August, 2012၊ သတင်းမှတ်တမ်းများ

မြန်မာ့ ပြုပြင်ပြောင်းလဲရေးနှင့် ကျေးလက်ပြည်သူတို့ အသံများ
အပြောင်းအလဲ တို့သည် စစ်အာဏာရှင် အုပ်ချုပ်ရေး စနစ် အောက်သို့ ရာစုနှစ်ဝက်ခန့် မကျရောက်မီ ကာလက၊ ကမ္ဘာ့ဆန်တင်ပို့ ရောင်းချမှုတွင် ဦးဆောင်နိုင် ခဲ့သော၊ နိုင်ငံ၏ နှလုံးသည်းပွတ် ပမာဖြစ်သည့် လယ်ယာမြေများတွင် နေထိုင်ကြသော၊ မြန်မာနိုင်ငံသား အများစုနေထိုင်ရာ ဆီသို့မူ နှေးကွေးစွာ (သို့တည်းမဟုတ်) ပုံသဏ္ဍာန် မှားယွင်းစွာဖြင့် လာလျက် ရှိပေသည်။ [...]

အသက် ၁၈ နှစ်အောက် ကလေးသူငယ် စစ်မှုထမ်းများ ၁၈ လအတွင်း အပြီးသတ် စိစစ် ပယ်ဖျက်မည်
ကလေးစစ်သား တွေ့ရှိကြောင်း ပြည်သူမှ သတင်း ပေးပို့ပါက မိမိတို့ တပ်မတော် အနေဖြင့် စိစစ်ကာ မှန်ကန်သည် ဆိုပါက အရေးယူမှု များ ပြုလုပ်လျက် ရှိကြောင်း၊ လက်ရှိတွင်လည်း တပ်သား စုဆောင်းရာတွင် အသက် ၁၈ နှစ် ပြည့်သည့်သူ၊ မှတ်ပုံတင် ရှိသည့်သူများ ကိုသာ စုဆောင်းလျက် ရှိကြောင်း၊ ယခင်က အားနည်းချက်များကို ပြင်ဆင်ကာ ၂ဝဝ၇ ခုနှစ် နောက်ပိုင်းတွင် စည်းစနစ်များဖြင့် တိတိကျကျ လုပ်ဆောင် [...]

နောက်ဆုံး ပြုစုထားသော စာရင်းများ အရ နိုင်ငံရေး အကျဉ်းသား ၃ဝ၄ ဦး ကျန်ရှိကြောင်း နိုင်/ကျဉ်းမှ စာရင်းထုတ်ပြန်
ယခုနောက်ဆုံး ပြုစုထားသော စာရင်းများ အရ နိုင်ငံရေး ရည်ရွယ်ချက် ဖြင့် ဖမ်းဆီးခံ ထားရသော နိုင်ငံရေး အကျဉ်းသား ၃ဝ၄ ဦး ကျန်ရှိနေသေး ကြောင်း ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော် ဝင်နှင်းဆီ သီရိခန်းမ၌ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ ကျင်းပခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ (ဒုတိယအကြိမ်) တွေ့ဆုံပွဲနှင့် လုပ်ငန်းကော်မတီ ပြန်လည် ရွေးချယ်ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ [...]

ဥပဒေ ထောက်ကူပြု အဖွဲ့ တစ်မနက်တည်းတွင်ပင် အမှုပေါင်း ၁ဝဝ ကျော် လက်ခံ ဆောင်ရွက်ပေးခဲ့ရ
ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှု နှင့်အတူ မကြာမီက ဖွဲ့စည်းခဲ့သော ဥပဒေ ထောက်ကူပြု အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် အန်အယ်လ်ဒီ ရုံးချုပ်တွင် စတင်ရုံးထိုင်ခဲ့သည်။ ထိုမနက်တွင်ပင် အမှု ပေါင်း ၁ဝဝ ကျော် လက်ခံဆွေးနွေး ပေးခဲ့သည်ဟု သတင်းရရှိသည်။ [...]

