January, 2013၊ သတင်းမှတ်တမ်းများ


“မြန်မာ့နွေဦး (The Burmese Spring)” ဟူသည့် အမည်ဖြင့် မြန်မာ နိုင်ငံတွင်း သတင်းလွတ်လပ်မှု အလျင် အမြန် တိုးတက်လာခြင်း အကြောင်း ရေးသား ထားသော သတင်းတစ်ပုဒ်ကို နယ်စည်းမခြား သတင်းထောက် များအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် ဤတိုးတက်မှု၏ အကန့်အသတ်များ နှင့် ရင်ဆိုင်နေရသော အန္တရာယ် များ အကြောင်းကိုလည်း ဖော်ပြထားသည်။ [...]

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ပေါ်လာ ရင် နိုင်ငံပိုင် သတင်းစာတွေ အနေနဲ့ ရပ်တည်ဖို့ အခက်အခဲ ရှိလာနိုင်ဟုဆို
ဂျာနယ်တွေက နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေ မယ်ဆိုတာ ကတော့ ကောင်းပါတယ်။ အခုအချိန်မှာ လည်း နိုင်ငံပိုင် သတင်းစာဆိုတာ မရှိသင့်တော့ ပါဘူး။ နိုင်ငံထဲမှာလည်း ၁၉၆၂ ခုနှစ် လောက်ကတည်း က စပြီး ပုဂ္ဂလိက သတင်းစာတွေ ပျောက်သွားခဲ့တာ အခုဆိုရင် အနှစ် ၅ဝ ကျော်လောက် ရှိပါပြီ။ နောက်ပြီး သတင်းစာ ထုတ်ဝေမယ့် အထဲမှာ ပါတီတွေလည်း ပါဝင်နေ တယ်လို့ ကြားသိရတဲ့အတွက် နေ့စဉ်ထုတ် [...]

မြန်မာ့ ပြုပြင်ပြောင်းလဲရေး တိုက်ပွဲခရီးရှည်
လုပ်ငန်းစဉ်နှင့် အကျိုးရလဒ် မှာမူ ပြီးပြည့်စုံဖို့ဝေးစွ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင် အကြံ ဥာဏ် ယူရန် အာဏာပိုင်များ က တွန့်နေကြဆဲ။ အားလုံးသော ဥပဒေတို့မှာ နိုင်ငံတကာ လူ့အခွင့်အရေး အဆင့်အတန်း များသို့ မရောက် ရှိသေး၊ မထင်ဟပ်နိုင်သေး။ ထို့ အတူ အရေးကြီးသော နယ်ပယ်များ မှာလည်း လျစ်လျူရှု ခံနေရဆဲပင်။ [...]

ခရေမိသားစု ဒါနပြုအဖွဲ့
ခရေမိသားစု ဒါနပြုအသင်းသည် သွေးလှူဒါန်းခြင်းကို အဓိကထား အကူအညီပေး လုပ်ဆောင်နေပြီး ဆေးရုံ များနှင့် ချိတ်ဆက်ကာ လူနာရှင်မိသားစုမှ သွေး လိုအပ်၍ ဖုန်းဆက် အကြောင်းကြားပါက အသင်းဝင် ၇ဝ ကျော် တို့မှ သွေးပေးမည့်သူကို ရွေး၍ သွေးစစ်ခြင်းမှ စတင်ပြီး သွေးဖောက်ထုတ်လှူဒါန်း၍ ရသည်အထိ တာဝန်ယူ ဆောင်ရွက် ပေးကြောင်း၊ သွေးလှူလျှင် ကုန်ကျသည့် စရိတ်အားလုံးကို လူနာရှင် မိသားစုမှ ကျခံစရာမလိုဘဲ အသင်းမှ တာဝန်ယူကျခံပေးကြောင်း၊ အသင်းဝင်များ [...]


၂ဝ၁၂ ခုနှစ် မေလတွင် မူဆယ်မြို့သို့အလုပ်လုပ်ရန် Express ကားဖြင့် ထွက်ခွာခဲ့ ကြောင်း၊ လာရှိုးတွင် ထမင်းစားနား နေစဉ် ကားမမီပဲ ကျန်နေခဲ့ကြောင်း၊ မူဆယ်ကားစီးရန် ကားစုံစမ်းနေစဉ် မဂျူးဂျူး ဆိုသူက ရောက်ရှိလာပြီး မူဆယ်စက်ရုံတွင် အလုပ်လုပ်ကိုင်လျှင် စရိတ်ငြိမ်း ကျပ်ငွေ ၆ သိန်းခန့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် သူ့နှင့် အတူ လိုက်သွား ခဲ့ကြောင်း ၊ ဗန်ကားနှင့် မူဆယ်သို့ထွက်ခွာခဲ့ရာ [...]

