August, 2012၊ သတင်းမှတ်တမ်းများ


စင်စစ် လူသားချင်း စာနာမှု အကူအညီ များသည် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု ကပ်ဘေးများကဲ့သို့ အကြောင်း များကြောင့် ဒုက္ခရောက် ကြရသော လူသားများအား ကူညီရန် ရည်ရွယ်ခဲ့ရာမှ လူ့အခွင့်အရေးကို အပြည့်အဝ မရသော လူသားများအတွက်ပါ ရည်ရွယ် ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ သို့သော် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု ကပ်ဘေးကြောင့် ဒုက္ခရောက်ရသော လူသားများကို ကူညီရာတွင် လူမျိုးမရွေး ဘာသာမရွေး နိုင်ငံသားမရွေး တစ်ပြေးညီ အကူအညီကို [...]


မြန်မာမှာမူ သနပ်စုံပညာရှင်များ
ခေတ်စားနေကြသည်။
လူရွှင်တော်က စီစဉ်ညွှန်ကြားသူ၊ စုံစမ်းစစ်ဆေးရေးသမား
လက်နက်ပွဲစားက ဘဏ်ထောင်၊ မီဒီယာ ကိုင်
အအေးဒိုင်က ဓာတ်ဆီဆိုင် ထောင်
ဈေးချောင်ပီအိပ်ခ်ျဒီက လယ်သိမ်းပြန်ရောင်း
ခွင်ကောင်းသမျှ သူရို့ချည်းသာဘုရားများ
လက်ဝါးကြီးအုပ် ကိုင်ကြဆဲ
တတ်လည်း တတ်နိုင်ကြပါပေ့။ [...]

အနာဂတ် ဒီမိုကရေစီရေး အတွက် လွှတ်တော်တွင် ဘုံတူညီမှု တစ်ခု ရှိလာ
လွှတ်တော်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပညာရေး၊ စီးပွားရေး၊ တိုင်းရင်းသားရေးနှင့် ဥပဒေရေးရာ များအတွက် တင်သွင်းသော အဆိုများ၊ ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များသည် ပွင့်လင်းပြီး ထင်သာ မြင်သာ ရှိလာသည်ဟု ပြည်သူအများစုက အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု ရှိလာကြောင်း သိရသည်။ [...]

အလွန်အကျွံ ထိန်းချုပ်တဲ့ ခေတ် ကုန်သင့်ပြီ၊ သင့်တော်သော လွတ်လပ်မှု မရှိက တိုးတက်မှု မမြန်နိုင်ကြောင်း ပါမောက္ခ ဦးညီလှငယ် ပြောကြား
သင့်တော်တဲ့ လွတ်လပ်မှု မရှိဘဲ တိုးတက်မှု မမြန်နိုင်ဘူး။ လွတ်လပ်မှုနဲ့ တိုးတက်မှုက တစ်ခါတည်း အတူတကွ သွားကြတာ။ ချုပ်ချယ်မှု လွန်ကဲနေရင် အမြန် တိုးတက်မှာ မဟုတ်ဘူး ဆိုတာ အားလုံး သဘော ပေါက်ကြဖို့ လိုတယ်”ဟု ရန်ကုန် နည်းပညာ တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးညီလှငယ်က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ [...]

မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ABSDF(NB) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက သြဂုတ် ၃၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဟု ဆက်လက်သိရသည်။ သတင်းစာရှင်းလင်းပွဲ ဖိတ်စာတွင် မသေအသက် ဆက်ခဲ့သူများ၊ သေဖော်ရဲဖက် လက်တွဲဖက်များ၊ တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ၊ စာနာစိတ်ထား လုပ်ဖော်ကိုင်ဖက်များ၊ စုစည်းတွေ့ဆုံလို့ ….၊ ရက်ရက်စက်စက် အသက်ကို [...]


ဦးသန့်ကျော်၊ ဦးဇင်ယော်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးများအဖြစ်လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းကို ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန်ပေးအပ်လိုက်ကြောင်း ယနေ့ညနေတွင် အမိန့်အမှတ် ၂၇/၂၀၁၂ ဖြင့် ဦးသိန်းစိန်က လက်မှတ်ရေးထိုးကြေညာလိုက်သည်။ [...]

ဒီမိုကရက်တစ်တပ်ဦး ABSDF(NB) ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည် ဆိုသူများအား တရားစွဲမည်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက လူသတ်တရားခံအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း [...]

စစ်ရှောင် သွေးချင်းများ ပြည်တော်ပြန်ခရီး ယခုလအတွင်း အပြီးဆောင်ရွက်ရန် တရုတ်အာဏာပိုင်များ ပြောကြား
မြန်မာ-တရုတ်နယ်စပ်မြို့ငယ်ဖြစ်သည့် နောင်တောင်းအနီးတစ်ဝိုက်ရှိ တောတောင်များတွင် ယာယီ စစ်ရှောင် ကချင်ဒုက္ခသည်များနှင့် လားရင်း (လွယ်ဂျယ်တစ်ဖက်ကမ်း)ရှိ စစ်ရှောင်ဒုက္ခသည်များအားလုံး ယခုလအတွင်း အပြီးသတ်ရွှေ့ပြောင်းပေးရန်နှင့် ယခုလအတွင်း တရုတ်ပြည်အတွင်းရှိ ကချင် စစ်ရှောင်ဒုက္ခသည် အားလုံး ရွှေ့ပြောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် တရုတ်အာဏာပိုင်များက ကချင်တပ်ဖွဲ့ (ကေအိုင်အို)သို့ လာရောက် ပြောကြားခဲ့ကြောင်း [...]

ရေကြီးမှု လျော့နည်းသွားသော ဒေသများတွင် ကျန်းမာရေး ဆောင်ရွက်မှုလုပ်
သြဂုတ် ၂၂ ရက်မှ စတင်ကာ ရေလွှမ်းမိုးခြင်း ခံခဲ့ရသော လှည်းကူး မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယခုအချိန်၌ ရေများ ပြန်လည်လျော့ကျသွားပြီ ဖြစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေရကြောင်း လှည်းကူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက မြန်မာ အင်ဒီပဲန်ဒင့်ကို ပြောသည်။ [...]

ရေဘေးသင့် ပြည်သူများထံသို့လူငယ်ကွန်ရက် အဖွဲ့များ သွားရောက်လှူဒါန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၏ ဦးဆောင်မှုဖြင့် လူမှုရေး ကွန်ရက်များ ဖြစ်ကြသည့် ရွှေကံ့ကော်၊ ရာစုသစ်၊ နိုဗယ်မိခင်၊ အမေ့မေတ္တာ တို့နှင့်အတူ ချောက်မြို့နယ် အတွင်းရှိ ဘီဂျီသွေး ကူညီပေးရေး တာဝန်ခံ အဖွဲ့များပူးပေါင်းကာ သြဂုတ် ၂၅ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် တောင်ပိုင်း (တောင်ဒဂုံမြိုနယ်)ရုံးမှ နေ၍ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် အတွင်းရှိ ရေးဘေးသင့် ပြည်သူများထံသို့ [...]