October, 2012၊ သတင်းမှတ်တမ်းများ

အာဆီယံနိုင်ငံများအတွင်း လုပ်ငန်းခွင် ကျွမ်းကျင် မှု အသိအမှတ်ပြုရေး စီမံကိန်း မြန်မာတွင် စတင်ပြီ
၂ဝ၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများ အကြား စီး ပွားရေး ပေါင်းစပ်မှုအတွက် အရေးပါသော အလုပ် အကိုင် ဆိုင် ရာ ကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုရေး စီမံကိန်း (Skill Recognition System in ASEAN Project) အရ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းခွင် ကျွမ်းကျင်မှု အဆင့် သတ်မှတ်နိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ တာဝန်ရှိသူက ယခုလ [...]

သာသနာ့ ဇေယျုံကျောင်းတိုက်
သာသနာ့ဇေယျုံကျောင်းတွင် မိဘမဲ့ပရဟိတဂေဟာကို ၁၉၅၄ ခုနှစ်တွင် ကျောင်းထိုင် ဆရာတော် ဦးရေထာနှင့် အကျိုးဆောင်အဖွဲ့ များမှ ကျောင်းသားဦးရေ ၅၅ ဦး ကိုလက်ခံပြီး စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ [...]

သမ္မတကြီးနှင့် သူ၏သတင်းထောက်များ
မီဒီယာသမားများ၏ ပျော်ရွှင် တက်ကြွမှုများသည် ကြာရှည်မခံ၊ အိမ်တော်ရောက်ရှိပြီး ဝင်ခွင့်ကတ် လဲလှယ် ရာတွင်ပင် အဖုအထစ်များ စတင်ကြုံတွေ့ ရတော့သည်။ သတင်းထောက် ၁ဝဝ ကျော်ကို ဝင်ခွင့်ကတ် လဲလှယ်ပေးမည့် ဝန်ထမ်းက ၂ ဦး တည်းသာ။ မဆီမဆိုင် ဆရာဇော်ဂျီ ၏ ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်တည်းဆိုသည့် ကဗျာကို သတိရလိုက်မိသေးသည်။ [...]

ရခိုင် အရေးအတွက် သံဃာတော်များ ဆန္ဒထုတ်ဖော်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများနှင့် ပတ်သတ်၍ ယနေ့ နေ့လည် (၁)နာရီက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် သံဃာတော် အပါး (၁ဝဝ)ကျော်တို့က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ ယင်း ဆန္ဒပြပွဲတွင် (၁) နိုင်ငံတော် အစိုးရမှ ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အမြန်ဆုံး ကာကွယ်ပေးရန်။ (၂) ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းအားလုံး ရခိုင် ပြည်သူလူထုအတွက် ဝိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်ပေးရန်။ (၃) ယခုဖြစ်စဉ် ဖြစ်ရပ်များသည် [...]

မြစ်ဆုံ တန်ဖရဲကျေးရွာတွင် စက်ကြီးများဖြင့် ရွှေ တူးလျက်ရှိ၊ ပြဿနာများစွာ ကြုံနေရသောကြောင့် ဒေသခံများ ရွှေမှော် ပိတ်ပေးရန် ဆန္ဒရှိ
မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာ စံပြကျေးရွာ သို့ ပြောင်းရွှေ့ခဲ့ကြရသော တန်ဖရဲကျေးရွာ ဒေသခံများ ၏ လိမ္မော်ခြံ၊ ရော်ဘာခြံများ နှင့် လယ်ယာများ တွင် ဒေသခံများကို အသိပေးခြင်း မရှိဘဲ လွန်ခဲ့သောလမှ စ၍ ခိုးဝင်ကာ စက်ကြီးများဖြင့် ရွှေတူးဖော်လျက်ရှိကြောင်း သိရသည်။ [...]


