June, 2012၊ သတင်းမှတ်တမ်းများ


မြန်မာအင်ဒီပဲန်ဒင့်၏ လွတ်လပ်သော ဟူသည့် အင်ဒီပဲန်ဒင့် စကားလုံးအပေါ် ခံယူချက်ကို စာဖတ်သူများအား အသိပေးလိုပါသည်။ လွတ်လပ်သော မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်သည် မည်သည့် ပြင်ပဖိအား၊ တွန်းအားတစ်စုံတစ်ရာ ကိုမျှ လက်ခံမည် မဟုတ်ဘဲ မိမိတို့၏မူ၊ ခံယူချက်များ အတိုင်း လွတ်လပ်သော စတုတ္ထမဏ္ဍိုင် အကိုင်းအခက်တစ်ခုအဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။ မည်သည့် မက်လုံးများ ကြောင့်မျှလည်း စာဖတ်ပရိသတ်အတွက် အကျိုးမရှိမည့် အလုပ်များကို လုပ်မည်မဟုတ်သကဲ့သို့ မည်သည့် ခြောက်လုံးများ [...]

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၂)
.....၁၉၅၇ ခုနှစ်မှာတော့ စုက အင်္ဂလိပ်မက်သဒစ် ကျောင်းမှာ အလယ်တန်း တက်နေခဲ့ပါပြီ။ စုက အင်မတန် တိတ်ဆိတ်တဲ့ ကျောင်းသူလေးဖြစ်ကာ အမြဲတမ်း တစ်ယောက်တည်း စာပဲဖတ်နေတယ် လို့ စာအုပ်တိုင်းလိုလိုမှာ ရေးကြပါတယ်။ မှန်ပါတယ်။ စာအုပ်တွေဟာ စုအတွက် အကောင်းဆုံးမိတ်ဆွေဆိုတာ အရင်ကရော အခုထိပါ မပြောင်းမလဲ မှန်နေတာပါ။ [...]

“ဟိုဘက်ကမ်းက မြန်မာနိုင်ငံ” စာမူပြိုင်ပွဲ ကျင်းပမည်
စာမူပြိုင်ပွဲ အဓိကအကြောင်းအရာက ခရီးသွားလာရေး (Tourism)ပေါ့။ နိုင်ငံဖွံ့ဖြိုးလာတာနဲ့အမျှ တိုးရစ်ဇင်ဆိုတာက ဖြစ်လာတော့မှာလေ၊ အဲဒါနဲ့ တစ်ပြိုင်နက် ကောင်းတာကော ဆိုးတာကော ရှိတယ်။ နိုင်ငံခြားသားနဲ့ ဆက်ဆံတဲ့အခါ တစ်ချို့က သူတို့ကို အထင်ကြီးတာ ရှိတော့ အဲဒီအပေါ်မှာ ခံစားရတာ၊ တစ်ချို့က နိုင်ငံခြားသားတွေ မြန်မာနိုင်ငံအပေါ်မှာ မြင်တဲ့အမြင် အဲဒါတွေကို ဇာတ်လမ်းအနေနဲ့ ရေးလို့ရသလို အက်ဆေးအနေနဲ့ ရေးပြီး ယှဉ်ပြိုင်လို့ရပါတယ်... [...]

ဒုက္ခသည်စခန်းထဲမှ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ပေါ်ထွက်
ဗန်းမော်ခရိုင်အတွင်း (ဗန်းမော်၊ မိုးမောက်၊ မံစီ ၊ ရွှေကူ)၄ မြို့နယ်၊ မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ၁၈.၅.၂ဝ၁၂ အထိ စာရင်းအရ ဒုက္ခသည် အိမ်ထောင်စု ၁၉၄၆ စုနှင့် ဒုက္ခသည် ၇၃၃၇ ယောက်ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသူ၊ ကျောင်းသား ၂၃၇၅ ယောက်ရှိသည့် အနက် ရိုးကြီးရွာ ဒုက္ခသည်စခန်းမှ မချိုချိုဝင်းက အခြေခံပညာ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား [...]

လူထုစိန်ဝင်း၏ ဈာပနသို့အဖွဲ့အစည်းအသီးသီးက တက်ရောက်
သတင်းစာဆရာကြီး လူထုစိန်ဝင်း(ခ)ဝင်းဇော်၏ ဈာပနကို ရေဝေးသုဿန်တွင် ဇွန် ၁၉ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ စာပေနှင့် စာနယ်ဇင်း နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် စာပေဝါသနာရှင်များစွာတို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြသည်။ [...]

နှစ် ၅ဝ ပြည့် ဇူလိုင် ၇ ရက် အရေးတော်ပုံနေ့​​ အောက်မေ့ဖွယ် အခမ်းအနား မန်းမြေမှာ ထူးခြားလေးနက်စွာ ကျင်းပနိုင်ရန် စီစဉ်
အာဏာရှင် အစိုးရလက်ထက် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုတွင် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ကျောင်းသား/သူ၊ ပြည်သူများအား အောက်မေ့သတိရသည့် အထိမ်းအမှတ်အဖြင့် ယခုနှစ် ဇူလိုင် ၇ ရက်တွင် ခမ်းခမ်းနားနား ကျင်းပရန်အတွက် ကြိုတင်လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း [...]

မြန်မာနိုင်ငံသားတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်မည့် ၂ဝ၁၂ ဝသန် ရုပ်ရှင်ပွဲတော်
ဒုတိယအကြိမ် ဝသန်ရုပ်ရှင်ပွဲတော် ၂ဝ၁၂ ခုနှစ်ကို တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတွင် စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဝသန်ရုပ်ရှင်ပွဲတော် စီစဉ်သူများထံက သိရသည်။ [...]

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၁)
... သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော် အပေါက်လေး ဖြစ်ပြီးပေါင်သားအချို့ ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထုအပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ် ... [...]

ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
... လူတစ်ယောက်ရဲ့​ နောက်ဆုံးအချိန်မှာ သူချစ်တဲ့၊ သူခင်တဲ့ အထူးသဖြင့် မိသားစုကိုတော့ တွေ့ချင်မှာ မလွဲပါဘူး။ ကျွန်တော့် ဦးလေးကတော့ အခြေအနေ မကောင်းတော့တဲ့ အချိန်မှာ ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့ခဲ့ပေမယ့် မိသားစုကိုတော့ အကြောင်းကြား မပေးခဲ့တာ အခုအချိန်ထိ အသည်းနာစရာ ​ ကောင်းလှပါတယ်။ ... [...]

ဒီးဒုတ်ဦးဘချိုနာမည်ဖြင့် လူငယ်ကွန်ရက် ဖွဲ့စည်း
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ လူငယ်ကွန်ရက်ကို စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း၊ ယင်းကွန်ရက် ဥက္ကဋ္ဌ ကိုဖိုးထူးက ဇွန် ၇ ရက်တွင် မီဒီယာ အချို့သို့ ပြောသည်။ [...]