December, 2012၊ သတင်းမှတ်တမ်းများ


အလွယ်ကြိုက်သည့် မြန်မာများသည် မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီတို့ကိုဝယ်ယူလျှင် ပလတ် စတစ်၊ ကြွပ်ကြွပ်အိတ် များကိုသာ အသုံး ပြုနေကြ သည်။ ယင်းပလတ်စတစ်များထဲ၌ ပလတ်စတစ် ဆိုက်ဇာဆိုသည့် ဓာတ်နှင့်စတိုင်ရင်း (Styrene) ဆိုသည့် ဓာတုပစ္စည်းများသည် အပူဓာတ်၊ ဆီပါသည့် အစာများနှင့်တွေ့ကာ အစားအစာများတွင် ဓာတ်ပြုပျော်ဝင်သည်။ [...]

စက်မှုဇုန်များတွင် ရေဆိုးစွန့်ပစ်မှု စနစ်တကျ ရှိ၊ မရှိလာမည့် နှစ်တွင် အပြီးသတ် စစ်ဆေးမည်
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ သုံးစွဲနေသော ရေမှ ရေဆိုး ထွက်ရှိပါက စနစ်တကျ စွန့်ပစ်မှု ရှိ၊ မရှိကို ၂ဝ၁၃ ခုနှစ်တွင် အပြီးစစ်ဆေး မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး ဌာနမှ ဒုဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။ စက်မှုဇုန်များ အတွင်းရှိ ရေဆိုးထွက်ရှိမှုကို စစ်ဆေးရာ၌ ရေကန်များ အတွင်းရှိ ရေနမူနာကို ဂါလန်ပုံးဖြင့် ခပ်ယူ၍ [...]

ဒီကေဘီအေ ထူထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနား သည် စစ်အင်အားပြခြင်း မဟုတ်၊ ညီနောင် မဟာမိတ်အဖွဲ့များ ဖြစ်သည့် ရလလဖ၊ ကလလတ နှင့် ကယန်း ပြည်သစ်ပါတီတို့ တက်ရောက်
၁၈ နှစ်မြောက် DKBA တပ်မတော် ထူထောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၇းဝဝ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ ဝေါလေမြို့နယ်၊ ဆုံဆည်း မြိုင်ရွာရှိ ဆုံပေါင်းမြိုင်ကွင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်ရှိ ရလလဖ (ရှမ်းပြည်လူ မျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့)၊ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး)၊ ကယန်းပြည်သစ် ပါတီသို့ တက် ရောက် [...]

စီဘီဘဏ်၏ အေတီအမ် စက်များတွင် ဗီဇာကတ်များ သုံးစွဲ၍ရပြီ၊ ဗီဇာကတ် ကိုင်ဆောင်ထားသူများ အလွယ်တကူ ငွေထုတ်ယူ သုံးစွဲနိုင်
“စီဘီဘဏ်က နိုင်ငံ တစ်ဝန်းလုံးမှာ အေတီအမ် ကွန်ရက်တစ်ခု တည်ထောင်ခဲ့ပါတယ်။ ဗီဇာရဲ့ အေတီအမ်စက် အလုံးပေါင်း ၂ သန်းရှိ တဲ့ ကွန်ရက်မှာ စီဘီဘဏ် ပါဝင်လာတာကို ဗီဇာက ဂုဏ်ယူကြိုဆိုပါတယ်။ မြန်မာ နိုင်ငံမှာ အေတီအမ် ကွန်ရက် ကြီးထွားလာတာနဲ့အမျှ ဗီဇာကတ် ကိုင်ဆောင်သူတွေဟာ ဒေသသုံး ငွေကြေးကို လက်ဝယ်ကိုင် ထားနိုင်ပြီး အပြန်အလှန်အနေနဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းတွေမှာ သုံးစွဲမှု တိုးတက်လာစေမှာ ဖြစ်ပါတယ်”ဟု ထိုင်း-မြန်မာဆိုင်ရာ [...]

မတော်တဆမှု ဖြစ်ပွားသည့် အဲပုဂံ လေယာဉ် ကိုယ်ထည် အာမခံချက် နှင့် အတူ ဖြစ်ပျက်မှု တစ်ခုစီ အတွက် အာမခံထားရှိ
ဒီဇင်ဘာ ၂၅ ရက်တွင် မတော်တဆ ထိခိုက်မှုဖြစ် ပွားသည့် လေယာဉ်အတွက် သက်ဆိုင် ရာလေကြောင်း လိုင်းမှ လေယာဉ် ကိုယ်ထည် အာမခံအား မြန်မာ့ အာမခံ လုပ်ငန်း၏ စီစဉ်မှုဖြင့် နိုင်ငံခြား လေကြောင်း တစ်ဆင့် အာမခံကုမ္ပဏီတွင် အာမခံ ထားရှိကြောင်း၊ လွန်ခဲ့သော တစ်နှစ် ခန့်ကပင် ကမ္ဘောဇလေကြောင်း လိုင်းမှ လေယာဉ် တစ်စီး၏ မတော်တဆမှုအတွက် အမေရိကန် ဒေါ်လာ ၉သန်း မြန်မာ့အာမခံမှ ပေးလျော်ခဲ့ကြောင်း [...]

