November, 2012၊ သတင်းမှတ်တမ်းများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး သပိတ်အား အကြမ်းဖက် နိုမ်းနင်းမှုနှင့် နောက်ဆက်တွဲ ဂယက် အဆုံးမသတ်သေး
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံများ၏ လူနေမှုဘ၀ထိခိုက်ခြင်းနှင့် အခြားသောအကျိုးဆက်များ ဖြစ်ပေါ်လာသောကြောင့် စီမံကိန်းရပ်ဆိုင်းလို သည့် ဒေသခံများသည် ကာလအတန်အကြာ ကန့်ကွက်ခဲ့ကြသည်။ [...]

ဖဲကြိုးဖြူနေ့ ဖြစ်ပေါ်လာပုံနှင့် အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်စေရန် မည်သို့လုပ်ဆောင်သင့်ပုံကို ပြောကြား
အပြည်ပြည်ဆိုင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်ခံနေရသည့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်စေရန်နှင့် အမျိုးသမီး အခွင့်အရေးတိုက်ပွဲတွင် ကျဆုံးသွားကြသည့် အမျိုးသမီးများ ကို သတိရအောက်မေ့ဂုဏ်ပြုရန်အတွက်Women’s glaxy မှ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(ဖဲကြိုးဖြူနေ့)ကို နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၌ လက်ရှိအကြမ်းဖက်ခံရသည့် အမျိုးသမီးများသည် စစ်နှင့်ပဋိပက္ခများကြားတွင် တန်ဆာခံများ ဖြစ်ကြရသည်ဟုဆိုသည်။ ထိုစစ်ပွဲများတွင်လည်း အကြမ်းဖက်မှုအမျိုးမျိုးနှင့် မုဒိမ်းကျင့်မှုများကို ခံစားနေရ [...]

အမှတ် (၂၉)၊ နိုဝင်ဘာလ (၂၉) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၉)

နိုဝင်ဘာလ (၂၉) ရက်၊ (၂ဝ၁၂) ခုနှစ် [...]

လက်ပံတောင်းတောင်​ ကြေးနီစီမံကိန်း ကိစ္စ ပြည်သူနှင့် လက်တွဲ၍ ပြေလည်မှုရှာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည် ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၃ နာရီအချိန်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က [...]

မြန်မာ့ ယာဉ်မောင်းအချို့ အဝေးပြေးလမ်းမကို ထိတွေ့မှုနည်းပါး အတွေ့အကြုံ နည်းပါးသည့် အတွက် ယာဉ်အန္တရာယ် ကြုံကြရ၊ အဝေးပြေးလမ်း၏ သိသင့်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးရန် လိုအပ်
မြန်မာပြည်တွင် ဖောက်လုပ်ပြီးခဲ့သော ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုသိမ် စသည့် အဝေးပြေးလမ်းမကြီးများကို နိုင်ငံတော်မှ တာဝန်ယူဖောက်လုပ်ခဲ့ကြပြီး [...]

သမိုင်းရေစီးထဲမှ ကျောင်းသားလှုပ်ရှားမှု
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း(၁၉၀၃-၁၉၆၂)အောင်ထွန်း၊ ပဉ္စရူပစာအုပ်တိုက် ၂၀၁၂ အောက်တိုဘာ၊ ပထမအကြိမ် စာမျက်နှာ ၈၉၄၊ တန်ဖိုး ၁၀ဝ၀ဝ ကျပ် အောင်ထွန်းရေးသားပြုစုသည့်  မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂)ကို ပဉ္စရူပစာအုပ် တိုက်မှ ပထမအကြိမ်ထုတ်ဝေလိုက်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းစဉ်တွင် ထိပ်တန်းနေရာမှ ရှိခဲ့သော မြန်မာကျောင်းသားထု၏ သမိုင်းဝင်လှုပ်ရှားမှုများကို မော်ကွန်းတင်ထားသည့် စာအုပ်လည်း ဖြစ်သည်။ ရှည်လျားလှသည့် မြန်မာ့သမိုင်းတစ်လျှောက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ယခင်က ဤကဲ့သို့ စာတစ်စောင်ပေတစ်ဖွဲ့ဖြင့် ကျနသေချာစွာ ထုတ်ဝေခွင့်မရခဲ့ဘဲ ယခုပထမဆုံးအကြိမ် ပြုစုထုတ်ဝေနိုင်ခြင်း [...]

