September, 2012၊ သတင်းမှတ်တမ်းများ

အက်ပဲ(လ)က ဆမ်ဆောင်းထံမှ ဒေါ်လာ ၇ဝ၇ သန်း နစ်နာကြေး ထပ်မံရလို
အက်ပဲ(လ)နှင့် ဆမ်ဆောင်းတို့၏ မူပိုင်ခွင့် တရား ပြိုင်ဆိုင်မှုတွင် ဆမ်ဆောင်းက အက်ပဲ(လ)ကို နစ်နာကြေး ၁.ဝ၅ ဘီလျံ ဒေါ်လာပေးခဲ့ရပြီးနောက် ၊ နောက်ထပ် နစ်နာကြေး ဒေါ်လာ ၇ဝ၇ သန်း ရလိုကြောင်း၊ သောကြာနေ့တွင် အက်ပဲ(လ)က ထပ်မံတရား စွဲဆိုလိုက်ပြန်ရာ ဆမ်ဆောင်းအနေဖြင့် စုစုပေါင်း ၂ ဘီလျံဒေါ်လာပေး ရန် ရှိသည်။ ဆမ်ဆောင်းကမူ တရားရင်ဆိုင်မှု အသစ်တစ်ခု ဖြစ်စေလိုကြောင်း၊ အနည်းဆုံး သူပေးဆောင် ရမည့် နစ်နာကြေးကို [...]

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းပု သုဝဏ္ဏဘူမိ တွင် ပြသမည်
အမေရိကန် နိုင်ငံမှ နာမည်ကျော် ပန်းပုပညာရှင် ဂျင်မက်နေးလ် (Jim Mc Nails) ၏ အောင်ဆန်း စုကြည် ပုံတူ ပန်းပုပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ၂ဝ၁၂ စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို အာရှတွင် ပထမဆုံး အကြိမ်အဖြစ် ပြသခြင်း ဖြစ်ကြောင်း ပန်းပုဆရာက ဆိုပါသည်။ [...]


မြန်မာ ယူနီကုတ်နှင့် ပတ်သက်သော စာတမ်း ဖတ်ပွဲ တစ်ခု ကျင်းပသွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ မစ္စတာဘရောင်း ကော်ဖီဆိုင် တွင် ပြုလုပ်သည့် ကွန်ပျူတာသုံး မြန်မာစာစနစ် စိတ်ဝင်စားသူများ တွေ့ဆုံပွဲမှ သိရသည်။ အဆိုပါ စာတမ်းဖတ်ပွဲကို လာမည့် အောက်တိုဘာ လကုန်ပိုင်းခန့်တွင် ပြုလုပ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ [...]

မိုင်းနား စက်မှုဇုန် စီမံကိန်းကို ဒေသခံ ပြည်သူများ ကန့်ကွက်
ထိုစီမံကိန်းသည် ရွာ ၁၇ ရွာ ၏ အဓိက လုပ်ကိုင် စားသောက် နေသော လယ်ယာမြေများ ဖြစ်သည်။ စက်မှုဇုန် စီမံကိန်း ဧရိယာ ဧကပေါင်း ၄၅၅၂ ဧက ဖြစ်ကြောင်း၊ မြေစာရင်းမှ ထုတ်သော မြေပုံအရ သိရသည်။ ထိုမြေနေရာ များတွင် ရွာ ၁၇ ရွာမှ ဒေသခံများ၏ ရာသီပေါ် သီးနှံခြံများ၊ နှစ်ရှည်ပင်များ၊ ဆန်စပါးများနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသော မြေနေရာများ [...]


စာပေစိစစ်ရေး စနစ် ပပျောက်သွားသော်လည်း မီဒီယာများအနေဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ အနာဂတ်၌ ရင်ဆိုင်ရနိုင်ကြောင်း၊ သို့ရာတွင် မီဒီယာများဘက်မှ မှန်ကန်သည့် မီဒီယာ လွတ်လပ်ခွင့် ဥပဒေများ ရှိသည့်အတွက် စိုးရိမ်စရာ မလိုကြောင်း၊ မီဒီယာများ၏ ရိုက်ကူး တင်ဆက် ရေးသား ဖော်ပြမှုများသည် ပြည်သူ့အကျိုးအတွက်သာ ဖြစ်သောကြောင့် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် ယခုကဲ့သို့ တရားစွဲဆိုမှုများ မရှိသင့်ကြောင်း၊ ထို့ကြောင့် စာနယ်ဇင်း ဥပဒေမူကြမ်း ရေးဆွဲရာတွင် မီဒီယာများ ကို တရားစွဲဆိုမှု [...]


