ်ပြောနိုင်တာ ပြောပါ့မယ်။ လွှတ်တော်ကဘယ်နေ့ စမယ် ဘယ်နေ့ဆုံးမယ် ဆိုတာ၊ ၁ နှစ်မှာ [...]