September, 2012၊ သတင်းမှတ်တမ်းများ

မန်းမြို့တော် စည်ပင်၏ ဒုတိယ အကြိမ်မြောက် စက်ယန္တရားဖြင့် ဖြိုခွင်းခြင်း အစီအစဉ် အောင်မြင်မှု မရှိ၊ ထောင်ချီသည့် လူအုပ်ကြီး၏ ဝန်းရံ ပိတ်ဆို့မှုကြားထဲ မန်းမြို့တော်ဝန် နာရီပိုင်းမျှ ပိတ်မိနေ
ကျူးကျော်သူများဟု စွပ်စွဲခံရသည့် ပြည်သူများ၏ ဝိုင်းဝန်း ပိတ်ဆို့ မှုများကြောင့် ကန်ကြီးကုန်း ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း ခေတ္တမျှ ပိတ်မိနေသည့် မန်းမြို့တော်ဝန်သည် ၈၈ မျိုးဆက် ကျောင်းသား ရဲဘော် ဟောင်းများ အကူအညီဖြင့် လိုရာခရီးသို့ သွားရောက်နိုင်ခဲ့သည်။ မန္တလေးမြို့တွင် ယခင် တပ်မတော်အစိုးရ လက်ထက်မှ စတင်ခဲ့သည့် မြေယာ အရှုပ်အရှင်း ပြဿနာ များနှင့် ပတ်သက်၍ လက်ရှိအစိုးရ အနေဖြင့် မြို့ကွက်သစ် မြေနေရာများတွင် အကြောင်းအမျိုးမျိုးဖြင့် နေထိုင် ကြသူများကို [...]

“ဒေါင်းတွန်သံ သမဂ္ဂစာစဉ်” မုံရွာ တက္ကသိုလ် ကျောင်းသားများ စီစဉ်ထုတ်ဝေပြီ
မုံရွာတက္ကသိုလ်၊ ကျောင်းသား သမဂ္ဂမှ ဦးစီး ပြီး ဒေါင်းတွန်သံ သမဂ္ဂ စာစဉ် အမှတ်(၁)ကို စက်တင်ဘာလ ထုတ် အဖြစ် ထုတ်ဝေ လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာ လဆန်းပိုင်း ကတည်းက ထုတ်ဝေရန် ပြင်ဆင်ထားသော် လည်း လက်ပံတောင်းတောင် စီမံကိန်းကိစ္စ ထိန်းသိမ်းခံရသူများ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းဆန္ဒထုတ်ဖော်မှု များ ပြုလုပ်နေသဖြင့် ယင်းကိစ္စ ပြီးပြတ်သွားမှသာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ကြောင်း သိရသည်။ [...]

ဖောင်စီးရင်း ရေငတ်နေသည့် မြန်မာ့ ကြိမ်လုပ်ငန်း
“ဒီရေကြည်ကို ပို့တဲ့ ကြိမ်အကြမ်းထည်တွေက တရုတ် ကို ရောင်းတဲ့ ပစ္စည်းတွေထက် စာရင် အစွန်အဖျား
လောက်ပဲ ရှိတယ်။ တရုတ်က အကြမ်းထည် ကို မြန်မာဘက် က ဈေးသက်သက်သာသာနဲ့ ဝယ် အချောထည် လုပ်ပြီး တကယ့် ဈေးကွက်ဖြစ်တဲ့ အီးယူလို နိုင်ငံကို ပို့ပြီး သက်သာတဲ့ ဈေးနဲ့ ရောင်းတယ်။ မြန်မာက တကယ့်ကြိမ် ထွက်တဲ့ နိုင်ငံဖြစ်ပြီး ဒေသတွင်း လုပ်ငန်းတွေအတွက် ကုန်ကြမ်းဈေး မြှင့်တော့ [...]


ချင်းမိုင်တက္ကသိုလ်၊ လူမှုသိပ္ပံ ဌာနတွင် ဖွင့်လှစ်သော CDCE အစီအစဉ်သည် ၂ဝဝ၆ ခုနှစ်မှ စတင် ကာ မြန်မာနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ဝန်ထမ်းများအား ဖွံ့ဖြိုးရေးလုပ်ငန်း များ စီမံအုပ်ချုပ်ခြင်းကို သုံးလကြာ သင်ကြားပေးသော အစီအစဉ်ဖြစ်ပြီး ယင်းသင်တန်းအား တစ်နှစ်လျှင် နှစ်ကြိမ် (ပထမအကြိမ် လျှောက်လွှာ ခေါ်ယူခြင်းအား မတ်၊ ဧပြီလများနှင့် ဒုတိယအကြိမ် လျှောက်လွှာခေါ်ယူခြင်းအား စက်တင်ဘာလ) ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။ [...]

နိုင်ငံပိုင်သတင်းစာ မကြာမီကာလတွင် အဖြူအမည်းမှ ရောင်စုံပြောင်းတော့မည်
“အောက်တိုဘာလထဲမှာ ကာလာသတင်းစာ ထုတ်နိုင်အောင် ပြင်ဆင်နေပါတယ်။ ထုတ်လည်း ထုတ်ဖြစ်မှာပါ။ အခုလုပ်နေတာကတော့ စာ ၁၆ မျက်နှာကတော့ ကာလာပါ၊ ၄ မျက်နှာကတော့ အဖြူ အမည်းပါ။ အောက်တိုဘာလထဲ တစ်ရက်ရက်မှာ စတင်ဖို့ ပြင်ဆင်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ [...]


