October, 2012၊ သတင်းမှတ်တမ်းများ

ရခိုင် အရေးဒေသခံနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အမြင်ကွဲလွဲ၊ ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့် အားနည်း၊ နိုင်ငံတော်မှ ထိရောက်စွာ မကိုင်တွယ်နိုင်ဟု သုံးသပ်
အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးသည် တည်ငြိမ်မှု မရှိသေးဘဲ ဒေသခံများ နှင့် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ အကြားတွင် အမြင် ကွဲလွဲနေကြောင်း၊ ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့် အားနည်းကြောင်းနှင့် နိုင်ငံတော်မှ ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။ [...]

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ် ပွဲတော် အထူးစည်ကား၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကိုးထပ်ကြီး စေတီများတွင် ဘုရားဖူးများ ကုသိုလ်ယူကြ
ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်သောကြောင့် ဘုရားဖူးလာသူ၊ ဥပုသ်သီလယူသူ၊ သက်ကြီး ရွယ်အို များ၊ အချိုရည်အအေးနှင့်ဆေး ဝါးဒါနပြုသူများနှင့် စည်ကားလျက်ရှိ သည်။ ထိုသို့ ဘုရားဖူးလာသူများပြား ခြင်း ကြောင့် ဘုရားသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများ၌ ကားပိတ်၍ ကားကျပ်ခြင်း၊ ကားခနှုန်းထား အနည်း ငယ် ပို၍ ကောက်ခံခြင်းများ ရှိကြောင်း သိရသည်။ [...]


နိုဝင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို မြန်မာပြည်တွင်း၌ ကျင်းပ ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့က အဆိုပြုထားပြီး မူဆယ် သို့မဟုတ် ဗန်းမော်မြို့တွင် ကျင်းပရန် ကမ်းလှမ်း ချက်ကို ကေအိုင်အိုမှ ငြင်းဆိုခြင်း မရှိသည့်အတွက် သဘောတူညီချက် ရသည်ဟု သတ်မှတ်ရမှာ ဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံရေး ဆွေးနွေးမှုများ ပါဝင်မှာဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ကေအိုင်အေမှ ဗိုလ်မှူးချုပ် ဂွမ်မော် [...]

ပုဂံဘုရားများအပေါ် တက်ရောက်ခွင့် တားမြစ် ပိတ်ပင်ခြင်းကို ကျေနပ်မှု မရှိ
မြင်းကပါ ရွာသားတစ်ဦးကလည်း “ခရီးသွား ဧည့် သည်တွေက ဘုရားပေါ်မှာ အနားယူကြပြီဆို အကြာကြီး နေကြတာဗျ။ အဲဒီအချိန်တွေဆို သူတို့ လိုအပ်တာလေးတွေ သွားပြီး ရောင်းချ ကြတာ။ သူတို့လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း အဆင်ပြေ။ တချို့ နိုင်ငံခြားသား တွေဆို သူတို့ မေးတာ တွေကို တတ်သလောက် မှတ်သလောက်နဲ့ ပြန်ဖြေပေးရင် အရမ်းသဘောကျကြတာ၊ မုန့်ဖိုးပေးတော့ လည်း ယူလိုက်တာပဲ။ ရိုးရိုးသားသား ရတဲ့ ငွေပဲဟာ” [...]

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် စီမံကိန်း အတွက် သိမ်းဆည်း ထားသည့် မြေယာများ အရေး ပြေလည်မှု မရှိသေး
စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အဆောက် အဦ ဆောက်လုပ်ရန်ဟု ဆိုကာ သိမ်းယူထား သည့် မြေယာ ၄၁ ဧက အတွင်းမှ အဆောက် အဦ ဆောက်လုပ်ခြင်း မရှိသေးသည့် မြေယာများပေါ် ၌ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် မြေသိမ်းခံ လယ်သမားများက ဝါး၊ သစ်သားများဖြင့် ခြံဝန်းများ ခတ်ခဲ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် မေးမြန်းခဲ့ကြပြီး [...]