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဟိမဝန္တာလင်းတ လာရောက်ခြင်းသည် အဆန်းတကြယ်မဟုတ်၊ တစ်ဆယ့် တစ်ရက်အကြာတွင် အတိတ်နိ မိတ်ကောင်း များဖြင့် ပြောင်းလဲမည့် နိမိတ်ဖြစ်ကြောင်း ဝေဒပညာရှင်ပြော
စေတီတော်ကြီးပေါ် လာရောက် နားခိုသည့် လင်းတ သည် ဟိမဝန္တာ လင်းတဖြစ်ကြောင်း၊ ယင်းတို့သည် မြန် မာနိုင်ငံ မြောက်ပိုင်းဒေသ ဟိမဝန္တာ တောင်တန်းဒေသ များဖြစ်သည့် နီပေါ၊ ဘူတန်၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ် ၊ တိဘက်၊ မွန်ဂိုလီးယား၊ တရုတ် စသည့် နိုင်ငံများမှ ငှက်များဖြစ်ကြပြီး ဆောင်းရာသီတွင် ယင်းတို့ နေထိုင်ရာ ဒေသတွင် အအေးဓာတ် လွန်ကဲလာခြင်း၊ အလင်းရောင်ရရှိမှု နည်းပါးလာခြင်း၊ အစာရေစာ ရှားပါးလာခြင်း [...]

နိုင်ငံရေး အာဏာရမှ၊ အစိုးရအာဏာရမှ မိမိတို့ လုပ်ချင်သည့် ကိစ္စများကို နိုင်ငံ အတွက် လုပ်ပေးနိုင်မှာ ဖြစ်ကြောင်း နိုင်ငံရေး အာဏာနှင့် ပတ်သက်သည့် သဘောထားကို ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီခရီးစဉ်တွင် ထုတ်ဖော်ပြောကြား
“ရွေးကောက်ပွဲတုန်းက ကျွန်မတို့ အခြေခံအချက် ၃ ချက်ကို အခြေခံပြီး ဝင်ခဲ့တာပါ။ ပထမဆုံး ကတော့ တရား ဥပဒေ စိုးမိုးရေး၊ ဒုတိယကတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တတိယ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးဖြစ်ပါတယ်။ တချို့က ပြောပါတယ်။ ပြည်တွင်းငြိမ်း ချမ်း ရေးဟာ ပိုပြီးတော့ အရေးကြီးတယ်။ ဘာဖြစ်လို့ တရားဥပဒေစိုးမိုးရေးကို နံပါတ်တစ်မှာ ထားရလဲဆိုတော့ ပြည် တွင်းငြိမ်းချမ်းရေးရဖို့က တရားဥပဒေ [...]

မြန်မာနိုင်ငံမြောက်ပိုင်းမှ ရွှေ့ပြောင်း ဒုက္ခသည် ၅ သောင်းခန့် အရေးပေါ် အကူအညီများ အချိန်မီရရှိရန် လိုအပ်
မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြ ရသော ဒေသ ခံပြည်သူ ၅ သောင်းနီးပါးခန့်မှာ ဒုတိယမြောက် ဆောင်း ရာသီကို ဆိုးရွား လှသည့် အခြေအနေ များဖြင့် ဖြတ် ကျော် ရင်ဆိုင်နေ ကြရပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အလှူရှင်တို့က ယင်းတို့ကို အကူ အညီပေးရန် အချိန်တို အတွင်း နည်းလမ်းတစ်ရပ် မရှာဖွေနိုင်ခဲ့ပါက အခြေအနေမှာ သာ၍ဆိုးရွားလာမည်ဖြစ် [...]

ကျိုက်ထီးရိုး တောင်ခြေတွင် ကေအန်ယူ တပ်ဖွဲ့ဝင် တချို့ငွေတောင်းခံခဲ့သည့် အမှားအတွက် ကေအန် ယူမှ တာဝန်ရှိသူ အချို့လာရောက် ညှိနှိုင်း တောင်းပန်
ဒီဇင်ဘာ ၁၄ ရက်၊ ည ၉ နာရီ ဝန်းကျင် ခန့်တွင် ဖြစ်ပွား ခဲ့သည့် ကရင် အမျိုးသား အစည်းရုံး (ကေအန်ယူ)မှ တပ်သား ၈ ယောက်၏ ကျိုက်ထီးရိုး တောင်တက်ကား အသင်းကို ဆက်ကြေးတောင်းခံမှု ဆန်ဆန် ပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)မှ တာဝန်ရှိသူ အချို့က ဒီဇင် ဘာ ၂၃ ရက်၊ မနက် ၈ နာရီခွဲခန့်တွင် [...]

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ စိစစ် အတည်ပြုရေး အချိန်တိုးပေးရန် မြန်မာ အလုပ်သမား ဝန်ကြီး ဌာန တောင်းဆို
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများ အတွက် နိုင်ငံ သား စိစစ်အတည်ပြုရေး (Nationality Verification- NV) ကို ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ လာစဉ်က ကတိပေးခဲ့သလို အချိန်တိုးပေး ရန် မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ထိုင်း အလုပ်သမား ဝန်ကြီးဌာနသို့ ယနေ့ တိုက်တွန်း တောင်းဆိုလိုက်သည်။ ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ်ထရာ မြန်မာနိုင်ငံ ထားဝယ် မြို့သို့ လာရောက်လည်ပတ်စဉ်က စိစစ်ရေးကို သုံးလ သက်တမ်းတိုးပေးရန် [...]