December, 2012၊ သတင်းမှတ်တမ်းများ


မြန်မာ့ပြုပြင်ပြောင်းလဲရေးများကို နိုင်ငံတော်အစိုးရ အဖွဲ့ အဆက်ဆက်က နှစ်နှစ်ဆယ်ကြာအောင် ပြင်ဆင်စီမံ ဆောင်ရွက်ခဲ့ကြရသည်ဟု အနက်ဆောင်သည့် အပြောမျိုး ကို ကြားခဲ့ရပါပြီ။ ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု အပြီးတွင် နဝတ၊ နအဖ အစိုးရနှစ်ဆက်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီး ၂ဝ၁၁ ခုနှစ် မတ်လတွင် တက်လာသော ပါတီစုံ အစိုးရတို့လက်ထက်တွင် ပြင်ဆင်စီမံဆောင်ရွက်ခဲ့သည်ဆိုသော မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များကို ပြန်လည်သုံးသပ်လျှင် နိုင်ငံစီးပွားရေး ချွတ်ခြုံ ကျသွားခဲ့ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များကို [...]

တောင်းဆိုချက် ၉ ချက်ဖြင့် ဆန္ဒထုတ်ဖော်ပြသမည်ကို ဆိုင်းငံ့ထား၊ အကြောင်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိက ဆန္ဒထုတ်ဖော်သွားမည်
မဒေးကျွန်းရှိ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတွင် ပါဝင်သော ဥယျာဉ်ခြံမြေ များ၏ လျော်ကြေးငွေ များကို ဒေသခံများ မှာ အပြည့်အဝ မရရှိသည့် အပြင် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ရေနံ သိုလှောင် တိုင်ကီများဆောက် လုပ်ရာတွင် ဒေသခံများထံ လျော်ကြေးငွေ ပေးကာ ဝယ်ထားသော သတ်မှတ် သည့် မြေဧရိယာ ကျော်လွန် အသုံးပြုနေကြခြင်း ဖြစ်သည်။ [...]

၁၃ဝဝ ပြည့် ရေနံမြေ သပိတ်ခေါင်းဆောင်
အာဠာဝက“သခင်ဖိုးလှကြီး”သခင်ဖိုးလှကြီးကို မကွေးခရိုင်၊ သရက်လေးပင်ရွာ၌ ဆင်းရဲသား မိဘနှစ်ပါးမှ ၁၉ဝ၈ ခုနှစ်လောက် တွင် မွေးဖွားခဲ့သည်။ မျိုးရိုးအစဉ်အဆက် တိကျစွာမသိရပါသော်လည်း ဖိုးလှကြီးမှာ မဟုတ်မခံ၊ တော်လှန် တိုက်ခိုက် လိုစိတ်ရှိသော မျိုးချစ် အာဇာနည်တစ်ဦးဖြစ်သည်။ သူ့ အသက် ၁၄ နှစ်သား အရွယ်တွင် မြေခွန် မပေးနိုင်သဖြင့် ဖခင်ကြီးကို မျက်နှာဖြူ ပုလိပ်တို့က လက်ထိပ် ခတ်ဖမ်းဆီးသွားသည်။ [...]

စောင့်ကြည့်နေသော အစ်ကိုကြီး အကြောင်း
မူရင်းစာအုပ်ကို မူရင်း စာရေးသူ George Orwell မကွယ်လွန်မီ တစ်နှစ် ၁၉၄၉ တွင် စတင်ထုတ်ဝေ ခဲ့သော် လည်း ဇာတ်လမ်းအခြေ တည်ရာမှာ နောင် ၁၅ နှစ် ၁၉၈၄ ခုနှစ် ကာလ ကမ္ဘာ့မြင်ကွင်းကို ကြိုတင်မြင်ယောင် ရေးဖွဲ့ထားသည်။ ဝတ္ထုတွင် အပိုင်း ၃ ပိုင်းခွဲခြားထား ပြီး ပထမပိုင်းတွင် အဓိက ဇာတ်ကောင် ဝင်စတန်စမစ်၏ စရိုက်၊ သဘာဝနှင့် ဝင်စတန်တို့ နေထိုင်ရာ [...]