မျက်စိအမြင် အာရုံ ချို့ယွင်းသူများသည် မွေးစကပင် ချို့ယွင်းသူများ ရှိသကဲ့သို့ တစ်စုံတစ်ခုသော အကြောင်း အရာမျိုးစုံတို့ကြောင့် အမြင်အာရုံ ချို့ယွင်းပျောက် ကွယ်ကြ သူများလည်း ရှိသည်။ ထိုသူတို့ အတွက် ဘဝသည် အရှုံးဟူ၍ မခံ ယူစေရန်၊ သူတစ်ပါးကို မှီခိုရခြင်း မှ ဝေးကွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်စေရန်၊ မျက်မမြင်များ၏ ကာယရေး၊ ဥာဏရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပေ ပညာ၊ လက်မှုပညာ စသည့် [...]


ပြည်ပနိုင်ငံ အချို့က အထည် တွေလို ဈေးနှုန်း ချိုချို မထုတ်လုပ်နိုင်တာရယ်၊ လိုအပ်ချက်အမီ ပစ္စည်းပေါပေါ များများ မထုတ်လုပ် နိုင်တာ ရယ်၊ အလုပ်သမားခ ကလည်း နည်းပါးပြီး ယနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ မစားလောက်တာကြောင့် ရက်ကန်းသမ တွေလည်းနည်း၊ လုပ်ငန်းကလည်း မကိုက်ဆိုတော့ ရက်ကန်းလုပ်ငန်းတွေ တော်တော်များများ ရပ်နားထား ကြရပြီပေါ့ဗျာဟု ပခုက္ကူဒေသခံ တစ်ဦးကလည်း ယနေ့ခေတ် ရက်ကန်းလုပ်ငန်း အခြေအနေရှင်းလင်း ပြောကြားသည်။ [...]

ဗူးဘုရား မျက်နှာစာရှိ ဇာတ်ခုံနှင့် ညဈေးတန်းများ ဖယ်ရှားစေလို၊ ယာယီသာ ဖြစ်ပြီး ပြန်လည် ဖျက်သိမ်းပေးရန် တင်ပြပြီးဖြစ်
“ပုဂံမြို့က စေတီပုထိုး ကျောင်းကန်တွေထဲမှာ ဟို တယ်တွေ၊ စားသောက်ဆိုင်တွေ၊ လူနေအိမ်တွေ နေရာ ယူထားခြင်း ကြောင့်သာ ကျွန်တော်တို့ အခုလို ဆန္ဒဖော် ထုတ် တောင်းဆိုကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုင်ဆောင် ထားတဲ့ ဆိုင်းဘုတ်တွေ တင်မကဘဲ ကျန်တဲ့ ဆိုင်းဘုတ်တွေကိုလည်း ကန့်သတ် ထားပါတယ်” ဟုယင်းကပြောသည်။ [...]


ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မည့် ယခု အထူး စီးပွားရေးဇုန် သည် ဂျပန်ဇုန် မဟုတ်ကြောင်း၊ အဆိုပါဇုန်တွင် ဇုန်ကို အကောင်အထည် ဖော်မည့်သူ (Developer) နှင့် စက်ရုံဆောက်လုပ်ကာ စီးပွားရေး လုပ်ကိုင်မည့်သူ (Investor) ဟူ၍ ရင်းနှီး မြှုပ်နှံမှု အမျိုးအစား နှစ်မျိုး ခွဲခြားထားကြောင်း၊ နိုင်ငံတကာ၏ လုပ်ထုံးများနှင့် အညီ အဆိုပါ အထူးစီးပွားရေး ဇုန်အတွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အတွက် မြေငှားရမ်းပေးရန် [...]

ကလေးသူငယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်
မာလာလာ Malala Yusufzai လေးက အခုထိ အသက်ရှုစက်နဲ့ နေရတုန်းလို့ ဆိုပါတယ်။ သူက အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ပါ။ မိန်း ကလေးတွေ ပညာသင်ကြားခွင့် ရအောင် ပြောဆို ခဲ့တဲ့အတွက် တာလီဘန် တစ်ယောက်ရဲ့ သေနတ်နဲ့ ပစ်ခတ်တာကို ခံရသူပါ။ တကယ်တော့ သူတို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေး ဆိုတာ ပညာတတ်စရာ မလိုဘူးလို့ ခံယူတတ်ကြတာကိုး။ [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72