December, 2012၊ သတင်းမှတ်တမ်းများ

သေစာရှင်စာ တတ်ရန်ပင် အခက်အခဲများ ရှိနေ သည်ဟု ဒေသခံများဆို၊ ငွေကြေး မလုံလောက် သဖြင့် ဘုန်းတော်ကြီးသင် ကျောင်းများ ကိုသာ မှီခိုနေရ
“အစိုးရကျောင်း ကလည်း ကျောင်းဝင်ကြေး အခမဲ့ပါပဲ။ ဒါပေမယ့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ နောက်ဆုံး ဖိနပ်နဲ့ ထမင်းဘူး ကအစ မရှိတော့ ဘုန်းကြီးကျောင်းပဲ အားကိုးပြီး ကိုယ့်ကလေးတွေ သေစာရှင်စာ တတ်အောင် ထားနေရတယ်။ မရှိတဲ့ကြားက သင်ပေးလို့ ဘုန်းဘုန်း ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဘ.က ကျောင်းသို့ သားသမီးများ ပို့၍ စာသင်ပေးရခြင်း အကြောင်းရင်းကို ကျောင်းသားမိဘတစ်ဦးက ရှင်းပြသည်။ [...]


ရွှေပြည်သာမြို့နယ် တော်ဝင် သစ်အချောထည် စက်ရုံဝင်းအတွင်း၌ ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒထုတ်ဖော်သူ အလုပ်သမား အယောက် ၁၅ဝ ကျော်နှင့် စက်ရုံ တာဝန်ရှိသူများ အကြား ပြဿနာများ ဖြစ်ပွားခဲ့သည်။ ယခုဆန္ဒ ထုတ်ဖော်သည့် အလုပ်သမားများကို မိမိတို့တော်ဝင် ကုမ္ပဏီမှ ကုမ္ပဏီပိုင် အခြားစက်ရုံတစ်ခုသို့ အလုပ်ရရှိရန် ရွှေ့ပြောင်းပေးခြင်းကို မကျေနပ်သဖြင့် ဒီဇင်ဘာ ၂၄ ရက်က ရွှေပြည်သာမြို့ နယ် ဝါးတစ်ရာရှိ တော်ဝင် သစ်အချောထည် [...]

သမ္မတ သွားကြည့်ခဲ့သည့် ရတနာဂီရိ စံအိမ်တော်ကို အကြီးစား မွမ်းမံပြင်ဆင်မှု များ  ပြုလုပ်နိုင်ရန် အိန္ဒိယ ပါလီမန်တွင် တင်ပြမည်
မြန်မာဘုရင် နောက်ဆုံး မင်းဆက် သီပေါမင်းနှင့် မိဖုရားများ နေထိုင်ခဲ့သော ရတနာဂီရိ စံအိမ်တော်ကို အကြီးစား မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယ ပါလီမန်တွင် တင်ပြပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက် က မန္တလေးမြို့ ရွှေပြည်သာဟိုတယ် တွင်ပြုလုပ်ခဲ့သည့် Asean-India Connectivity အခမ်းအနား၌ အိန္ဒိယ ပါလီမန်အမတ် Mr.Tarum Bijay က ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၂ဝ၊ ၂၁ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ [...]

ဘားအံမြို့နယ် အားကစားကွင်း စီးပွားရေး ကုမ္ပဏီများထံ အဆင့်ဆင့် ရောင်းစားခံထားရ
ဘားအံမြို့နယ်ရှိ အများပိုင် မြို့နယ် အားကစားကွင်း ကို ၁၉၉၅ ခုနှစ် မှစ၍ ပြည်နယ်အေးချမ်းသာ ယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးစောခင်စိုး မှ စီးပွားရေး ကုမ္ပဏီ တစ်ခုသို့ ရောင်းစား ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရှိရပါသည်။ ယင်းစီးပွားရေးကုမ္ပဏီများ အဆင့် ဆင့်ရောင်းစားခံထားရသော အဆို ပါ ဘောလုံးကွင်းသည် ဘားအံမြို့ စတင်တည်ကတည်းက ရှိခဲ့သော အားကစားကွင်းဖြစ်သည့်အပြင် နှစ် [...]


“လူငယ် အရည်အသွေးမြှင့် သင်တန်းတွေ၊ ကျေး လက်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်တဲ့ နေရာမှာ အဲဒီဒေသမှာ ရှိတဲ့သူတွေ ကျေးလက်ဖွံ့ဖြိုးရေးကို သူတို့ကိုယ်တိုင် လုပ်နိုင်အောင် မြေတောင် မြှောက်ပေး တာပါ။ ဥပမာ အားဖြင့် လယ်ယာကဏ္ဍမှာ လယ်သမားတွေက နှစ်စဉ် သူတို့လယ်တွေမှာ ပျိုး ကြဲနိုင်၊ စပါးစိုက်နိုင်ဖို့ ပိုက်ဆံ ချေးရတယ်။ [...]


