August, 2012၊ သတင်းမှတ်တမ်းများ

ဒေါက်တာ နိုင်အောင်၊ ဒေါက်တာ သောင်း ထွန်း၊ ဦးညို အုန်းမြင့် တို့ တွေ့ဆုံ ဆွေးနွေးရေး လေ့လာသူများ အဖြစ် ခေတ္တ ရောက်ရှိ
၁၉၈၈-ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားပြီး နောက်ပိုင်း ပြည်ပနိုင်ငံများသို့ထွက်ခွါ သွားခဲ့ကြသည့် နိုင်ငံရေး လှုပ်ရှားသူများ၊ ပါတီ အဖွဲ့အစည်း ဝင်များ၊ ကျောင်းသား/သူများ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်းများ အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာသူများ အနေနှင့် အမိမြန်မာပြည်သို့ ပြန်လာလိုသူများအား နိုင်ငံတော်မှ စီစစ်ပြီး စနစ်တကျ ပြန်လည်လက်ခံမည် ဆိုသည့်အတွက် ပြည်ပသို့ သွားရောက် နေထိုင်သူများ မိသားစုထံသို့ ပြန်လည် ရောက်ရှိ လာကြတော့မည် ဖြစ်သည်။ [...]

မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏  ၉၂-ပါဂျောင် ရှင်းတမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ တပ်ဦး (မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသ) လွန်ခဲ့သည့် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုဖြစ်စဉ်များ၊ မှတ်တမ်းများ၊ အထောက် အထားများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၃၁ရက်နေ့ နံနက်ပိုင်းက (ရွှေဂုံတိုင်) တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။ [...]


ကမ္ဘာ့လူငယ် ဖိုရမ်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပမည်ဟု ICPD မှ သတင်းထုတ်ပြန်သည်။ အဆိုပါ ဖိုရမ်သို့ အသက် ၃ဝ နှစ်အောက် လူငယ်များ၊ ခေါင်း ဆောင်မှုအရည်အချင်းရှိသူများ၊ ICPD အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်နေသူများ၊ နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဦးဆောင် ပါဝင်သူများနှင့် ကူညီနေသူများ၊ လူငယ်ရေးရာ လုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးရေး [...]


၂ဝ၁၂ ခုနှစ်၊ မေလတွင် စတင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၏ အဖြစ်အပျက်များအား စုံစမ်း စစ်ဆေးရန် အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ခုကို ဩဂုတ် ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ မှတစ်ဆင့် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၅၈/၂ဝ၁၂ ဖြင့် အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ [...]


ကွန်ပျူတာ ပညာရှင်များအတွင်း အိုင်တီ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာများ ဖလှယ်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း(MCPA)မှ ကြီးမှူး၍ Developer Con 2012-Yangon ၂ဝ၁၂- ကို စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မြန်မာ အင်ဖိုတက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Dev Con 2012- Yangon သို့ ပါဝင် [...]


မြန်မာနိုင်ငံ၏ စာနယ်ဇင်း ဆင်ဆာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည့် သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မီဒီယာများတွင် မတူကွဲပြားသော သဘောထား အမြင်များ ထွက်ပေါ်လာသကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့်လည်း ယင်း၏ တင်းကြပ်သော အကန့်အသတ်များကို မကြာမီ တစ်ချိန်ချိန်တွင် အဆုံးသတ်လေမည်လား ဟူသော တွေးတော သံသယများက အွန်လိုင်း အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည်။ [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၃)
၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့ အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ ခဏနားချိန်ရတုန်း [...]

အမှတ် (၁၆)၊ သြဂုတ်လ (၃ဝ) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၁၆)

သြဂုတ်လ (၃ဝ) ရက်၊ (၂ဝ၁၂) ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ၀ါခေါင်လဆန်း ၁၃ ရက်) [...]

၂ဝ၁၃ ဆီးဂိမ်း လာဘ်ကောင်ရုပ် အပေါ် ဝေဖန်မှုများ ရှိနေ
“ဇီးကွက်ရုပ်ကြီးက ပြားပြားကြီးနဲ့ အသက် မဝင်ပါဘူး။ ဇီးကွက်ရဲ့ ထူးခြားချက်တွေ ဖြစ်တဲ့ မျက်လုံးပြူးတာတို့၊ အတောင်ပံသေးတာ တို့ကိုလည်း ထင်ထင်ရှားရှား သရုပ်မဖော်နိုင်ပါဘူး။ ဒီပုံနဲ့ နိုင်ငံတကာ ကို ပြရင်တော့ မြန်မာနိုင်ငံက ကာတွန်းဆရာတွေ သိက္ခာကျစရာပါပဲ”ဟု မောင်တီထွင် ဇာတ်ကောင်ဖြင့် ကာတွန်း လောက တွင် ထင်ရှားသည့် ဦးသစ်ထွဏ်းက ပြောသည်။ [...]

နိုင်ငံတော်၏ မျက်နှာ ကြည့်ပါ
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် အဆိုပါ ဥပဒေပါ ချီးမြှင့်ငွေများကို ခံစားရယူခြင်း မပြုဘဲ ယခင် အတိုင်းသာ ခံစားရယူမည် ဖြစ်ကြောင်း၊ သမ္မတကြီး ကိုယ်တိုင် တိုင်းပြည်သို့ အသိပေး ကြေညာခဲ့သည်ကို မှတ်မိနေပါသည်။ ရရှိခံစားပိုင်ခွင့်ကို မချမ်းသာနိုင် သေးသော နိုင်ငံတော်၏ မျက်နှာကို ငဲ့လျက် “လျော့နည်းခံစား”ခဲ့သည့်အတွက် ကျွန်တော်တို့က ကျေးဇူးတင်ပါသည်။ ထိုဥပဒေကို မလိုက်နာခဲ့ခြင်း အတွက် ကျမ်းစူးလိမ့်မည် ဟုလည်း မထင်မြင်ပါ။ ကျန်းမာရေးပင် ပို၍ [...]