ကေအိုင်အေ (ငြိမ်းချမ်းရေး)ပိုင် မြေနှင့် အဆောက်အဦအား အကြမ်းဖက် ကျူးကျော်သည့် အမှု ရဲစခန်းတွင် အမှုဖွင့်
ဇူလိုင် ၂၃ ရက်၊ ည ၁ဝနာရီ အချိန်ခန့်က မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက် အတွင်းရှိ ကေအိုင်အေ ငြိမ်းချမ်းရေး အဖွဲ့ပိုင် ကွင်းအမှတ် ၅၃၇ တွင် ဖွင့်လှစ်ထားရှိသည့် ရုံးခန်း အဆောက်အဦအား အင်အား ၁ဝဝ ကျော် ရှိသည့် လူအုပ်ကြီးဖြင့် ရိုက်ချိုး ဖျက်ဆီးကာ ငွေသား ၂၂ သိန်းနှင့်အတူ အတွင်း ပစ္စည်းများ ယူဆောင်သွားသည့် အမှုအား သက်ဆိုင်ရာ [...]

လယ်ယာမြေ ဥပဒေရေးရာများကို ဥပဒေ ပညာရှင်များနှင့် ဆွေးနွေးနိုင်မည်၊ အလုပ်လက်မဲ့ ပြဿနာကို ဒီ/ချုပ်က ဖြေရှင်းမည်
အလုပ်လက်မဲ့ ပြဿနာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ဖြေးဖြေးချင်း ဖြေရှင်း ရမည် ဖြစ်ကြောင်း၊ ဖြစ်နိုင်သည့် အခြေအနေများ ကိုသာ စဉ်းစား၍ ကိုယ့်မြို့ ကိုယ့်ဒေသတွင် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကိုသာ စဉ်းစားစေချင်ကြောင်း၊ မိမိတို့ နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံ ချင်ကြသည့် ကုမ္ပဏီများ ယခုအခါတွင် ရှိနေကြောင်း၊ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသနှင့် လိုက်ဖက်မည့် လုပ်ငန်း၊ အလုပ်ရုံ၊ စက်ရုံများ ကိုသာ လုပ်ဆောင်ဖို့ လေးလေးနက်နက် [...]


အမှန်ကတော့ လူအုပ်စု နှစ်စုကြားမှာ ဖြစ်ခဲ့တဲ့ ပြဿနာ ဟာ နောက်ပိုင်း ပယောဂတွေ ပူးကပ်လို့ ဒီလောက် ကြီးသွားတာပါ။ အခု ကော်မရှင်မှာလည်း ပြည်သူ လူထုရဲ့ အမြင် ရှင်းအောင် ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေကို မထည့်ဘဲနဲ့ ပြည်သူလူထုနဲ့ ထိစပ်နေတဲ့ ထိစပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လုပ်ဆောင်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ သဘောကတော့ ဖြစ်ရပ်မှန်ကို မြင်ကွင်းလှအောင် ဖန်တီးပေးတဲ့ သဘောပါပဲ”ဟု ဆိုသည်။ [...]

အမှတ် (၁၅)၊ သြဂုတ်လ (၂၃) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၁၅)

သြဂုတ်လ (၂၃) ရက်၊ (၂ဝ၁၂) ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ၀ါခေါင်လဆန်း ၆ ရက်) [...]


ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကား မပြောရဘူးလို့ ပြောပါ သတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ [...]

ဒီမိုကရေစီ ဘက်တော်သားတို့ တွေ့ကြပြီ
နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ထိုင်းနိုင်ငံမှ ဝါရင့်စာရေးဆရာ၊ ထုတ်ဝေသူ၊ လူမှုရေး လှုပ်ရှား ဆောင်ရွက်သူနှင့် ဗုဒ္ဓဘာသာအား နက်ရှိုင်းစွာ ယုံကြည် သက်ဝင်သူများ၊ အပြည်ပြည်ဆိုင်ရာ ကွန်ရက် (INEB) တွင် လှုပ်ရှားတက်ကြွသူ စူလာခ်စီဝါရက်ဆာ Sulak Sivaraksa က လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ [...]