October, 2012၊ သတင်းမှတ်တမ်းများ


မီဒီယာလွတ်လပ်ခွင့်အထိုက် အလျောက်ရှိလာသည့် သမ္မတ အုပ်ချုပ်သော အရပ်သား အစိုးရလက်ထက် တွင် မီဒီယာများ၏ ရေးသား ဖော်ပြချက် များနှင့် ပတ်သက်၍ တရား စွဲဆိုမှုများပြုလုပ်လာကြရာ တွင် နိုင်ငံရေး ပါတီကြီးတစ်ခုမှ ယခုကဲ့သို့ တရားစွဲဆိုခြင်း အပေါ် မီဒီယာ အသိုက်အဝန်းမှ လွန်စွာဝမ်းနည်း ကြရကြောင်း၊ တရားစွဲဆိုခြင်း မပြုမီ အဆင့်ဆင့်ညှိနှိုင်းသင့်ကြောင်း၊ နောက်ဆုံးအဆင့်ထိမရောက်မီ တရား စွဲဆိုခြင်းပြုလုပ်သည်မှာ ရန်လိုသည့် သဘောမျိုး သက်ရောက်ကြောင်း၊ ဖြစ်နိုင်ပါက စာနယ်ဇင်းကောင်စီများ နှင့် [...]


အသွင်မတူမှုကို ပြဿနာဟု ရှုမြင်လိုက်သည်နှင့် တစ်ပြိုင် နက် ပဋိပက္ခသည် အသွင်ပြောင်းတော့မည်ဟု သတိကြီးစွာ လည်း ထားကြစေလိုပါသည်။ နိုင်ငံ့ နယ်နိမိတ်ကို ကျူးကျော် ဝင်ရောက်မှုများ လုံးဝမရှိ ဟု မငြင်းသည့်တိုင် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူနိုင်သော နိုင်ငံခြားသားများ ရခိုင်ပြည်နယ်တွင် မရှိဟု ဆိုရာရောက်သည့် အဖြေကို စေ့စေ့စပ်စပ် တွေးကြစေလိုပါသည်။ [...]


ဝါလကင်းလွတ် သီတင်းကျွတ်ချေပြီ။
ဆီမီးကား မမြိုင်၊ လျှပ်စစ်မီးကား ဖျောက်ဆိပ်
သို့သော် ဟုန်းဟုန်းတောက်နေသော မီးများ ရှိနေ၏။
ဗြဟ္မစိုရ်တရားလေးပါး ပြာကျသွားသည်။
လူသားချင်းစာနာထောက်ထားမှု မီးသွေးခဲဖြစ်သွားသည်။
မီးမွှေးသူများလည်း မရှား
လောင်စာများလည်း အဆင်သင့်
မြေပေါ်မြေအောက် အဆင်းချောက်တွန်းမည့်သူများ
ပြည်တွင်းပြည်ပ အတင်းလျှောက်ဝေသူများလည်း
မနည်းမနော၊ အံ့ကြီးပင်ဩရ၏။ [...]

ဂျပန်နိုင်ငံသူ စာရေးဆရာမ နိုရီကို မြန်မာနိုင်ငံ သို့ ရောက်ရှိ
ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် အခြေစိုက် နေထိုင် ပြီး ဒေါ်အောင်ဆန်း စုကြည် မိသားစုနှင့် အကျွမ်းတဝင် ရှိသူ၊ စာရေးဆရာမ နိုရီကိုသည် ခင်ပွန်း အို့စု ဆာတာယိုရှိ နှင့်အတူ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၁ ရက်နေ့က ရောက်ရှိခဲ့ပြီး နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ စာရေးဆရာမ နိုရီကိုသည် အောက်တိုဘာ ၂၈ ရက်နေ့တွင် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်တိုက်သို့ လာရောက်ခဲ့ပြီး အယ်ဒီတာအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ [...]

