August, 2012၊ သတင်းမှတ်တမ်းများ

ရာဇူဒိုင် မြစ်ကျိုးအင်းအား ပုဂ္ဂလိက ပိုင် ဖြစ်သွား မည့် အရေး ဒေသခံများ စိုးရိမ်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ဝါးခယ်မအပိုင်း ရာဇူဒိုင် မြစ်ကျိုးအင်း အား ပုဂ္ဂလိကပိုင်အင်း ဖြစ်သွား မည် ကို ယင်းအင်းအား မှီခိုစားသောက်နေ ကြသော ဒေသခံ ၃ သောင်းနီးပါးက စိုးရိမ်နေကြသည်ဟု သြဂုတ် ၂၃ ရက် တွင် ယင်းအင်းသားဖြစ်သူ စစ်မှုထမ်း ဟောင်း ကိုအောင်ကျော်ဦးက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောခဲ့သည်။ [...]

မြန်မာနိုင်ငံ အကြောင်းကို အခြားနိုင်ငံသား များအား သိစေချင်၍ ဘလော့ဂ်ဂါ နေဘုန်းလတ် အမေရိကန် သွားမည်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသော လက်ရှိ အနေအထားများကို အခြားနိုင်ငံသားများအား သိစေချင်သော စိတ်ကို အရင်းခံကာ မြန်မာ ဘလော့ဂ်ဂါ နေဘုန်းလတ်သည် လာမည့် သြဂုတ်လ နောက်ဆုံးပတ်တွင် အမေရိကန်နိုင်ငံရှိ အိုင်အိုဝါတက္ကသိုလ် (University of Iowa)သို့ သွားရောက်မည် ဖြစ်သည်။ [...]


ယင်းကျေးလက် ကျန်းမာရေးဌာနများသည် ဌာနတစ်ခုအဖြစ် ချထားပေးသော်လည်း အဆောက်အဦများမှာမူ ဖောင်ဒေးရှင်းချထားသော လှည်းပွဲလေး ကျန်းမာရေးဌာန မှအပ မည်သည့်ဌာနခွဲမျှ အဆောက်အဦ ဆောက်လုပ်နိုင်ခြင်း မရှိသည့်အပြင် မြေနေရာပင် အတိအကျ သတ်မှတ်ထားသည်ကို မတွေ့ရပေ။ [...]


“အပ်စပ်တဲ့အခါမှာ အပ်စပ်တာကို လုပ်လိုက်တာပါပဲ၊ ခန္ဓာကိုယ်နဲ့လုပ်ဖို့ အကြောင်းရှိလာသည့်အခါမှာ ပါဖောမန့် အနုပညာကို လုပ်ပါတယ်၊ အဓိက ကတော့ စိတ်ကူးပါ၊ နောက်ပြီးတော့ အချိန်၊ အဲဒီလို အချိန်မျိုးဖြစ် လာတဲ့အခါ ပါဖောမန့် လုပ်ဖြစ်သွားတယ်၊ ဒီလိုပဲ ဆေးနဲ့ စက္ကူနဲ့ လုပ်ချင်လာတဲ့အခါ ပန်းချီဆွဲပါတယ်၊ ဒီအနုပညာ နှစ်ခုလုံးကတော့ စိတ်ကူးပေါ်မှာ အခြေခံပါတယ်” ဟု ဆိုသည်။ [...]


မြန်မာနိုင်ငံ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PLNO, PLNA အဖွဲ့တို့ သြဂုတ်၂၅ရက် တွင် တောင်ကြီး မြို့၊ တောင်ကြီး ဟိုတယ် ခန်းမ၌ နံနက် ၁ဝ နာရီ အချိန်တွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီ ချက်များ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ [...]


ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်းတွင် ယနေ့နံနက် ၁ဝ နာရီမှ နေ့လယ် ၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် လုပ်ငန်း ကော်မတီ ၈ ခုကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေး အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ဦးကိုကိုကြီး ထံမှ သိရသည်။ [...]


ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်၊ ပဲခူးရိုးမ ကြိုးပြင် ဒေသများတွင် အစိုးရပိုင် ကျွန်းစိုက်ခင်းများ ရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကပိုင် ကျွန်းစိုက်ခင်းများကို တိုးချဲ့စိုက်ပျိုး လာရာ ရေတာရှည်မြို့နယ် နေရာအနှံ့အပြား သို့တိုင် ရောက်ရှိနေပြီဖြစ်ပြီး ယခင် အခြေချ လုပ်ကိုင်နေသော ဒေသခံ ရွာသူရွာသားများ၏ လယ်ယာ မြေ များမှာလည်း မြေခွန်ပြေစာ မပြသနိုင်မှုဖြင့် ဆုံးရှုံးမှုအချို့ ရှိလာနေသဖြင့် ဒေသခံ ရွာသားတို့က လယ်ယာမြေ အရေး [...]

ကြည့်မြင်တိုင်နှင့် အလုံ စပ်ကြားရှိ ရေမြောင်း ပိတ်ဆို့မှုကြောင့် ဆန္ဒ ထုတ်ဖော်မှု ဖြစ်ပွားခဲ့
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ် အကြားရှိ ရေမြောင်းကို ပိတ်ဆို့၍ Asia World ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းကြောင့် ရပ်ကွက်နေ ပြည်သူလူထုများ ၏ နေအိမ်များ လုပ်ငန်းများသို့ ရေဆိုး ရေညစ်များ စီးဝင်ကာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများမှ ဆန္ဒထုတ်ဖော်မှု တစ်ရပ် သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။ [...]

တရားစွဲခြင်းကို လက်နက်သဖွယ် လုပ်မည်ဆိုပါက မီဒီယာသမား များ နစ်နာနိုင်ချေရှိ
“မြန်မာပြည်မှာ မီဒီယာနဲ့ ပတ်သတ်လို့ လွတ်လပ်ခွင့်က ဘယ်လောက်ပေးတာလဲ၊ ဆုံးဖြတ်မယ့် တရားသူကြီးက ဘက်မလိုက်ဘဲ စီရင်မှာလား။ အရင်တုန်းကလိုပဲ ဘက်လိုက်ပြီး တရားစီရင်မယ် ဆိုရင် မီဒီယာ သမား နိုင်ဖို့ ခက်တယ်” ဟု ဦးမြသိန်း (ဝါရင့် ရှေ့နေကြီး)က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

ပူတင်ဆန့်ကျင်ရေး စတန့် ကြောင့် ရုရှားပန့်(ခ)တီးဝိုင်း ထောင် ၂ နှစ်ကျ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ကန့်ကွက် ဆန္ဒပြကွက်တစ်ခုကို လွန်ခဲ့သည့် ဖေဖော်ဝါရီက Cathedral of Christ ဘုရားကျောင်း၌ စင်တင် ကပြခဲ့မှုအတွက် အမျိုးသမီးငယ် ၃ ဦးကို မော်စကို တရားသူကြီးက သောကြာ နေ့တွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် စီရင်ခဲ့သည်။ [...]