“မြေသိမ်း ယာသိမ်းကအစ လူ့အခွင့်အရေး ချိုးဖောက် တဲ့ ကိစ္စတွေမှာ ပြည်သူလူထုရဲ့အခက်အခဲ တွေကို ရပ်ကွက်ရုံးတွေကစပြီး ကိုင်တွယ် ဖြေရှင်းပေး မှာပါ။ ပြည်သူလူထု အခက်အခဲ အကျပ်အတည်းတွေကို
ရုံးတွေမှာ လာတင်ပြတယ် ဆိုရင် ဒေသခံ အာဏာပိုင်တွေနဲ့ ဦးစွာပထမ ညှိနှိုင်းပြီး ဆောင်ရွက် ပေးပါမယ်။ ဒါကိုမှ အဆင်မပြေဘူး ဆိုရင် ကျွန်မတို့ တစ်ဆင့် တစ်ဆင့် တက်သွားပြီး အခုဗဟိုအဆင့်အထိ တင်မှာ ဖြစ်ပါတယ်။ [...]


မြန်မာ့စီးပွားရေး ချွတ်ခြုံကျ ရသော ပြဿနာများကို
ဖြေရှင်းရာတွင် ငွေပင်ငွေရင်း တစ်ခုတည်းကိုသာ တရားခံ အဖြစ် မြင်လျှင် ကျဉ်းမြောင်းသော အမြင်သာ ဖြစ်ပေ လိမ့်မည်။ လူသားရင်းမြစ်၊ မူဝါဒနှင့် သယံဇာတ၊ ပစ္စည်း ပစ္စယ စသည့် အခြားအရေးပါသော တွန်းအားသုံးခု၏ အားနည်းချက်ကို ပြင်ဆင်နိုင်မှု မရှိလျှင် ငွေပင်ငွေရင်း ရင်းနှီးမြှုပ်နှံမှု ဟူသည် ပလိုင်းပေါက် နှင့် ဖားကောက်သကဲ့သို့လည်းကောင်း၊ အပေါက်ပါသည့် အိုးကို ရေဖြည့် သကဲ့သို့ လည်းကောင်း [...]


ဦးသျှောင်ကြယ်သူကြီးကို ကန်ကြီးနှင့် မတွေ့မီ
ပေါက်ဖော်ကြီးတွေက တင်ကြိုတံဆိပ်ကပ်၏။
ကမ္ဘာပတ်လာသည့် ကြယ်မေမေကိုလည်း
စတားကြိုနည်းနှင့် ကြိုသူက ကြို
“ငြိမ်း”မလိုသူအဖြစ် စွပ်စွဲသူက စွဲကြသည်။
ရှစ်စဉ်ကြယ်စုထဲမလည်း
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို လက်ရှောင်သူက ရှောင်
ပြေလည်စ “ခုံ”ကလေးအတွက် ကြောင်သူက ကြောင်
နိုင်ငံရေး ရသ သမားလိုလို ယောင်သူက ယောင်လာ၏။ [...]

မြန်မာပြည် မြောက်ပိုင်းမှ ငြိမ်းချမ်းရေး ခရီးသည်
မြန်မာပြည် မြောက်ပိုင်းမှာ ၁၉၆ဝ ခုနှစ်မှစပြီး ကချင်တော်လှန်ရေး စတင်ခြင်း နှင့်အတူ မြန်မာပြည် ရဲ့ ပြည်တွင်း စစ်မီးဟာ မြောက်ပိုင်းထိ ကူးစက်ခဲ့တာပါ။ ပင်လုံစာချုပ်ကို ကျောခိုင်း သွားတယ်လို့ ယူဆချက်က ယနေ့တိုင် ကချင်အမျိုးသားတို့ စိတ်မှာ လွမ်းလွမ်းဆွေးဆွေး ကိန်းအောင်းနေဆဲ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (နအဖ)လက်ထက်မှာ တော့ KIA နှင့် တပ်မတော် [...]

မယုံကြည် သေးသော်လည်း အားကိုးမိကြသည့် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ နစ်နာချက် ၄ ရပ် ရှိဟုဆို
(၁) ကျွန်ုပ်တို့ ရရှိမည့် ဘွဲ့သည် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်ဘွဲ့နှင့် ယှဉ်လျှင် ဘဝအာမခံချက် လုံးဝမရှိခြင်း၊ (၂) ကျွန်ုပ်တို့ တက္ကသိုလ်ဝင်ခွင့် လျှောက် ထားစဉ်က ကွန်ပျူတာနှင့် ပတ်သက်သော တက္ကသိုလ် ပညာရေးကို ရွေးချယ်ရာတွင် ယခု အဆင့်မမီဟု ပြောကြားခြင်း ခံရသော ကွန်ပျူတာ တက္ကသိုလ်များမှ အပ ယခုကဲ့သို့ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် ဟူ၍ မရှိခဲ့ခြင်း၊ (၃) ဆယ်စုနှစ် တစ်ခုနီးပါး သင်ကြားလာခဲ့သော [...]