ဘက်စ်ကားများ ပြိုင်ဆိုင်မောင်းနှင်ခြင်း၊ ရပ်ချင် သည့် နေရာ ရပ်၍ လူအတင်အချ ပြုလုပ်ခြင်း၊ ထိုင်ခုံရှိ လူသာ တင်မည်ဆိုသော်လည်း တစ်စီးလုံး အပြည့် အသိပ် တင်ခြင်း၊ အတွယ်များ များစွာတင်ခြင်း၊ မီးပွိုင့်တွင် ယာဉ်ကြော ပြောင်းပြန်မောင်းခြင်း များကို ရန်ကုန်မြို့ အနှံ့အပြားတွင် နေ့စဉ် အလွယ်တကူ တွေ့ရှိနိုင်သည်။ ထိုကဲ့သို့ စည်းကမ်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရဲသည်မှာ ယာဉ်ထိန်းရဲများ လာဘ်စားပြီး ဘက်စ်ကား များကို အရေးမယူခြင်း များကြောင့်ဖြစ်သည်ဟု [...]

မြန်မာ့နိုင်ငံရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရာမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီလည်း ပါဝင်နိုင်ရန် ကြိုးစားမည်
အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း ပြီးနောက် ယင်းတို့ပါတီ ကို အမည်ပျက် စာရင်းမှ ပယ်ဖျက်လိုက်ပြီး ပါတီဝင် ပုဂ္ဂိုလ်များကိုလည်း အမည်ပျက် စာရင်းမှ ထုတ်ပယ် လိုက်ပြီး ဖြစ်သည့်အတွက် ယင်းတို့ ပါတီတစ်ရပ်လုံး အနေဖြင့် ပြည်တွင်းသို့ တရားဝင် ပြန်လည် ဝင်ရောက်ခွင့် ရှိမရှိနှင့် နိုင်ငံရေး လှုပ်ရှားခွင့် ရှိမရှိတို့ကိုလည်း ဆက် လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ [...]

အဓိက ပြချင်တဲ့ အရောင်တွေ လိုင်းတွေကို လူစိတ်ဝင်စားလာအောင် အကောင်လေးတွေကို ထည့်ဆွဲထားတာ ဆိုတဲ့ ပန်းချီစိုးနိုင်
ပြပွဲတွင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၂ခုနှစ် အတွင်း ယင်းရေးဆွဲ ခဲ့သည့် ဆီဆေး ပန်းချီကားပေါင်း ၁၁၂ ကားကို Untitle Series အနေဖြင့် ပြသထားခြင်း ဖြစ်သည်။ ပြပွဲနှင့် ပတ်သက်၍ ပန်းချီဆရာ စိုးနိုင်က “ဒီကားတွေကို လုပ်ဖြစ်ခဲ့ တာလည်း ပွဲအတွက် ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘဲ ကိုယ် ရေးချင်တာလေးတွေ ရေးကြည့်ထားတာ။ စိတ်ကလည်း စုစည်းလို့ရတယ်။ အဲဒါကြောင့် လုပ်ဖြစ်ခဲ့တာ”ဟု ပြောသည်။ [...]

မူဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ထုတ်လုပ်သူကို ပါကစ္စတန် မီးရထား ဝန်ကြီးက ဆုငွေထုတ်
အမေရိကန် ပြည်ထောင်စုတွင် ထုတ်လုပ်ခဲ့သော မူဆလင် ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်သူကို အသေသတ် နိုင်သူကို ဆုငွေဒေါ်လာ ၁ဝဝ,ဝဝဝ ပေးမည်ဟု ပါကစ္စတန် မီးရထားဝန်ကြီး ဂူလန်အာမက် ဘီလာက ကမ်းလှမ်းလိုက်ပြီး တာလီဘန်နှင့် အယ်(လ)ကိုင်းဒါး တို့ကို “ဘာသာရေး တာဝန်” ယူရန် တောင်းဆို လိုက်သည်။ ဆုငွေကို သူ့အိတ်ထဲမှ စိုက်ထုတ်ပေးမည် ဟုလည်း ဆိုပါသည်။ [...]

ရုရှပန့်(ခ) ဂီတအဖွဲ့ Pussy Riot ကို လွှတ်ပေးရန် ဒေါ်အောင်ဆန်း စုကြည် တောင်းဆို
ရုရှပန့်(ခ)ရော့ဂီတအဖွဲ့ Pussy Riot အဖွဲ့ဝင်များကို အကျဉ်းချ ထားခြင်းမှ လွှတ်ပေးရန် ဒေါ်အောင်ဆန်း စုကြည်က လွန်ခဲ့သော ကြာသာပတေးနေ့က တောင်းဆို လိုက်ပါသည်။ အစိုးရ မဟုတ်သည့် လူ့အခွင့်အရေး အဖွဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး၏ ကြီးမှူးကျင်းပသော ပွဲတစ်ပွဲတွင် အကျဉ်းကျခံ Pussy Riot အဖွဲ့ဝင် သုံးဦးထဲမှ Nadia Tolokomnikova ၏ မိသားစုဝင်တစ်ဦးထံမှ ပန်းစည်းကို လက်ခံ ယူခဲ့အပြီးတွင် ဒေါ်အောင်ဆန်း [...]