July, 2012၊ သတင်းမှတ်တမ်းများ

အမေနှင့် သားများ
၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် တွင် မသမာသူတို့၏ လက်ချက်ကြောင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ ကြသည်။ သည်သတင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ကြီး အမေစု အညာက လိုက်လာရှာသည်။ အမယ်အိုကား အသက်ရင့်လှပြီ။ သားနှစ်ယောက် တစ်ချိန်တည်း ကျဆုံးပြီ ဆိုတော့လည်း ဆွေမျိုးများ နှင့်အတူ ရန်ကုန်ကို ရောက်ရပြီ။ ရန်ကုန်ရောက်ရောက်ချင်း သားနှစ်ယောက်၏ [...]

မြတောင် စာသင်တိုက်တွင် ဦးသန့်ကြေးရုပ် ယာယီ ထားရှိမည်
မြန်မာ့ဂုဏ်ထူးဆောင် ဦးသန့် ကြေးရုပ်တုကို ပန်းတနော်မြို့တွင် တည်ဆောက်လျက်ရှိသည့် ဦးသန့် စာကြည့်တိုက် ရှေ့မျက်နှာစာတွင် ပန်းခြံကဲ့သို့ နေရာတစ်ခု စီစဉ်ကာ လူတစ်ယောက်အရပ်ထက် ပိုမိုမြင့် မည့် အုတ်ခုံပေါ်တွင် ထားရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် လက်ရှိအချိန်တွင်မူ ဦးသန့်စာကြည့်တိုက် တည် ဆောက်မှုမှာ ဖောင်ဒေးရှင်းအမြင့်ပေ ၁ ပေခွဲခန့်သာ ပြီးစီးမှုရှိခြင်းကြောင့် ပန်းတနော်မြို့နယ် ဆရာတော် ဘဒ္ဒန္တ ကုမာရ၏ မြတောင်စာသင်တိုက်တွင် ယာယီအားဖြင့် ထားရှိမည်ဖြစ်ကြောင်း အဆိုပါ ပန်းတနော်အသင်းမှ အမှုဆောင် ဦးဝင်းမောင်က [...]

မြန်နှုန်းမြင့် ပြောင်းလဲရေး ဝန်ပိနေသည့် မြန်မာနိုင်ငံ
ရုံးစားပွဲအများစုက နေရာလပ်နေကြသည်။ အခန်းထောင့်တစ်နေရာမှ ကွန်ပျူတာနှစ်လုံးကလည်း အလုပ်မရှိ၊ အမျိုးသမီးငယ် တစ်ယောက်က သတင်းစာတစ်စောင်ကို လှန်လှော ကြည့်ရှုနေ သည်။ မြန်မာ့ စီးပွားရေး၏ မြန်နှုန်းမြင့် နှလုံးသားဟု ဆိုရမည့် နိုင်ငံတော် ဗဟိုဘဏ်ရုံးချုပ်က ကြိုဆိုလိုက်ခြင်းပင်။ [...]


လွှတ်တော်ကြီးလည်း ဝှဲချီးကျင်းပနေ၏။
ကြိုတင်ပြ မထားလျှင် ဆွေးနွေးခွင့် မရဟု ဆိုသော်လည်း
အရေးကြီးအဆိုအား တင်သွင်းခဲ့သည်။
လျှပ်တစ်ပြက်တုံ့ပြန်ရန်
ခေါင်းပေါင်းသစ်များက ပြင်သော်လည်း
ခလုတ်နှိပ် မကျွမ်းသဖြင့်
မိုက်ကရိုဖုန်း မပွင့်သောကြောင့်
နှစ်ကုန်းတစ်ကွနှင့် ယူကျုံးမရ
ပြန်ထိုင်လိုက်ရကြောင်း သိရသည်။ [...]

