November, 2012၊ သတင်းမှတ်တမ်းများ


စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက် မည်ဟု မြန်မာ့ဆိုရိုးစကား ရှိပေသည်။ ယနေ့ မြန်မာ့ စာပေလောက သည် မည်သည့် အဆင့်အတန်းတွင် ရှိနေသနည်း။ ကမ္ဘာ့စာပေ လွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာ သည် နောက်ဆုံးတန်း နားတွင်သာ တ၀ဲလည်လည် ရှိနေခဲ့သည်။ ထိုအဖြစ်မှာ စာပေစိစစ်ရေးတည်း ဟူသော ဆင်ဆာ မူဝါဒကြောင့် ဟု ယူဆနိုင်သော်လည်း ထိုဆင်ခြေမျှဖြင့် လုံလောက်သည်ဟု မပြောနိုင်ပါ။ [...]

အမှတ် (၂၈)၊ နိုဝင်ဘာလ (၂၂) ရက်၊ (၂ဝ၁၂) ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၂၈)

နိုဝင်ဘာလ (၂၂) ရက်၊ (၂ဝ၁၂) ခုနှစ် [...]

မိုးသံတွေကြားမှာ စန္ဒရားတီးမယ်
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အထိန်းသိမ်း ခံနေရချိန်များ တွင် သီချင်းများတီးခတ်ခြင်းနှင့် ပန်းချီ ရေးဆွဲခြင်းများကို ပြုလုပ်နေ ခဲ့ပါသည်။ “ဖွင့်ထားသော လှောင်အိမ် အတွင်းမှ တေးဆိုငှက်” ဟု အမည်ရသော တေးသီချင်းမှာ သူမ ကို အိုင်းရစ် တီးဝိုင်း ဖြစ်သော U2 မှ ဂုဏ်ပြုရေးသား ထားခြင်းဖြစ်ပြီး အဆိုပါ သီချင်း ပါသော “ထားခဲ့လို့ မရနိုင်ပါ” အဲယ်လ်ဘမ်သည် ၂ဝဝဝ ခုနှစ် ဂရမ်မီဆုရ ဓာတ်ပြား [...]

ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူး ချုပ် အောင်သော်နှင့် Reuters သတင်းဌာန တွေ့ဆုံ
ဗိုလ်မှူးချုပ် အောင်သော်၏ Reuters သတင်းဌာ နနှင့် တွေ့ဆုံခန်းသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ များ စတင်ခဲ့သည့် နောက်ပိုင်း၊ မြန်မာစစ်တပ် အကြီး အကဲ တစ်ဦးနှင့် နိုင်ငံတကာမီဒီယာတို့ ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့သော တွေ့ဆုံခန်းလည်း ဖြစ်ခဲ့သည်။ အဆိုပါ တွေ့ဆုံခန်းတွင် ဗိုလ်မှူးချုပ် အောင်သော်က မြန်မာ စစ်တပ်ကို မြန်မာဒီမိုကရေစီ သန္ဓေ၏ ဗိသုကာအဖြစ် လည်းကောင်း၊ စောင့်ရှောက်သူ အဖြစ်လည်းကောင်း ပုံဖော် ပြောကြားသွားခဲ့သည်။ [...]

ကချင်ပြည်နယ်တိုက်ပွဲများကြောင့် အိုင်ဒီပီများ၏ ကျန်းမာရေး ထိခိုက်
“ကျောင်းသားတချို့ဟာ ကျောင်းတက်ရတာ စိတ်မဝင် စားကြဘူး။ ကျောင်းသွားဖို့ ငြင်းဆန်နေကြ တယ်။ သူတို့ဟာ နုံးခွေငေးငိုင် နေကြတယ်။ ညညဆို ငိုပြီး အိပ်ပျော်နေရင်း လမ်းထလျှောက် ကြတယ်” ဟု ၂ဝ၁၁ တိုက်ပွဲများ စတင်ဖြစ်ချိန်ကတည်းက ကချင် ပဋိပက္ခဇုန် များအတွင်း အလုပ်လုပ် နေကြသော ဒေသခံ အန်ဂျီအိုနှင့် အလှူဒါန အဖွဲ့ရှစ်ဖွဲ့အနက် အပျော်တမ်း ကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်သည့် Wun Pawng Ninghtoi အဖွဲ့၏ ဒါရိုက်တာ [...]

