July, 2012၊ သတင်းမှတ်တမ်းများ

ဧရာဝတီမြစ်ကြီးနှင့် ပြဿနာများ
ဧရာဝတီ ကျန်းမာရေးချို့တဲ့လာမှုတွင် မူလ ရေ အရင်းအမြစ် ဖြစ်သော ကချင် ပြည်နယ် မြောက် ပိုင်း ရေခဲတောင် များ အားလျော့လာခြင်းမှ စတင် စဉ်းစား ရမည် ဖြစ်သည်။ ရေခဲတောင်များ အားလျော့လာသည် ဆိုသော်လည်း အဆိုးဝါးဆုံး အခြေအနေ မဟုတ်သေးပေ။ ဆိုးဝါးလာသော အခြေအနေက မေခနှင့် မလိခ မြစ်ကြောင်းများဘေးရှိ ရေဝေရေလဲ ကုန်းမြေနှင့် သစ်တောများ ပါးလျားလာမှု ကိစ္စဖြစ်သည်။ [...]

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်ပြီး ယနေ့ နေ့လည် ၁ နာရီ အချိန်က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ လည်းကောင်း၊ နယ်စပ် စည်ပင်ဝန်ကြီး ဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ် ဘူးသီးတောင် [...]

သတင်းလူသား “ပလေးဘွိုင် သန်းနိုင်”
စတီရီယို ဂီတလောကမှာ ဒရမ်တီးကောင်းရုံမက၊ ဒရမ်တီးခတ်ပုံ လှပလို့ ကျော်ကြားခဲ့ပြီး သူတည်ထောင် တဲ့ ပလေးဘွိုင် တီးဝိုင်း ဟာလည်း နှစ်ပေါင်း ၂ဝ ဝန်းကျင်အထိ ထိပ်တန်း တေးဂီတဝိုင်း တစ်ဝိုင်းအနေနဲ့ မြန်မာနိုင်ငံအနှံ့ Music Concert တွေ လှည့်လည် တီးခတ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၈ ကနေ ၁၉၇၃-၄ ဝန်းကျင်အထိ စတီရီယို သီချင်း၊ တိပ်ခွေတွေကို နာမည် တိတိကျကျ တပ်လေ့မရှိလို့ ပလေးဘွိုင် သန်းနိုင်ရဲ့ [...]

ဘားအံ ရေကြီး
သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၉၄ စင်တီမီတာထက် ကျော်လွန်လာသောကြောင့် ဇူလိုင် ၂၉ ရက်မှ စ၍ သက်ဆိုင်ရာမှ ကယ်ဆယ်ရေး စခန်း ၆ ခုဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများကို စတင် လက်ခံ နေရာချထားပေးလျှက် ရှိသည်။ထိုစခန်း ၆ ခုအနက် ပရဟိတ္တ လူငယ် ဖွံ့ဖြိုးရေးကျောင်း သည် အကြီးဆုးံ ဖြစ်ပြီး အိမ်ထောင်စု ၅၆ ခု ၊ လူဦးရေ၂၈၆ ဦးအား ကူညီစောင့်ရှောက်လျှက် ရှိပြီး [...]

မြန်မာပုံရိပ်မှ စာသားသို့ ပြောင်းလဲဖတ်ရှုစနစ် စမ်းသပ်အဆင့် ယခုနှစ်အတွင်း ထုတ်ဝေမည်
ပုံရိပ်ဖမ်းစက် (Scanner) မှ ရရှိလာသော ပုံရိပ်များသည် မူရင်းပုံနှိပ်စာများ၏ ပုံရိပ်သာ ဖြစ်သောကြောင့် ကွန်ပျူတာမှ ပြုပြင်ခြင်းနှင့် အသုံးချခြင်း တို့ကိုလည်း မပြုလုပ်နိုင်ပါ။ ပုံရိပ်မှ စာသားသို့ ပြောင်းလဲဖတ်ရှု စနစ်သည် ပုံနှိပ်စာများကို ကွန်ပျူတာဖြင့် ပြန်လည်ပြုပြင်နိုင်ခြင်းနှင့် အသုံးပြုနိုင်သော စာသားများ အဖြစ်သို့ ပြောင်းလဲပေးနိုင်သဖြင့် မည်သည့် စာရွက်စာတမ်းကိုမဆို အစအဆုံး ပြန်လည်ရိုက်ရန် မလိုဘဲ စာသားများအဖြစ် တိုက်ရိုက် အသုံးပြုနိုင်သည် [...]