ဗိုလ်ချုပ် အောင်ကြီး ကွယ်လွန်ပြီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စတင် ထူထောင် ခဲ့စဉ် ပါဝင်ခဲ့သော ဗိုလ်ချုပ် အောင်ကြီးခေါ် သခင် အောင်ကြီး (ပေါင်းတည်)၏ ဈာပနကို ယနေ့ နံနက် ၁၁ နာရီက ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ကြီးသည် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ [...]

မြန်မာတို့ HIV/AIDS ကုသရေး လစ်ဟာမှု ကျဉ်းမြောင်း စေနိုင်ပြီ
Global Fund ၏ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး၊ တီဘီရောဂါ တိုက်ဖျက်ရေးနှင့် ငှက်ဖျားရောဂါ တိုက်ဖျက် ရေး အကူအညီများ ပြန်လည် ဝင်ရောက် လာသဖြင့် ယခုအခါ မြန်မာနိုင်ငံ၏ HIV/AIDS ကုသရေး၌ ကြီးစွာ သော ဆေးဝါး မလုံလောက်မှုနှင့် အခြား လစ်ဟာမှုများကို ကျဉ်းမြောင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ အကူအညီ များကို ပြန်လည်ရရှိခဲ့သည်မှာ ယမန်နှစ် နိုဝင်ဘာလမှ စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ နယ်စည်းမခြား [...]

အိန္ဒိယသို့ ပထမဆုံး ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်း စုကြည် သွားရန်ရှိ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် သူ ပညာသင်ကြားခဲ့ရာဖြစ်ပြီး သူ့မိခင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ အိန္ဒိယနိုင်ငံသို့ ၂၅ နှစ်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ခရီးစဉ် စီစဉ်သူတစ်ဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြား ခဲ့သည်။ [...]

နော်ဝေနှင့် ဒိန်းမတ် ဝန်ကြီးချုပ်များ မြန်မာပြည် လာမည်၊ သံရုံးသစ်များ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်ရှိ
နော်ဝေ ဝန်ကြီးချုပ် မစ္စတာ ဂျန်(စ)စတိုတင်ဘတ် (Mr.Jen Stoltenberg) သည် နိုဝင်ဘာ ၃ရက် နှင့် ၄ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက် မည်ဖြစ်ပြီး နော်ဝေ သံရုံးသစ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ပြီး မြန်မာနိုင်ငံသို့ သွား ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ [...]

ဩစတြေးလျ၏ အကြီးဆုံး ရေနံကုမ္ပဏီ မြန် မာ့ ရေနံ လုပ်ကွက်သို့ ဝင်ရောက်တော့မည်
ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီဖြစ်သော Woodside သည် မြန်မာနိုင် ငံ ကမ်းလွန် ရေနံလုပ်ကွက် AD 7 တွင် လုပ်ကိုင်ခွင့် ရရှိထားသော Daewoo International ထံမှ ၄ဝ% အစု ခွဲဝေ ရောင်းချပေးရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လုပ်ကွက်အမှတ် AD 7 သည် [...]


“ဘတ်ဂျက်မှာ လုံလောက်တဲ့ ငွေဆိုတာ ကျွန်တော်တို့ ဆရာတွေကို လုံလောက်တဲ့ လစာ ပေးနိုင်တဲ့ငွေ ဖြစ်ရ မယ်။ အခြားနိုင်ငံတွေမှာ ကြည့်ရင် ပညာရေး အသုံး စရိတ်ရဲ့ သုံးပုံနှစ်ပုံဟာ ဆရာတွေကို လစာ ပေးတာပဲ။ ကျန်တဲ့ သုံးပုံတစ်ပုံက ကျောင်းသားတွေရဲ့ စာအုပ်ဖိုး၊ ကျောင်းအဆောက်အအုံ ဆောက်တာမျိုးပါ။ အဲဒီတော့ ပညာရေးဘတ်ဂျက် ဘယ်လောက်လိုလဲလို့ တွက်ရင် ကျွန်တော်တို့နိုင်ငံမှာ ဆရာတွေ ဘယ်လောက်ရှိလဲ၊ နောက်ထပ်ဆရာ ဘယ်လောက်လိုလဲ၊ အဲဒီဆရာတွေကို [...]