အိန္ဒိယနိုင်ငံ Japiur မြို့နှင့် Mumbai မြို့များတွင် လာမည့်နှစ်များ၌ ကျင်းပမည့် ရုပ်ရှင်ပွဲတော် များတွင် မြန်မာနိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ဆင်နွှဲရန် ဖိတ်ကြားစာ များ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းရုံး ပြန်ကြားရေး ဌာနမှ သိရသည်။ [...]

ရုပ်ရှင်ထူးချွန်ဆု ရင်ခုန်သံ အချို့
နေပြည်တော်တွင် အကယ်ဒမီ ပေးပွဲများကို ယခင်က ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ရန်ကုန်မြို့၌ ပထမဦးဆုံး အနေဖြင့် ပြန်လည်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အကယ်ဒမီဆုပေးပွဲအတွက် အနုပညာ ရပ်ဝန်းမှ အနုပညာရှင် အချို့၏ အကယ်ဒမီ ရင်ခုန်သံစကားများနှင့် သုံးသပ်မှုများကို မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှ မေးမြန်း ဖော်ပြလိုက်ပါသည်။ [...]


မူလမြေပိုင်ရှင် ပြည်သူတို့က “စစ်အစိုးရလက် ထက်က ဘာမှပြောလို့မရခဲ့တာ။ အခု အရပ်သား အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ လက်ထက်ကျမှ အခုလို တာဝန်ယူပြီး လုပ်ပေးမယ် ဆိုတော့ ဒီကော်မတီ ကိုလည်း အားကိုးတယ်။ ဒီကော်မတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယုံကြည်တယ်” ဟု ယင်းတို့၏ မျှော်လင့်ချက် များကို ရင်ဖွင့်ပြော ကြားကြသည်။ [...]

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးထက် စစ်ပွဲက လှိုင်
ကချင်တို့က ပိုမိုတရားဝင်စေ ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ အပစ်အခတ်ရပ်စဲရေးကို စာဖြင့် ရေးသား ချုပ်ဆိုရန် အလေး အနက် ပြောခဲ့သော်လည်း ထိုစဉ်က အာဏာရ စစ်အစိုးရ က သူတို့အစိုးရမှာ ယာယီ သာ ဖြစ်သော ကြောင့် ကေအိုင်အေ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုချက် အပါအဝင် နိုင်ငံရေး ပြဿနာများနှင့် ပတ်သက် ၍ တစ်စုံတစ်ရာ မဆွေးနွေးခင်၊ ရွေးကောက်ခံ အစိုးရ တစ်ရပ်က အာဏာရယူသည် [...]


ပြည်ပမှ တင်ဒါခေါ်ယူ၍ ဆန် တင်သွင်းလျက် ရှိသော ဂျပန်နိုင်ငံ သို့ ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင် ပြီး မြန်မာနိုင်ငံက တင်သွင်း ရောင်းချရန် စီစဉ် ဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။ [...]

CLOWN DOCTORS အဖွဲ့သည် ရောဂါသည် ကလေးများ၏ ခံစားနေ ရသော ဝေဒနာ များ လျော့ပါးစေရန် အဓိက ရည်ရွယ်
“ပထမတော့ ကလေးတွေက ကြောက်တာပေါ့။ ဘာတွေ လဲ အရူးတွေလား ဆိုပြီးတော့တောင် အပြောခံရ ဖူးတယ်။ နောက်ပိုင်းကျတော့ သူတို့ကိုယ်တိုင်က လာမယ့် အချိန်ကို စောင့်နေကြတယ်။ ဘယ် အခန်းကို ဘယ်အချိန် ရောက်တယ် ကအစ မှတ်ထားပြီး နောက်ကျရင် ဘာလို့နောက်ကျလည်း လို့ မေးတယ်။ မိဘတွေ ကလည်း တချို့ ကလေးတွေ အိပ်နေရင်တောင် နှိုးပြီးပြကြတယ်။ သူတို့ရဲ့ တုံ့ပြန်မှုက ကောင်းပါတယ်” ဟု မကြည်ငြိမ်း [...]