ငလျင်ကြောင့် မင်းကွန်းခေါင်းလောင်း လှုပ်ရမ်း ခဲ့ကာ ပုထိုးတော်ကြီးကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်
“ခေါင်းလောင်းကြီးနေရာ ရွေ့သွားတာကို ကြည့်ခြင်း အားဖြင့် ပုထိုးတော်ကြီး အတွက်လည်း စိုးရိမ် ပူပန်နေကြတာ။ သက်ဆိုင်ရာ တွေက လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေတော့ လုပ်နေကြတယ်။ ပျက်စီးမှု အခြေအနေတွေကို ဒီနေ့အထိ မသိရသေး ပါဘူး။ တစ်နေ့လောက် ကတော့ ပုထိုးတော်ကြီးပေါ်ကို တက်ရောက်ခွင့် ပိတ်လိုက်တယ်လို့ ကြားပါတယ်။ [...]

လူနည်းစု မူဆလင်အရေး မြန်မာသမ္မတ၏ ကတိစကားကို ကုလသမဂ္ဂ ကြိုဆို
သောကြာနေ့က ကုလသမဂ္ဂ အကြီးအကဲထံ ပေးပို့သော စာတစ် စောင်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင် ဗုဒ္ဓ ဘာသာဝင်များနှင့် လူနည်းစု မူဆလင် များကြား အဓိပ္ပာယ်မဲ့ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချ ၍ သင့်မြတ်ရေး သဘောထားကို သမ္မတ ဦးသိန်းစိန်က ဖော်ပြခဲ့သည်။ [...]

နယ်စပ် လုံခြုံရေးကိစ္စ နှစ်နိုင်ငံလုံးတွင် တာဝန်ရှိ၊ နိုင်ငံသားဖြစ်မှု ပြဿနာ အသေအချာ စိစစ်ရမည်
“တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ အများကြီး ရှိနေသေးလား။ ဒါကို ကျွန်မတို့ တားရမယ်။ ဒီလိုမှ မဟုတ်ရင် ပြဿနာကို ဘယ်တော့မှ စကိုင်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ဆို ဒီလူတွေ အားလုံးဟာ မြန်မာနိုင် ငံက လာတာလို့ ဘင်္ဂလားဒေ့(ရှ်) ကပြော တယ်။ မြန်မာနိုင်ငံကလည်း ဒီလူတွေဟာ ဘင်္ဂလားဒေ့(ရှ်) နိုင်ငံက ကျော်ဝင်လာတာလို့ ပြောတယ်။ ဘယ်ဘက်မှာ သက်သေ ရှိလို့လဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုပါသည်။ [...]

ဂျပန်တွင် ကျင်းပမည့် အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော် သို့ မြန်မာနိုင်ငံမှ ကလေးငယ် ၃ ဦးနှင့် ဒါရိုက်တာ ၁ ဦးသွားရောက်
ရုပ်ရှင်လောကမှာ အမျိုးသမီး ဒါရိုက်တာ အရမ်း ရှားတယ်။ ဒီလိုရှားတဲ့ အထဲကမှ အခုဇာတ်လမ်းတို ပြိုင်ပွဲ မှာ ဆုရတဲ့ ၃ ယောက်လုံးက မိန်းကလေးတွေ ချည်း ဖြစ်နေတယ်။ အဲဒါကို အရမ်းဝမ်းသာတယ်။ ကလေးတွေနဲ့ ဂျပန်ကို သွားမယ့် လေ့လာရေးလည်း ဖြစ်တယ်။ ရုပ်ရှင်လောက အတွက် အမျိုးသမီး ဒါရိုက်တာ အသစ်တွေ ပေါ်ထွန်းလာမယ့် အလားအလာလည်း ဖြစ်ပါတယ်” ဟု အုပ်ချုပ်သူ အဖြစ် သွားရောက်မည့် ဒါရိုက်တာ [...]


မြိတ်မြို့ရှိ ကျောက်မီးသွေးစက်ရုံမှ ဘေးထွက်ဆိုးကျိုးများ မရှိဟု မကြာသေးမီက သတင်းအချို့ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က “ကျွန်တော်တို့ အဲဒီသတင်းတွေ ကြားပါ တယ်။ သေချာ တိတိကျကျ သိရအောင် ဒီခရီးစဉ်မှာ ဆောင်ရွက်သွားမှာပါ” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72
ရှေ့သို့ »