လယ်တောသူ အလှမယ်ရွေးပွဲ ကော့မှူးသူ ပထမရ
ကျေးလက် လယ်တောထဲမှ အမျိုးသမီးများ၏ အလှကိုဖော်ထုတ်ရန်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ကိုယ်တိုင် စပါးစိုက်ပျိုးနေသည့် မိသားစုများထဲမှ သားသမီးများ ပြိုင်ပွဲဝင်ရန် လက်ခံကာ ယှဉ်ပြိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် တောင်သူလယ်သမား များ၏ အခက်အခဲများနှင့် စပ်လျဉ်း၍ ““အားလုံးလည်း အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”” ဟု အဆိုပါ အလှမယ်ရွေးပွဲတွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သူ ဒိုင် ၉ ဦးအနက် တစ်ဦးဖြစ်သူ ဒေါ်အေးမာဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]


““စခန်းတစ်ခုမှာ အခန်းတစ်ခန်းစီမှာ လူ ၆ ယောက်ကနေ ၁၃ ယောက်လောက်အထိ နေကြရတယ်၊ ကူးစက်ရောဂါတွေ ဖြစ်ကြတယ်၊ အဆုတ်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ နှာစေး ချောင်းဆိုး ရောဂါတွေ ဖြစ်ကြတယ်၊ အထူးသဖြင့် ဝက်သက်ရောဂါ အဖြစ်များနေတယ်၊ ဘေးအနီးအနားမှာရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ ကောက်စားနေကြရတာ၊ ရေနဲ့လည်း သေသေချာချာ မဆေးနိုင်ဘူး၊ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြတာ””ဟု ယင်းက ပြောပါသည်။ [...]

ပွဲကခွင့် ပါမစ် စိတ်အေးရပြီ၊ မန္တလေးမြို့ သဘင်လုပ်ငန်း အကျိုးဆောင်အဖွဲ့ တာဝန်ယူ
အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီးတွင် ဖွဲ့စည်း တည်ထောင်ထားသော သဘင်အဖွဲ့များ အနေဖြင့် လာမည့် သဘင်ရာသီတွင် ပွဲကခွင့် ပါမစ်များနှင့် သဘင်အဖွဲ့ တည်ထောင်ခွင့် လိုင်စင်များ လွယ်လင့်တကူ ရရှိစေရန်အတွက် ““မန္တလေးမြို့၊ သဘင်လုပ်ငန်း အကျိုးဆောင်အဖွဲ့”” နှင့်သာ ဆက်သွယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)က စာထုတ် အကြောင်းကြားလိုက်ကြောင်း သိရသည်။ [...]


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ညွှန်းကို သြဂုတ်လ ၁၈ ရက် တွင် ပြီးစီးနိုင်ရန် ဆွေးနွေးဆုံးဖြတ်ကြကြောင်း ဇူလိုင် ၁၄ ရက်က ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်းတွင် ကျင်းပသော ဇာတ်ညွှန်း အစည်းအဝေး၌ ပြန်ကြားရေး တာဝန်ခံ ဇော်သက်ထွေးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ [...]

“ပိတ်ထားတဲ့ အဖုံးကို လုံးလုံးလျားလျား ဖွင့်လိုက်တဲ့အခါမှသာ အားလုံး ထွက်လာလို့ ရမှာပါ”  ပိတ်ဆို့မှုများ လုံးဝရုပ်သိမ်းရန် သမ္မတပြောကြား
တိုင်းပြည်အတွက် အထူးတလည် လိုအပ်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုများရရှိရေး အားပေး ထောက်ခံသည့် အနေဖြင့် အနောက်နိုင်ငံအစိုးရတို့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်သင့်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားရင်း၊ နိုင်ငံပြုပြင် ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ဆက်လက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားလိုက်သည်။ [...]

ဆာကိုင်းငြိမ်းချမ်းရေး ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လျာထား
ဂျပန်နိုင်ငံ၊ ဆာကိုင်းမြို့အနေဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျ ချီးမြှင့်လေ့ ရှိသော ဆာကိုင်း ငြိမ်းချမ်းရေးဆု Sakai Peace Contribution Award ကို အပြည်ပြည်ဆိုင်ရာမှ ငြိမ်းချမ်းရေး အတွက် လှုပ်ရှားဆောင်ရွက်သူများ ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂ဝ၁၂ခုနှစ် အတွက် ဆုရှင်ကို ဒေါ်အောင်ဆန်း စုကြည်အား လျာထားကြောင်း သိရှိ ရပါသည်။ [...]