July, 2012၊ သတင်းမှတ်တမ်းများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အခမ်းအနား ကျင်းပခဲ့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၈၇၅ ခုနှစ်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ မောင်လွမ်းမောင်ဖြစ်သည်။ ဆရာကြီး ၁ဝ နှစ်သားအရွယ်တွင် မန္တလေး၊ နေပြည်တော်၊ မြတောင် ကျောင်းတိုက်၌ ပညာသင်နေစဉ် သီပေါမင်း အင်္ဂလိပ်လက်ပါ သွားပုံကို ဝမ်းနည်းကြေကွဲစွာ မျက်ဝါး ထင်ထင် မြင်ခဲ့ရသည်။ အသက် ၁၉ နှစ်တွင် ရန်ကုန်မြို့ ဇမ္ဗူကျက်သရေ ပုံနှိပ်တိုက်တွင် စာပြင်ဆရာ အဖြစ်လုပ်ခဲ့ပြီး ရွှေတောင်ဆရာလွမ်း [...]

ဧရာဝတီမြစ်ကြီး မည်ကဲ့သို့ ဖြစ်နေသနည်း
စစ်ကိုင်းတောင်ပေါ်မှ မြင်ရသော ဧရာဝတီ၏ မြင်ကွင်း ပြောင်းလဲမှုနှင့် ပတ်သက်၍လည်း GBP အဖွဲ့ဝင် စစ်ကိုင်းသူတစ်ဦးက ““စစ်ကိုင်းတောင်ပေါ်ကနေ ဧရာဝတီမြစ်ကို ကြည့်ပြီး အပန်းဖြေရတာ၊ အခုဆိုရင် ဧရာဝတီမြစ်ကို မြင်ရတဲ့ မြင်ကွင်းက တဖြည်းဖြည်း ဝေး ဝေးလာတယ်။ သောင်တွေ ထွန်းနေတာလည်း အများကြီးပဲ။ ဧရာဝတီ မြစ်ကြီး ဘယ်လောက်ကျဉ်း သွားသလဲဆိုရင် ဟိုဘက်ကမ်း ဒီဘက်ကမ်းကို စကားတောင် လှမ်းပြောလို့ရတယ်” ဟု ယင်းက ကိုယ်တွေ့မြင်ကွင်းကို ပြောပြသည်။ [...]

Barcamp X ပြုလုပ်မည်
Barcamp X ကို ရန်ကုန်မြို့၌ သြဂုတ် ၃ ရက်မှ ၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါပွဲတွင် Education Camp, Data Camp နှင့် Health Camp ဆိုသည့် Camp ၃ မျိုးကို ထည့်သွင်းသွားမည်ဟု ဆက်လက် သိရသည်။ [...]


နယူတန်၏ နိယာမအရ အရာဝတ္ထုတို့တွင် နေမြဲအတိုင်း အနေအထားကို ပြောင်းလဲလိုက်သည့်အခါ ဆန့်ကျင် အံတုမှုသဘော တစ်နည်း အင်နားရှားခေါ် နေမြဲ အတိုင်း နေလိုသော သဘောကို ပြသသည်ဟု ဆိုပါသည်။ ကားသည် ရပ်နေရာမှ ရုတ်တရက် ထွက်လိုက်သည့်အခါ ထိုင်နေသည့် လူများမှာ နောက်သို့ လန်သွား တတ်သည်ကို ကြည့်ကာ ထိုနိယာမကို လူတို့ သဘောပေါက် ကြရပါသည်။ ထိုအင်နားရှား၏ သဘောတရားကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မြင်တွေ့နေရသည်ဟု [...]

လူငယ်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို အစိုးရမှ ဖြေရှင်းပေးရန် တောင်းဆို
မျက်မှောက်ခေတ်လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ အလေးထားဖြေရှင်း ဆောင်ရွက် ပေးစေရေး ကြေညာချက်ကို ဇူလိုင် ၂၅ တွင် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး (ဖြစ်မြောက်ရေးကော်မတီ) မှ ထုတ်ပြန်ခဲ့သည်။ [...]