ရန်ကုန်မြို့တွင် နောက်ဆုံး၌ အမှိုက်ပုံးစနစ်နှင့် အမှိုက် သယ်သည့် ကားစနစ်သာ ရှိအောင် ဆောင်ရွက်ပြီး ယင်းစနစ်၏ အားသာချက်ကို ဦးခင်ဝင်းက “ဒီအမှိုက်ပုံး စနစ်က နိုင်ငံတကာ မှာလည်း ဒီစနစ်ပဲ ဒီဟာရဲ့ အားသာချက်က အမှိုက်ပုံးတွေရဲ့ ဘေးမှာ သူ့ကို သယ်တဲ့ကားလာရင် ချိတ်သယ်ပြီး အမှိုက်စွန့်ပစ်ဖို့ ဘုလုံး မည်းမည်းတွေ ပါတယ်။ သူ့ကို သယ်ဖို့ကားဝယ်ပြီးရင် အမှိုက်စွန့်တဲ့နေရာမှာ လူပါတဲ့ လုပ်အားမသုံးရ တော့ဘူး။ အမှိုက်ပုံး ဆိုတာကလည်း အဖုံးပါတော့ [...]


ကော်မရှင် အဖွဲ့ဝင်များသည် အဖွဲ့များခွဲကာ စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံ ကျေးရွာလူထုနှင့်တွေ့ ဆုံပြီး ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ယင်းတို့၏ ရပ်တည်ချက် များ၊ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်း ကျင်နှင့် ပတ်သက်၍ ယင်းတို့၏ စိုးရိမ်ပူပန်မှုများနှင့် ရေရရှိရေး၊ ကျန်း မာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အစရှိသဖြင့် ယင်းတို့၏ လိုလားချက် များကိုလည်း မေးမြန်းစုံစမ်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၉)
၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးတော့ ရှင်က ဝေဒနာတချို့ ခံစားရပြီး အဆင်မပြေမှုတွေ ကြုံလာရ ပေမယ့် ဒီမိုကရေစီရေးနဲ့ လူထုအတွက်ပဲ စိတ်ဇော သန်နေခဲ့တာ မဟုတ်လား။ မိုက်ကယ် မကွယ် လွန်မီက အကြောင်းအရာတချို့ကို ပြောပြချင်ပါသေးတယ်။ ရှင်က ချုပ်ရိုးဖြေပြီးတာနဲ့ ဆေးရုံက ဆင်းခဲ့ရတာမျိုး ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုပြီး သတ္တိရှိရှိ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်နော်။ ရှင် ကိုယ်တိုင်လည်း ရှင့်အတွက် လိုအပ်မယ့်ဆေးကို အပြင်ထွက် [...]


“မြေလျော်ကြေး ကိစ္စက တိုင်းဒေသကြီးအစိုးရ နဲ့ပဲ ဆိုင်တယ် ကုမ္ပဏီနဲ့ တိုက်ရိုက် မဆိုင်ဘူး။ ကုမ္ပဏီ က အော်ပရေးရှင်း လုပ်တယ်၊ ကြေးနီ ထုတ်တယ်။ တကယ့် လျော်ကြေးတွေနဲ့ ဘယ်သူ့ကို ဘယ်နားထား မလဲ၊ ရွာကို ဘယ်နား တည်မလဲဆိုတာတွေက တိုင်းဒေသကြီးအစိုးရက လုပ်တာပါ။ ဦးပိုင်နဲ့ အာဏာပိုင်တွေ လုပ်တာပါ။ ကုမ္ပဏီက ကြေးထုတ်လုပ်တဲ့ အပိုင်းကိုပဲ လုပ်ပါတယ်”ဟု ဆိုသည်။ [...]


၂ဝ၁၂ ကား ကုန်ဆုံးတော့မည်။
ဒေါင်းလုလင်ကြီးများမှာ
အသက်က ကျောင်းအုပ်အရွယ် ရောက်လာ
အလုပ်မှာ ကျောင်းသားလည်း မဟုတ်တော့ရာ
စာရေးဆရာလိုလို စာဟောဆရာလိုလို
ပန်းချီဆရာလိုလို ကဗျာဆရာလိုလို
ဟိုလိုလို သည်လိုလို လုပ်မနေကြပါနှင့်တော့
နောင် ၃ နှစ်ဆိုလျှင်
ဥပဒေပြုရေးထဲပဲ ဝင်မလား၊ အုပ်ချုပ်ရေးပိုင်းပဲ ပြောင်းမလား
ဒေါင်းပျိုများက သိချင်နေကြ၏။ [...]