September, 2012၊ သတင်းမှတ်တမ်းများ


သင်တန်းကွင်းကြီးထဲမှာ သတင်းပေးလို့ ဖမ်းထားတဲ့ လူ ၄ ယောက်ကို လက်ဝါးကပ်တိုင်ကြီးတွေ လုပ်ပြီး တစ်ယောက်စီ ချည်ထားတယ်။ သူတို့ကို သတ်မယ့်နေ့ ညနေစောင်း မှာတော့ သင်တန်းသား အသစ်၊ ရဲဘော် အသစ်၊ ရဲဘော်အဟောင်း၊ ကေအိုင်အေ အကုန်လုံးကို လာကြည့် ခိုင်းတယ်။ အဲဒီကာလကတော့ ၈၈၈၈ (ရှစ်လေးလုံး) ၃ နှစ်ပြည့် နှစ်ပတ်လည် ၉၁ မေ၊ ဇွန်လလောက်က ဖြစ်မယ် ထင်တယ်။ ပြည်ထောင်စုနေ့ လူသတ်ပွဲကြီး [...]

ငြိမ်းချမ်းရေးဟု တောင်းဆိုခဲ့ ကြသော်လည်း
မြန်မာနိုင်ငံ အရပ်ရပ်တွင် ငြိမ်းချမ်းရေး အတွက် ဆန္ဒထုတ်ဖော်မှုများ အသီးသီး ပြုလုပ်ခဲ့ကြသည့် အပေါ် စာရေးဆရာကြီး ဒဂုန်တာရာက “ဒီလိုနေ့မျိုးကို သတိတရနဲ့ လုပ်တာမို့ ကောင်းတဲ့ အလုပ်ပါ။ လူတိုင်း ဒီလိုလုပ်ခွင့် ရှိရမှာပေါ့”ဟု သုံးသပ် ပြောကြားသည်။ ငြိမ်းချမ်းရေး စိတ်ဓာတ် ရှိသူတိုင်း ကိုယ့်ဆန္ဒကို တရားသဖြင့် ယနေ့တွင် ဖော်ထုတ်သင့် ကြောင်းလည်းဆရာကြီးက ဆိုသည်။ ဆန္ဒထုတ်ဖော်ခြင်းများ၏ နောက်ဆက်တွဲ အရ အရေးယူခြင်းများ ရှိသည့်အပေါ်၌လည်း ဆရာကြီး ဒဂုန်တာရာက [...]

မယ်တော်ဆေးခန်း ပြည်တွင်းသို့ ပြောင်းရွှေ့ဦးမည် မဟုတ်၊ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့မှု အပေါ် မယ်တော် ဆေးခန်းမှ ရှင်းလင်းချက် ထုတ်ပြန်
ဒေါက်တာ စင်သီယာမောင်က “မြန်မာအစိုးရရဲ့ ကျန်းမာရေး စနစ်ဟာ ပြည်သူအားလုံး အတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အစုံ မလုပ်ပေးနိုင်သမျှတော့ ကျွန်မတို့ ပြန်လို့မရသေးပါဘူး။ လက်ရှိ ကျွန်မတို့ ဝန်ထမ်းတွေဟာ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ ပြည်သူတွေကို အများကြီး ကူညီပေးဖို့ လိုပါသေး တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ” ဟု မယ်တော်ဆေးခန်း၏ ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။ [...]


ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ် အလှဆင်လုပ်ငန်း ဆောင်ရွက်ရာမှ လုပ်သားတစ်ဦး အမြင့်မှ ပြုတ်ကျ ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဆီဒိုးနားဟိုတယ် ဧည့်ခန်းမတွင် အလှချိတ်ဆွဲထားသော လေမှုတ်ဘောလုံးကို တက်ရောက်ဖြုတ်သူ သီဟထွန်း(အသက် ၁၇ နှစ်)မှာ အမြင့်မှပြုတ်ကျပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိသဖြင့် ဟိုတယ် တာဝန်ရှိ ဆရာဝန်မှ စစ်ဆေးကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဟိုတယ်လုပ်သား သီဟထွန်းမှာ ဗုဒဟူးနေ့ [...]

ပါပါရာဇီနဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ (၇)
Heat စာစောင် ကတော့ မေ ၂၆- ဇွန် ၁ ရက် အတွက် ထုတ်ဝေတဲ့ စာစောင်မှာ ကိတ်မင်းသမီး ဈေးဝယ် ထွက်တဲ့ပုံ ဖော်ပြခဲ့ခြင်း နဲ့ပတ်သက်ပြီး နောက်တစ်ပတ် မှာ တောင်းပန်စကား ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီစာ စောင်ကပဲ TMZ မှာ ဟယ်ရီ မင်းသား ဝတ်လစ်စားလစ် ဖြစ်နေတဲ့ပုံကို ထည့်သွင်း ဖော်ပြခဲ့ပြန်ပါတယ်။ [...]

နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် မန္တလေး တက္ကသိုလ်မှာ တက်နိုင်ပြီ
ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်)၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာန၊ မန္တလေး တက္ကသိုလ်၏ နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန်ဒီပလိုမာ (အချိန်ပိုင်း သင်တန်း) ကို ယခုနှစ် ဒီဇင်ဘာမှ စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်မိမိကြီးက ပြောသည်။ [...]

အမှတ် (၂၀)၊ စက်တင်ဘာလ (၂၇) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၀)

စက်တင်ဘာလ (၂၇) ရက်၊ (၂ဝ၁၂) ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်း လဆန်း ၁၂ ရက်) [...]

နာမည်ပျက်စေရန် ရည်ရွယ်၍ တရားစွဲသူကို ယင်းပုဒ်မအတိုင်း ဖိုးသောကြာက တရားပြန်စွဲ
သရုပ်ဆောင် ဖိုးသောကြာက “တကယ်တော့ ကျွန်တော်
ဖြစ်နေလို့ နာမည်ဖျက် ချင်တာပါ။ နဂိုကတည်းကလည်း ကြိုတင်ကြံစည် ထားတာပါ။ကျွန်တော့် အမေကလည်း သင်္ဃန်းကျွန်း ရဲစခန်းမှာပဲ သူတို့ဖွင့်ခဲ့တဲ့ ပုဒ်မအတိုင်း
ဒေါ်တင်တင်အေးနဲ့ မခင်ဆွေလှိုင်တို့ နှစ်ယောက်ကို အမှုပြန်ဖွင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။ [...]

အမေရိကန် ပြည်ထောင်စု၏ အမည်မည်း စာရင်းဝင်ဖြစ်သည့် ဦးဇော်ဇော် တိုင်းပြည်နှင့် လူမျိုး အတွက် အလုပ်လုပ်နေ၊ အလုပ်အကိုင်များ ဖန်တီးပေးနေ ဟုဆို
“ကျွန်တော်က ဒီတိုင်းပြည်ကို ကူညီနေတာပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးနေတာပါ။ ပြည်သူတွေကို အကူအညီ ပေးနေတာပါ။ ဒါပေမယ့် ကျွန်တော့်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံဟာ နာမည်ကောင်း ပြန်ရဖို့ လိုအပ်သလို ကျွန်တော်တို့ လည်း အဲဒီအထဲမှာ တစ်စိတ်တစ်ပိုင်း အပါအဝင် ဖြစ်ပါတယ်”ဟု ဦးဇော်ဇော်က ပြောကြား သွားခဲ့သည်။ [...]

အမေရိကန်နှင့် မြန်မာ့ ကာကွယ်ရေး အရာရှိ များက မြန်မာ့ တပ်မတော်ကို သင်တန်း များ ပြန်ပေးရန်နှင့် ဖလှယ်ရေး အစီအစဉ် များ ပြန်စတင်မည်
အမေရိကနှင့် မြန်မာ့ကာကွယ်ရေး အရာရှိများက ယခင် ကကဲ့သို့ မြန်မာ့ တပ်မတော်ကို သင်တန်း များ ပြန်ပေး ရန်နှင့် ပညာသင် ဖလှယ်ရေး အစီအစဉ်များ ပြန်စတင် ရန် တိတ်တဆိတ် ပြောဆိုခဲ့ကြသည်။ ထိုအစီအစဉ် တွင် နှစ်ဖက် ကာကွယ်ရေး ဌာနမှ တပ်မတော် အရာရှိများနှင့် အရပ်ဘက် ကာကွယ်ရေး အရာရှိ များ ပါဝင်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်ထောက် အတွင်းရေးမှူး အရာရှိကြီးများ [...]