November, 2012၊ သတင်းမှတ်တမ်းများ


ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းသည် နိုင်ငံအတွင်း ပုံနှိပ်နှင့် ထုတ်ဝေလုပ်ငန်း လုပ်ဆောင် လိုသော ပုဂ္ဂိုလ်များကို လုပ်ငန်းမှတ်ပုံတင် လျှောက်ထားမှု ပိုမို လျင်မြန် အဆင်ပြေ ချောမွေ့စေရေး အတွက် မှတ်ပုံတင် လျှောက်ထားမှု ကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားခွင့် ပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ [...]

ဆန်စပါး ရောင်းချမှု၌ တောင်သူများ နစ်နာမှု မရှိစေရန် မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ ဈေး သတ်မှတ်ချက် ထုတ်ပြန်
တင်ဒါအောင်တဲ့သူတွေက တောင်သူတွေဆီက တစ်ဆင့်ဝယ်ပြီး ကော်မတီကို ရောင်းတော့ သူတို့က တောင်သူတွေကို ဈေးနှိမ်ဝယ်မှာ စိုးတဲ့ အတွက်ရယ် ၊ တောင်သူဈေးကောင်း မရမှာစိုးလို့ သူတို့ကို အကာအကွယ် ရအောင် ကျွန်တော်တို့ အသင်းအနေနဲ့ ထုတ်ပြန်ချက် ထုတ်ရတာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြား သည်။ [...]


ဒို့သမ္မတကြီးခမျာ အရေးကြီးပုဂ္ဂိုလ်အား ကြိုရန်
ဖနွမ်းပင်မှ အမီပြန်လာခဲ့ရ
တွေ့အပြီး ဖနွမ်းပင်ပြန်ဖို့အရေးမှာလည်း
ကန်သမ္မတက ဘွဲ့နှင်းသဘင်ခန်းမမှသည်
မင်္ဂလာဒုံလေယာဉ်ပြေးလမ်းဆီ တိုက်ရိုက်သွား
တာ့တာများ ပြပြီး ထွက်ခွာ
ဒို့သမ္မတကို လေယာဉ်ကြုံလေးမျှပင် ခေါ်မသွား
အဘကား ခရီးပန်းသော်လည်း
အထုပ်ထမ်းကာ ဖနွမ်းပင်အရောက် ပြေးရပြန်ချေ၏။
[...]


မြန်မာ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုသည် သိမ်မွေ့ ညင်သာသော ပြောင်းလဲမှုမျိုး ဖြစ်သဖြင့် နမူနာပြု ထိုက် သည်ဟုပင် ပြောလာကြသည်ထိ လက်ခုပ် သြဘာပေး ခံရချိန်တွင် အမေရိကန် ပြည်ထောင်စု သမ္မတ ကိုယ် တိုင် မြန်မာ့မြေကို အလည်လာခဲ့ခြင်းက မြန်မာ့နိုင်ငံခြားရေး ဆက်ဆံမှုသမိုင်းတွင် အမှတ်ထင်စေသည့် ဖြစ်ရပ်ဟု ဆိုရပေမည်။ [...]

မြန်မာနိုင်ငံ မင်္ဂလာပါ၊ . . .  ကျေးဇူးတင်ပါတယ်
“ရှေ့ခရီးမှာစိန်ခေါ်မှုတွေအများ ကြီး ဖြစ်လာနိုင်ပါတယ်။ အပြောင်း အလဲကို ခုခံတွန်းလှန် သူတွေ ရှိနိုင် ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် ယုံယုံကြည်ကြည်ပြောနိုင် တာကတော့ ဒီနိုင်ငံမှာ တစ်ခုခု တော့ ဖြစ်နေပါပြီ။ နောက်ကြောင်း မပြန်နိုင်လောက်ပါဘူး။ ဒီမှာ လူတွေ က နိုင်ငံကို ပြန်လည် တည့်မတ် အောင် တည်ထောင်ဖို့ လုပ်နေပါပြီ။ ဒီလုပ်ရပ်တွေအပေါ် ကမ္ဘာ့စံပြပါပဲ လို့ ဆိုလာကြမှာပါ။ [...]

ပြည်တွင်း ရွှေဈေးကွက်တွင် တစ်နိုင်ငံလုံး ရွှေ စံချိန်စံညွှန်း တစ်ပြေးညီ သတ်မှတ်
ပြည်တွင်း၌ ရွှေရောင်းရွှေဝယ် လုပ်ကိုင်ကြရာတွင် တစ်နယ်နှင့် တစ်နယ် စံချိန်စံညွှန်းသတ်မှတ်မှု အနည်း ငယ် စီ ကွဲလွဲမှုများရှိသော ကြောင့် ဝယ်ယူရောင်းချ သူများအတွက် သတ်မှတ်မှုရှိသည့် စံချိန်စံညွှန်း ကို အောက်တိုဘာ ၁၈ ရက် က ရွှေလုပ်ငန်းရှင်များ အစည်းအဝေး၌ သတ်မှတ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ [...]

