July, 2012၊ သတင်းမှတ်တမ်းများ

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၈)
၁၉၄၇ ခုနှစ် ဇန်နဝါရီမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်ကိုလာပြီး ဗြိတိသျှနန်းရင်းဝန်ချုပ် ကလီမန့် အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေး အတွက် စာချုပ် လာချုပ်ကြတော့ မသန်းဧကလည်း လန်ဒန်မှာရှိနေခဲ့ ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းက ဗိုလ်ချုပ်တို့ တည်းခိုတဲ့ ဟော်တယ်ကို သွားတွေ့ခဲ့တာပါ။ အန်တီမသန်းဧက သူ့အနေနဲ့ ပင်ပန်းနေတဲ့ ဗိုလ်ချုပ်ကို မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေပေးချင် ခဲ့တယ်လို့ ကျွန်မကိုပြောပြဖူးပါတယ်။ [...]

HIV ကူးစက်ခံ ကလေးငယ်များအတွက် မန္တလေး စာပေ အဝန်းအဝိုင်းက ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါး ကုသရန် ဆေးစစ်မှုများ ကို Union မှ မေတ္တာဖြင့် အခမဲ့ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ART ဆေးဝါး လိုအပ်သော ကလေးများကိုလည်း အခမဲ့ ဆေးတိုက်ကျွေး ကုသပေးသည်။ အာဟာရ အနေဖြင့် သီးသန့် စားဖိုမှူး ထားရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစာအဟာရများကို စီမံချက်ပြုတ် ကျွေးသည်။ ပညာရေး ကဏ္ဍတွင်လည်း ကလေးငယ်များအား အသက်အရွယ်အလိုက် ကျောင်း အပ်နှံပေးထားပြီး ဂေဟာတွင် စေတနာ့ဝန်ထမ်း [...]

တောင်ပြုန်းပွဲ လေလံဈေးနှုန်းကြောင့် နယ်လှည့် ဆယ့်နှစ်ပွဲ ဈေးသည်များ အခက်ကြုံ
(ဆယ့်နှစ်ပွဲဈေး)ခေါ် နယ်လှည့်ဈေးသည်များ အနေဖြင့် နှစ်စဉ်နွှဲပျော်နေကျ မင်းနှစ်ပါးပွဲတော်တွင် ယခုနှစ် လေလံဈေးနှုန်း အဆမတန် ကြီးမြင့်မှုကြောင့် ပါဝင်နိုင်တော့မည် မဟုတ်ကြောင်း မင်းကြီးမင်းလေးထက် လေလံဈေးနှုန်းအား ပိုကြောက်နေ ကြရကြောင်း ဇူလိုင် ၂ဝ ရက်က မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ပြောပါသည်။ [...]

ကားများ အကြောင်း
ယခုအခါ ကားအို၊ ကားဟောင်းများ နောက်ဆုံး(ပ)(ဗ)စသဖြင့် အစိုးရဌာနသို့ အပ်နှံလိုက်သော အခါ နိုင်ငံတော်မှ ဖျက်ဆီး၍ အရည်ကျိုပစ်မည် ဟု ကြေညာသဖြင့် သိရှိရပါသည်။ ဤကိစ္စကို စေတနာ ထား၍ နိုင်ငံတော် မနစ်နာသင့်သည်ကို မနစ်နာစေရန် အကြံပြု ဆွေးနွေးလိုပါသည်။ ကားဟောင်းများထဲတွင် (၁) အမှန်တကယ် ဖျက်သိမ်း၍ အရည်ကျိုသင့်သော ကားအို၊ ကားဟောင်းများ၊ (၂) လုံးဝ ဖျက်စီးရန် မသင့်တော်သော ကားအို၊ ကားဟောင်းများ ဟူ၍ [...]

