November, 2012၊ သတင်းမှတ်တမ်းများ

ဘတ်စ်ကားများ လူကျပ်ခြင်းမှာ ကြီးကြပ်ရေး ဂိတ်များ အားနည်းချက် ကြောင့်ဟု ဆို
ဘတ်စ်ကားကြီး ကြပ်ရေး ဂိတ်များကြောင့် တစ်ခုတည်းတင် မဟုတ်ဘဲ ဘတ်စ်ကားဒရိုင်ဘာနှင့် စပယ်ယာတို့၏ မှတ်တိုင်တစ်ခုချင်း စီတွင် အချိန်ကြာမြင့်စွာ ကျောက်ချ လူခေါ်ခြင်းနှင့်ပါ သက်ဆိုင်ကြောင်း ဘတ်စ်ကား နေ့စဉ်စီး ခရီးသည် တစ်ဦးက ဆိုသည်။ ဘတ်စ်ကား များတွင် ကျပ်ပိတ်စွာ ခရီးသည် တင်ဆောင်သည့် ကားထက် ခရီးသည် ချောင်ချိစွာ တင်ထားသော ဘတ်စ်ကားမှာ ပိုက်ဆံပိုရကြောင်း သိရသည်။ [...]

အိုဘားမား မြန်မာပြည်ရောက်၊ လွှတ်တော် အနီးတွင် ဗျိုင်း ၄ ကောင် ခြေချုပ်ကျ
နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနမှ နိုင်ငံရေးအကျဉ်းသား ၁၆ ယောက် အပါအဝင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား ၆၆ ယောက် လွတ်မြောက်ခွင့်ရရှိခဲ့သည့် အဆိုပါ အမေရိကန် သမ္မတ ခရီးစဉ်တွင် သမ္မတ ၂ ဦး တွေ့ဆုံရာ လွှတ်တော် အနီးတွင်မူ ဗျိုင်းအချို့၏ ခြေထောက်တွင် ကြိုးဖြင့် ချည်နှောင် ခြေချုပ်ချ ခံထားရသည်ကို တွေ့ရသည်။ [...]

အိုဘားမား၏ မြန်မာခရီးစဉ်
အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ သက် တမ်းအတွက် ရွေးချယ် တင်မြှောက်ခံခဲ့ ရပြီးနောက် မစ္စတာ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံ သို့ နို ဝင်ဘာ ၁၉ ရက်နေ့က ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိလာခဲ့ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၉ နာရီခွဲအချိန်တွင် ရောက်ရှိခဲ့ပြီး သမ္မတ အိုဘားမားနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ပါ လိုက်ပါလာပါသည်။ [...]

ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်များ ဆက်လက်ခွင့်ပြုပေး
နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထိုက်သင့် စွာ ပြစ် ဒဏ် ကျခံပြီး ဖြစ်သည့် အကျဉ်းသားများအား ထပ်မံ စိစစ်၍ အကျဉ်းသား/ အကျဉ်းသူ (၆၆)ဦးအား ပြစ်ဒဏ် မှ လွတ်ငြိမ်း သက်သာခွင့်ပြုပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း(၅၁၈) ဦးဖြစ်ကြောင်း သမ္မတရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ [...]


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအတွင်း၊ ညနေ ၃ နာရီမှ ၄ နာရီအတွင်း ဆိုက်ရောက်၊ ထွက်ခွာမည့် ပုံမှန်လေယာဉ်ခရီးစဉ်များကို ခေတ္တဆိုင်းငံထား၍ ယင်းအချိန်များ နှင့် တိုက်ဆိုင်သော နံနက်ပိုင်း လေယာဉ်ခရီးစဉ်များကို နံနက် ၁၀ နာရီနောက်ပိုင်းသို့ လည်းကောင်း၊ ညနေပိုင်း လေယာဉ် ခရီးစဉ်များကို ညနေ ၄ နာရီနောက်ပိုင်းသို့လည်းကောင်း ပြောင်းရွှေ့စီစဉ်ထားပြီး ပုံမှန်လေယာဉ်ခရီးစဉ်များကို [...]

အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိပြီး အရပ်ဘက် အဖွဲ့အစည်းများ ဘက်က ရိုးသားမှု ရှိလျှင် တိုင်းပြည် အမြန်ဆုံး တိုးတက်လာနိုင်
အရပ်ဘက် အဖွဲ့အစည်းဟု ခေါ်တွင်ကြသော လူမှုရေး အဖွဲ့များ ယခုအခါ ပိုမိုကျယ်ပြန့်စွာ ပေါ်ပေါက် လာသည် ကို မျက်မြင်တွေ့ရှိနိုင်သည်။ ထိုအဖွဲ့အစည်း တို့သည် နိုင်ငံရေး ပြောင်းလဲလာမှုနှင့်အတူ ပေါ်ပေါက် လာခြင်းဟု ပညာရှင် တချို့က သုံးသပ်ကြသည်။ စစ် အစိုးရလက်ထက်တွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားခွင့် မရခဲ့သဖြင့် ယခု အရပ်သား အစိုးရ လက်ထက်၌ တစ်ဟုန်ထိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟုလည်း ဆိုကြ သည်။ ထိုသို့ အရပ်ဘက် [...]

ကချင်ပြည်နယ် မငြိမ်းချမ်းလျှင် မြန်မာပြည် လည်း မငြိမ်းချမ်းပါ
“စစ်ပွဲတွေကြာမြင့်နေတာနဲ့ အမျှ ဘယ်လောက် ကယ်ဆယ်ရေးပဲ လုပ်လုပ် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး တွေကတော့ ပျက်စီးမှာပဲ။ ပြည်သူ့လွှတ်တော် ကလည်း ကချင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မပြော ဘူး။ လုံးဝ အားမရပါဘူး။ [...]

သာသနာတော်ကို အခြေခိုင်အောင် လုပ်နေခြင်း သည် နိုင်ငံရေး တစ်မျိုး ဖြစ်ကြောင်း ရဟန်း အရေးအရာ အရှင်ဇောတ(ချပ်သင်း) ပြောကြား
ရဟန်း သံဃာတော်များ အနေဖြင့် လူရေးလူမှုဘက် များသို့ မျက်နှာမူ လွန်းနေပါက သာသနာရေး၊ သာ သနာမှုတို့ ဘက်တွင် အလို အလျောက် ကျောခိုင်း ပြီးသား ဖြစ်သွား တတ်ကြောင်း၊ လောက အကျိုး ဆောင်ရွက် ရင်းနှင့် နိုင်ငံရေး ဟူသော နွံထဲသို့ ကျွံဝင်သွားတတ်ကြကြောင်း၊ နိုင်ငံရေး ကိုယ်တော်၊ နိုင်ငံရေး ဘုန်းကြီးဟူသော အမည်များသည် ရဟန်း ဘဝနှင့် သင့်လျော်သော အမည်များ မဟုတ်ဟု ယင်းတစ်ဦးတည်း [...]

အိုဘားမားအား ကြိုဆိုသည့် Graffiti လက်ရာ ဒုတိယအကြိမ် ထပ်မံပေါ်ထွက်
မန်မာနိုင်ငံသို့လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အမေရိကန် သမ္မတ အိုဘားမားအား ကြိုဆိုသည့် Graffiti လက်ရာတစ်ခုကို ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်အနီးရှိ နံရံပေါ်တွင် Night အဖွဲ့မှ ဒုတိယအကြိမ် ထပ်မံရေးဆွဲ ထားသည်ဟု သိရှိရပါသည်။ [...]

အဦးဆုံး ပင်ကိုရေး ကာလပေါ်ဝတ္ထု
ပထမဆုံး ကာလပေါ် ပင်ကိုရေး မြန်မာ ဝတ္ထု တစ်အုပ် ဟု အသိအမှတ်ပြုရသော ဝန်စာရေးဦးကြီး၏ “ချဉ်ပေါင် ရွက်သည် မောင်မှိုင်း” ဝတ္ထုကို မန်းရွှေပြည် စာအုပ် တိုက်မှ ပထမဆုံးအကြိမ် တစ်ပေါင်းတည်း ထုတ်ဝေ လိုက်သည်။ မြန်မာကာလပေါ် ရသစာပေ ခေတ်ဦးမှ ပထမဆုံး အမှီးဝတ္ထု “မောင်ရင်မောင် မမယ်မ” အပြီးတွင် ထွက်ရှိလာသည့် ပင်ကိုရေး ဝတ္ထုလည်း ဖြစ်ပြီး ဝတ္ထုပါ ဇာတ်ဆောင် မောင်မှိုင်း အမည်သည် [...]