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ပြည်သူတွေက လှိုက်လှဲစွာ ကြိုဆိုမှာဖြစ်ကြောင်း မစ္စတာ ကာရာကေတာ ပြောကြား
၁၂ နှစ်နီးပါး ပြည်ဝင်ခွင့် ပိတ်ခံထားခဲ့ရပြီးနောက် မြန် မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရခဲ့သည့် တီဗီ အဆာဟိ သတင်းဌာနမှ သတင်းထောက် မစ္စတာ ကာရာကီတာနှင့် တွေ့ဆုံခဲ့ရာမှ မေးမြန်းဖြစ်ခဲ့သည် များကို ဖော်ပြ လိုက်ပါသည်။ မစ္စတာ ကာရာကီတာ သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေ များကို တီဗီအဆာဟိ မှတစ်ဆင့် ရုပ်သံထုတ်လွှင့်မှုများ တင်ဆက်ခဲ့သူ ဖြစ်ပြီး ယခုပြည်ဝင်ခွင့် ပြန်လည် ရရှိချိန်တွင် တီဗီအဆာဟိမှ [...]


ကျောင်းတွင် တက်ရောက်သည့် ကလေးများကို စာအုပ်စာတမ်းဖိုး အခမဲ့ တာဝန်ယူပြီး အပေါ်အင်္ကျီ အဖြူ ရောင်၊ အောက်ခံပုဆိုး၊ ထဘီ များကို ဝတ်ဆင်စေပြီး အမေ့အရိပ် ပညာဒါနကျောင်း၏ ရင်ထိုးကို တပ်ဆင်စေ သည့် စည်းကမ်း ထားရှိကြောင်း၊ အင်္ဂလိပ် စကားပြော သင်တန်းကို အသက်အပိုင်း အခြားမရွေး မည်သူမဆို တက်ရောက်နိုင်ပြီး သံရုံးမှ ဆရာက လာရောက်သင်ကြားကြောင်း၊ စနေ၊ တနင်္ဂနွေ ညနေ ၅ နာရီတွင် [...]

အိန္ဒိယ ခရီးစဉ်သည် မိမိအိမ်ကို ပြန်လာရသကဲ့သို့ ခံစားမှုကို ပေးအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို
“ဂန္ဓီကြီးသာ သက်ရှိထင်ရှား ရှိနေသေးရင် အိန္ဒိယက မြန်မာ့ဒီမိုကရေစီလှုပ် ရှားမှုကို အကြာကြီး လျစ်လျူရှုခဲ့တာကို သဘောတူမှာ မဟုတ်ပါဘူး။ ကျွန်မတို့ဘက်က သေချာကို ရပ်ပြီး အိန္ဒိယ အစိုးရ ကိုလည်း ကျွန်မတို့ဘက်ကို ရပ်တည်ပေးပါလို့ ပြောမယ့် လူမျိုးပါ”ဟုပြောကြား ခဲ့ပါသည်။ ထို့နောက် ယင်းက အိန္ဒိယ လွှတ်တော်သို့လည်း သွားရောက် တွေ့ဆုံခဲ့သည်။ [...]

CIF တန်ဖိုးများ ပြောင်းလဲမည်ဟု သတင်း ထုတ်ပြန်ချက်ကြောင့် ကားအရောင်းအဝယ် အေး လာဟုဆို
“CIF တန်ဖိုးတွေ အခွန်နှုန်းထားတွေ လျှော့ချတော့မယ် ဆိုတော့ ကား ဈေးက ကျတော့မယ် ဆိုပြီးတော့ ကား အရောင်းအဝယ် တော်တော်လေး ကျသွားတယ် ။ နောက်နှစ်ဆန်းမှာ CIF တန်ဖိုးတွေ ပြောင်းမယ် လို့ ပြောခဲ့တယ်။ ဒါကလည်း ဝန်ကြီးဌာနမှာ ပြုပြင်ပြောင်းလဲမယ့် အချက်ပါ။ ဘယ်လောက်ကျမယ်သာ မသိတာ။ လာမယ့် နှစ်ဆန်းမှာ ပြောင်းလဲမယ် ဆိုတာ သိနေကြပြီ ဆိုတော့ ဈေးကွက် ထပ်အေးတာပေါ့” ဟု ဆိုသည်။ [...]