မြန်မာကို ပိတ်ဆို့ထားသည့် ကြားက HSBC ဘဏ်လုပ်ငန်း လက်တစ်လုံးခြား အလုပ်ခံရ
ဘဏ်၏ စိစစ်ရေးဆော့(ဖ်)ဝဲက “Burmese” ဆိုသည်ကို မြန်မာ၏ အခြားအမည် တစ်ခုဖြစ်သည့် “Burma”နှင့် ဆက်နွယ်မှန်း ဖမ်းမိသိရှိခြင်း မရှိခဲ့။ အခြားတစ်ခုတွင် စိစစ်ရေးကိရိယာက “Myanmar” ဆိုသော စာလုံးမှာ “Myanmar” နိုင်ငံကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း ခွဲခြားဖော်ထုတ် မပြခဲ့ကြောင်း၊ ဆီးနိတ် အစီရင်ခံစာတွင် ပါဝင်သော HSBC ၏ အီးမေး(လ်)အရ သိရသည်။ [...]

ကာတာ လေကြောင်း ပျံသန်းခွင့်ရ
နိုင်ငံတကာ လေကြောင်းလိုင်းများမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် တရားဝင်လျှောက်ထားသည့် ကာတာအဲဝေး ( Qutar Airways)ကို ပျံသန်းခွင့် ပြုလိုက်ပြီ ဖြစ်သောကြောင့် ယခုနှစ် အောက်တိုဘာတွင် စတင်ပျံသန်း ပြေးဆွဲတော့မည် ဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ယခုလ ၂၃ ရက်တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

အသီးတစ်ရာမှ အညှာတစ်ခုသို့ တမ်းတခြင်း ဂန္တဝင် ဂီတဖျော်ဖြေပွဲကြီး ကျင်းပခဲ့
ယင်းဂီတဖျော်ဖြေပွဲကြီးတွင် တေးသံရှင်များဖြစ်ကြသော ရာဇာဝင်းတင့်၊ သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရန်ပိုင်စိုး၊ ဗညားဟန်၊ ဖိုးသောကြာ၊ ကောင်းသန့်ဟိန်း၊ မိုးကျော်လှိုင်၊ မိုးသက်နိုင်၊ စိုးထက်၊ တော်ဝင် ကိုကိုထွေး၊ ကိုကြည်စိုး၊ ချိုပြုံး၊ ရီရီသန့်၊ နှင်းရည်သန့်၊ စိုးစန္ဒာထွန်း၊ ရွှေရည်သိန်းတန်၊ ပန်းအိဖြူ၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ အိအိချွန်နှင့် အိအိမွန်တို့က ဂန္တဝင် တေးသံရှင် တွံတေးသိန်းတန်၏ တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲ့ကြသည်။ [...]

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊မြန်မာ ခံစားမှုကို အဓိက ချဉ်းကပ်သော မှတ်တမ်းရုပ်ရှင် တစ်ခု ရိုက်ကူးလျက်ရှိ
အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံး သိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာလုံးက မသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။ [...]

အမှတ် (၁၁)၊ ဇူလိုင်လ (၂၆) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၁၁)

ဇူလိုင်လ (၂၆) ရက်၊ (၂ဝ၁၂) ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ဒုတိယ ဝါဆိုလဆန်း ၈ ရက်) [...]

ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ ကျင်းပမည်
ပုံနှိပ်မီဒီယာဘက်မှ ပါဝင်ဆွေးနွေးရန် ပြင်ဆင်နေသည့် စာရေး ဆရာမ ခင်ဆုမြတ်ထွန်းအား မြန်မာ အင်ဒီပဲန်ဒင့်မှ တွေ့ဆုံ မေးမြန်းရာ “အရင်ဆုံး ပုံနှိပ် မီဒီယာဘက်က အားသာတဲ့အချက်တွေကို ရွေးချယ် ထားတယ်။ နိုင်ငံတကာနဲ့ မစဉ်းစားဘဲနဲ့ ကိုယ့်နိုင်ငံအတွင်းက အကြောင်းတွေကိုပဲ ဦးစားပေး ပြောမယ်လို့ စဉ်းစားထားတယ်။ ကျွန်မက သတင်းသမားလည်း ဖြစ်တော့ သတင်းသမားတွေ ဘက်ကနေ အချက်အလက်တွေ ရှာဖွေထားပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ [...]