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်
ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်း တွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေး သစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်း ရာဇဝတ်ကောင်ပဲ။ နိုင်ငံရေးဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ် မာကြီးဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ [...]

လေပြင်းတိုက်ချိန် သစ်ပင်ကြီး ပြိုလဲ၍ ကားလေးစီး ပျက်စီး
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ရှိ ဆက်သွယ်ရေးရုံး အဝအနီးရှိ ပိတောက်ပင်ကြီး တစ်ပင်သည် ယနေ့ ညနေ ၃ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်အပြီး ပြိုလဲခဲ့သည်။ အဆိုပါသစ်ပင်ကြီး ပြိုလဲမှု၌ ချယ်ရီ တက္ကစီကား တစ်စီးနှင့်အတူ စုစုပေါင်း လေးစီးပျက်စီးခဲ့သည်။ [...]

လိုင်ဇာခရီး (သို့မဟုတ်)မုန်လိုင်ခ ကမ်းပေါ်မှ ကြေကွဲပုံရိပ်များ
“ကျွန်တော်တို့အားလုံး လစာရယ်လို့ တိတိကျကျ မရကြပါဘူး။ ဒီကလေးတွေ ပညာရေးအတွက် တတ်နိုင်သလောက် လုပ်ပေးနေကြတာပါ။ အခက်အခဲလား၊ အင်း... ကျောင်းသုံးစာအုပ် မလုံလောက်ဘူး။ ဒီနှစ် သူငယ်တန်း ကလေး ၃၅ဝ ရှိတယ်။ Text Book မလုံလောက် ဘူး။ သုံးပုံတစ်ပုံလောက်ပဲ Text Book ရှိတယ်။ နောက် အခက်အခဲ ကြုံရတာ ရှိသေးတယ်။ ဘာလဲဆိုတော့ ကလေး အများစုက စာထဲမှာ သိပ်စိတ်မဝင်စားကြဘူး။ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ [...]

ဘောင်းဘီဝတ် မိန်းမ
ဆိုခဲ့သော “ဘလူးမား”ဒူးကျပ် ဘောင်းဘီ တွင်ကျယ် ခေတ်စားလာရ ခြင်း၏ အကြောင်းရင်း နောက်ခံသမိုင်းကြောင်း ရှိသည်။ ဘလူးမား ဒူးကျပ်ဘောင်းဘီ စတင်ပေါ်ပေါက်ခဲ့သော ၁၈၅ဝ ခုနှစ်အထိ အမေရိကန် အမျိုးသမီးများသည် ကိုယ်ကျပ် “ကော့ဆက်” အင်္ကျီများနှင့် လေးလံ ကြီးမားလှသော ခါးစည်းဂါဝန် ဖားဖားရှည်ရှည်ကြီး များကိုသာ ပုံမကျ ပန်းမကျ ပင်ပန်းစွာ ဝတ်ဆင်နေခဲ့ကြရ သည်။ [...]

သမိုင်းတွင် ကျန်ရစ်လောက်သော ဗိသုကာလက်ရာ ရရှိရန် အချိန်လုံလောက်ဖို့ လိုကြောင်း ဗိသုကာဆရာ ဦးရွှေ ပြောကြား
အာဇာနည်ဗိမာန်သို့ လာရောက် ဂါရဝ ပြုကြမည့် သူများအတွက် မည်သို့ ရည်ရွယ်ကြောင်းကိုလည်း ဗိသုကာ ဆရာဦးရွှေက ““ဒီဗိမာန်ကို လာရောက်ကြမယ့် လူတွေကို အနှစ် ၁ဝဝ နီးပါး လွတ်လပ်ရေးအတွက် ရုန်းကန် လှုပ်ရှားခဲ့ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေ ကို နားလည်အောင်ဆိုတဲ့သဘောနဲ့ ဒီလိုမျိုးစဉ်းစားခဲ့တာပါ””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။ အဆို ပါဒီဇိုင်းအား အမှန်တကယ် ဆောက်လုပ်မည်ဆိုပါက အတတ်ပညာရှင်များ၊ လိုအပ်သောပစ္စည်းများ ပြည့် စုံလျှင် အချိန် ၁ [...]