ခြုံလွှာနီအောက်မှ ငန်းရိုင်းများ
ငန်းရိုင်းများ(ကျော်အောင်)၊ လောကသစ်စာပေ၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ၊ ပထမအကြိမ်၊ စာမျက်နှာ ၅၀၈၊ တန်ဖိုး ၅၀၀၀ ကျပ် ဆရာကျော်အောင်၏ ဘာသာပြန်လက်ရာသစ်အဖြစ် ငန်းရိုင်းများကို လောကသစ်စာပေမှ ပထမအကြိမ် ထုတ်ဝေလိုက်သည်။ တရုတ်စာရေးဆရာမ Jong Chang ၏ နာမည်ကျော် Wild Swans ကို ပြန်ဆိုထားခြင်း ဖြစ်ပြီး ပြန်ဆိုရေးသားပြီးစီးချိန်မှ ယခုထွက်ရှိလာချိန်အထိ ၁၅ နှစ်ကြာ ဆိုင်းငံ့ခဲ့ရသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ၁၉၀၉ မှ [...]

တင်ချင်းဆက် အမြွာညီအစ်ကိုနှစ်ဦး မန္တလေးမြို့တွင် ခွဲစိတ်ကုသမှုအောင်မြင်
မြန်မာနိုင်ငံဆေးပညာသမိုင်းတွင် ထူးခြားမှုတစ်ခုဖြစ်သည့် ပထမဆုံး တင်ချင်းဆက်အမြွှာညီအစ်ကိုနှစ်ဦး တို့ကို တစ်ဦးချင်းအနေအထားရောက်ရှိစေရန်အတွက် ခွဲစိတ်ကုသမှုကို နိုဝင်ဘာ ၂၆ ရက်၊ ည ၁၁ နာရီအချိန်က မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးတွင် ပြည်တွင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ဦးဆောင်မှုဖြင့် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်းသိရသည်။ [...]

တိုင်း(မ)မဂ္ဂဇင်း၏ “Person of the Year” ဘယ်သူဖြစ်သင့်ပါသလဲ
တိုင်း(မ)မဂ္ဂဇင်း၏ အယ်ဒီတာများက “Person of the Year” ကိုရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ ရွေးချယ်ရာတွင် စာဖတ်ပရိသတ်များက ပြောရေးဆိုခွင့်မရှိဟု ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ ထို့ ကြောင့် ဤနှစ် ၂၀၁၂ တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သတင်းများကို အလွှမ်းမိုးခဲ့ဆုံးဟု သင်ယူဆသော ပုဂ်္ဂိုလ် ကို မဲပေးရွေးချယ်နိုင်ကြောင်းနှင့် မဲပေးခြင်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ် [...]


အိမ်နီးချင်းပေါက် ဖော်၏ ကျေးဇူးတော်ကြောင့်
သူရို့မောင်မင်းကြီးသားများ
စားခဲ့ရသော ထမင်းတစ်လုတ်အတွက်
ကျေးဇူးကြွေး ဖဲ့ဆပ်ရန် လိုသည်ဟူ၍
ဝန်မင်းက လူထုအား မိန့်ဆို
အငိုမှ မတိတ်သေးသော နိုင်ငံသားထုလည်း
မပြုံးဘဲနှင့် မျက်ရည်ယိုရမတတ်
ကျေးဇူးရှိဒကာတော်ရေမြေ့ရှင်ဆိုသည်ကလည်း
အရပ်ရှစ်မျက်နှာ ပြေးမလွတ်သယောင်
ဖွတ် ထွက်သည်ထိ
ခြတောင်ပို့ဟု မရိပ်မိကြသေးသည့်သူများ
သင်ခန်းစာကြီးကြီး ယူကြကုန်လော့။
အံ့သြကုန် နိုင်ရပါပေ့။ [...]