ကမ်းလွန်လုပ်ကွက်များသည် ယခင်က နိုင်ငံစုံ ရေနံ ကုမ္ပဏီများ တစ်ကြိမ် တစ်ခါမျှ လုပ်ကိုင်ဆောင် ရွက်ဖူးခြင်း မရှိသေးသော လုပ်ကွက်သစ်များ ဖြစ်ကြပြီး ရင်းနှီးမြှုပ်နှံလိုသူ ကုမ္ပဏီများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ တိုက်ရိုက် ညှိနှိုင်းမှုဖြင့် ပေးအပ်သွားမည် ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက စီမံကိန်း တစ်ရပ်တိုင်းတွင် ၁၅% မှ ၂၅% အထိ အစုရှယ်ယာ ပါဝင်မည် ဖြစ်သည်။ [...]

စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်း စုကြည် သွားရောက်ရန် စီစဉ်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် စက်တင်ဘာ ၂၁ ရက်၌ နယူးယောက်မြို့တွင် အတ္တလန္တိတ်ကောင်စီ (Atlantic Council)မှ အမြော်အမြင် ကြီးမားသည့် ကမ္ဘာ့ခေါင်းဆောင်များ ကို အသိအမှတ်ပြုပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု(Global Citizen Award)ကို လက်ခံရန် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်ကြောင်း အေပီသတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။ သို့သော် ခရီး အစီအစဉ်အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပါ။ [...]

ကချင်တွင် ငြိမ်းချမ်းရေး နောက်ဆုံး အဆင့် ဆွေးနွေးရန် ရှိသော် လည်း ဆွေးနွေးမည့် နေရာ မရသေး
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ကိုယ်တိုင်လည်း သူကိုယ်တိုင် လုံခြုံရေးမပါဘဲနဲ့ ကချင်ဒေသ မိုင်ဂျာယာန်ကို သွားနေ ပြီးတော့ ဆွေးနွေးခဲ့တယ် ဆိုတာလည်း သိရတယ်။ ဒါပေမယ့် အခု သိရတာက ဆွေးနွေးပွဲ လုပ်ဖို့ နေရာရွေး နေတယ်လို့ သိရတယ်။ အခု အခြေအနေမှာ ဘယ်လိုပုဂ္ဂိုလ်တွေက နေရာ ရွေးနေကြလဲ။ ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်နေသလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အများပြည်သူ ကောင်းဖို့ ကျွန်တော်တို့ လုပ်နေတာပါ။ ကချင်ပြည်နယ် [...]

လွှတ်တော်အတွင်း ဥပဒေပြုမှု အတွက် ကျွမ်းကျင်သော ပညာရှင်များလိုအပ်
လွှတ်တော်အတွင်း၌ ဥပဒေပြုရေးအတွက် အမတ်များနှင့် သာမက နယ်ပယ် အလိုက် ကျွမ်းကျင်သော ပညာရှင်များလည်း ပါဝင်ရန် လိုအပ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ [...]

ရုရှားတွင် အင်တာနက် အရက်ကြော်ငြာများကို ပိတ်ပင်
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားဘာသာသုံး အင်တာနက် နှင့် ပုံနှိပ်မီဒီယာတွင် အရက်၊ အဖျော် ယမကာများ ကြော်ငြာခြင်းအား တားမြစ် ပိတ်ပင်သော ဥပဒေတစ်ခုကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း “ကရင်မလင်”က ပြောဆိုသည်။ အင်တာနက်တွင် အရက် ကြော်ငြာများ တားမြစ် ပိတ်ပင်မှုမှာ ဤဥပဒေ တရားဝင် ထုတ်ဝေဖြန့်ချိသည့် နေ့ရက်ကစ၍ အာဏာတည်သည်။ [...]