စာဖတ်ခြင်းဖြင့် လူ့ဘောင်လောကကို အကျိုးပြုပုံ အကိုးအကား များဖြင့် ဟောပြော ယှဉ်ပြိုင်၊ စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်၊ စာရေးစွမ်းရည်ပြိုင်ပွဲ နောက်ဆုံးအဆင့် တက်ရောက်
ယခု ဒုတိယအဆင့်ပြိုင်ပွဲ သို့ ပြိုင်ပွဲဝင် ဆန်ခါတင် အဆင့်အယောက် ၂ဝ ပါဝင်ယှဉ်ပြိုင်ကြပြီး စာဖတ်ခြင်း ဖြင့် လူ့လောက အကျိုးပြုပုံ ခေါင်း စဉ်ကို အကိုးအကားများဖြင့် တင် ဆက်ဟောပြော ကြရသည်။ထိုပြိုင်ပွဲဝင် အယောက် ၂ဝ ထဲမှ ရန်ဟိန်းအောင်၊ ဝေယံမောင်မောင် (ကောလိယ မောင်မောင်)၊ မြတ်သီရိမောင် (မောင်-ဆေး-၁)၊ ဖြိုးဖြိုးဝေ(ခ) မြူပါးရ်၊ ဖြူစင်ခိုင်၊ မင်းစိုးသူရတို့ ၆ ဦးသည် နောက်ဆုံးအဆင့်သို့ [...]

ကျွန်တော့် အဖေ(သို့) မိုးကောင်းကင်ကို ဖွင့်ခဲ့သူ
နာမည်ကျော် အနုပညာရှင်တစ်ဦး၏ ပုံရိပ်ကို သွေးသား တစ်ဦးက ပြန်လည်ဖမ်းဆုပ်ခြယ်မှုန်းထားပြီး စာရေး သူ၏ အရေးအသားမှာလည်း ရိုးသားပွင့်လင်း လွတ်လပ်နေခဲ့သည်။ ဖြတ်သန်းမှု ကာလ အပိုင်း အခြားများတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ ကိုလည်း စာရေးသူက အရင်းအတိုင်း ဖွင့်ဆိုထားသည်။ အနုပညာရှင် တစ်ဦး၏ ဖြတ်သန်းမှုတွင် ခေတ်အခြေအနေအရ ကြုံတွေ့ ခဲ့ကြရသော ဆင်ဆာတည်းဖြတ်ခြင်း ဆိုသည့် အရိပ်မည်းအောက်တွင် အမိခံခဲ့ရပုံ များကိုလည်း ပွင့်လင်းစွာ ပင်ရေးပြထားသည်။ [...]


ကျွန်တော် နှမြောမိတာက ပညာရှင်တွေရဲ့ မာန်ပါ။ ပညာရှင် ဆိုတာ ပညာမာန ထားတတ်ရမယ် လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ကတော့ တော် လှန်ရေး ကောင်စီ လက် ထက်လောက်ကတည်းက ဗိုလ်ချုပ်ကြီး နေဝင်းကို ပညာရှင် တွေအမျိုးမျိုးက အလိုကျ မူဝါဒတွေ ချပြ၊ လိုက်လုပ်ပြခဲ့တာကြောင့် ခေတ်စနစ်ကြီး တစ်ခုလုံး ရစရာ မရှိ လောက်အောင် ပျက်စီးစုတ်ပြတ် သွားခဲ့ရတာ မှတ်မိနေဦးမယ်ထင်ပါ တယ်။ [...]

ရော်ဘင်စု၊ ခရိုနီအရွေ့နှင့် ၂ဝ၁၅ အကြို ရွှေ့ ကွက်များ
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ နေအိမ်အကျယ်ချုပ် ချထားခဲ့သော မြန်မာစစ်အစိုးရကို အမှီအခိုပြုခြင်း အားဖြင့် ကြီးပွား ချမ်းသာလာကြသော ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ယခုအခါ ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေးပါတီသို့ ရန်ပုံငွေ လှူဒါန်း ထည့်ဝင် ကြကာ အလှူရှင်များ အဖြစ်သို့ ရောက်ရှိလာကြခြင်းဖြင့် ယင်း တို့၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန် လာစေရန် ကြိုးပမ်းရာတွင် အောင်မြင်မှု တစ်ရပ်ကို [...]

အင်းလေးဒေသ ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းဖြေလျှော့မှု များ ပြုလုပ် ပြီး ဖြစ်သဖြင့် ဥပဒေကြောင်းအရသာ ဆက်လက် ဆောင်ရွက် သွားမည်ဟု ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ပြောကြား
လက်ရှိ လုပ်ဆောင်နေသည့် ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ညှိနှိုင်းမှု၊ ဖြေလျှော့ မှုများ ပြုလုပ်ပြီးဖြစ်သဖြင့် ယင်းစီမံ ကိန်းကို ကိုယ်ထိ လက်ရောက် စွက်ဖက်နှောင့်ယှက်သူများ ရှိလာလျှင် ယင်းတို့အား ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက် သွားတော့မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ [...]


Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 70
« နောက်သို့

Warning: Use of undefined constant skyali - assumed 'skyali' (this will throw an Error in a future version of PHP) in /home/myanmari/public_html/wp-content/themes/LondonLive_1.4/archive.php on line 72