ညီလာခံတွင် လက်ပံ တောင်းတောင်အရေး၊ ကချင်ပြည် နယ် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်ငြိမ်း ချမ်းရေးနှင့် တရားမဝင်နေ ထိုင်နေကြသော ဘင်္ဂါလီများ အရေး တို့နှင့် ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် များ၊ နိုင်ငံရေး ပါတီများက အဆိုများ တင်သွင်းခြင်း၊ အမြင်များ သုံးသပ် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ ကြသည်။ ထို့ပြင် လက်ပံတောင်း တောင်စီမံကိန်းရပ်ဆိုင်းရေး သံချပ် များ၊ သီချင်းများကိုလည်း သီဆို တင်ဆက်ခဲ့ကြသလို ကဗျာဆရာ၊ စာရေးဆရာများမှလည်း [...]


စတုတ္ထမဏ္ဍိုင်၏ တာဝန်မှာ တရားစီရင်ရေး၊ ဥပဒေပြုရေး
နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များကို အပြန်အလှန် ထိန်းကျောင်း
နိုင်ရေး ဖြစ်သည်ကို လည်း မမေ့ကြရန် လိုအပ်ပါသည် ။ နိုင်ငံပိုင်မီဒီယာ၏ ဦးတည်ချက် မှာ နိုင်ငံတော်၏ ဘဏ္ဍာတော်ကို ဖြည့်တင်းပေးရန် မဟုတ်ဘဲ နိုင်ငံတော်၏ မဏ္ဍိုင်ကြီးသုံးရပ်အား ဝေဖန် ထောက်ရှုနိုင်သည့် ဩဇာအားဖြင့် နိုင်ငံသားများအား ထိုမဏ္ဍိုင်ကြီးသုံးရပ်မှ အမှန်တကယ် အကျိုးပြုနိုင် စေရေး တိုက်တွန်းပေးရန် ဖြစ်ပါသည်။ [...]


ကွန်နက်ရှင်မကောင်းသဖြင့် တမလွန်မပြောင်းမီမှာ
ဒေါင်းထားတာလေး ဆက်သိမ်းပေးရန် မှာရမတတ်
အင်တာနက်ခက်သည့်အရပ်မှ
မြန်မာနိုင်ငံသားများက
စည်းလုံးခြင်းသည် အင်အား ဆိုစကားအတိုင်း
အွန်လိုင်းမဲကို တဒိုင်းဒိုင်း ကလစ်ခေါက်ကြသဖြင့်
မြန်မာ့လုံမလည်း ဆုမလွဲတော့ပေ။
ကမ္ဘာ့လူထုလည်း မြန်မာ့ဇွဲကို အံ့လောက်၏။
အာဂ မျိုးချစ်စိတ်ပါပေ။
မအံ့ဩနိုင်ပါတော့အံ့။ [...]

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံသည် ကျေးဇူးရှိခဲ့ဖူးကြောင်း သမ္မတကြီးက ပြောကြား
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံသည် ကျေးဇူးရှိခဲ့ဖူးကြောင်း ယနေ့ပြုလုပ် သည့် ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် မြန်မာအင်ဒီပဲန်ဒင့်သို့ သမ္မတကြီးဦးသိန်းစိန်က ပြောကြားလိုက်သည်။ [...]


“ကျွန်တော်တို့ ဒေသကို လာပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေ ကို စီးပွားရေး ဖွံ့ဖြိုး မှုနဲ့ ဒေသ ခံ တွေရဲ့ အလုပ်အကိုင် ရရှိမှုတွေကြောင့် ကြိုဆိုပါ တယ်။ ဒါပေမယ့် သူတို့တွေက သူတို့ စားသောက်ဆိုင် ဟိုတယ်တွေ ကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုး ကျောင်းကန်တွေရဲ့ ပရဝုဏ်မှာပဲ ဆောက်ချင်တာ များတယ်။ ဒါကြောင့် ကန့်ကွက်တယ်။ [...]