January, 2013၊ သတင်းမှတ်တမ်းများ

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမှန်တကယ် မြန်ဆန်စွာ ရရှိနိုင်ရေး နှင့်ပတ်သက်ပြီးဒေါ်ဒွဲဘူက “သမ္မတ အနေနဲ့ ဘာကိုမှ မခွဲခြားဘဲနဲ့ ကချင် ပြည်သူလူထုအပေါ်မှာ သူ့ရဲ့ချစ်ခြင်း မေတ္တာကိုပြသပြီး ပြုမူဖို့လိုတယ်။ ဒါ့အပြင် အစိုးရကလည်း သူ့ရဲ့ စစ်တပ်ကိုနိုင်အောင် ထိန်း၊ စစ်တပ်အနေ နဲ့လည်း မလိမ်မညာဘဲ အမှန်အတိုင်း ဆောင်ရွက်ဖို့ လိုတယ်။ အောက်မှာ လုပ်တာတစ်မျိုး၊ အပေါ်မှာတင်ပြတာ တစ်မျိုးမဖြစ်သင့်ဘူး” ဟု အကြံပြု ပြောကြားခဲ့သည်။ [...]

အဝေးပြေးကားလမ်းများ ယိုယွင်း ပျက်စီး မှုကြောင့် မအူပင် နည်းပညာ တက္ကသိုလ် ကျောင်း သားများ အခက်အခဲ ကြုံနေ
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင် နည်းပညာ တက္ကသိုလ်နှင့် စွန်သိုက်ကျေးရွာ၊ ရေလဲ ကလေး ကျေးရွာအထိ ပေါက်သော အဝေးပြေး ကားလမ်းမကြီးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြင်ဆင် မှုများ ပြုလုပ်လျက် ရှိပြီး ထိုသို့ ပြင်ဆင်မှုများသည် ယခုမှလုပ်ခြင်း မဟုတ်ဘဲ ယခင်ကလည်း ပြင်ဆင် မှုများပြုလုပ်ခဲ့ကြောင်းနှင့် ပြင်ဆင် မှုများသည် မိုးတွင်းသို့ ရောက်သောအခါ ပြိုကျပျက်စီးကာ အသုံးပြုရန် ခက်ခဲနေသည်ဟု သိရသည်။ [...]


ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီ ဆိုရာတွင် အကူ အညီ အထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်း သက်သာသော ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများကို စနစ်တကျ စီမံခန့်ခွဲ နိုင်ခြင်းဖြင့် ကောင်းမွန်သော ရလဒ် နှင့် ပြယုဂ်ကြောင့် နိုင်ငံ၏ ရည်မှန်း ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတစ်ခုသို့ ကူး ပြောင်းမှုဖြစ်စဉ်ကို များစွာအထောက် အကူပြုစေမည်ဟု ပြောကြားခဲ့သည်။ [...]

မြန်မာပရိသတ်နှင့် နှစ်ပေါင်း လေးဆယ်နီးပါး ကင်းကွာခဲ့သည့် လားရှိုးသိန်းအောင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပပြီးစီးခဲ့
မြန်မာပြည် ပရိသတ်များနှင့် ဆယ်စုနှစ်လေးခုနီးပါး ကင်းကွာခဲ့သည့် တေးသံရှင် လားရှိုးသိန်းအောင် ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက စတင်ပြီး မင်းဓမ္မလမ်းရှိ (အမ်စီစီ) အဆောက် အဦ ရှေ့ကွင်းပြင်ကြီး အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ သူ၏တေးသီချင်းသံ များနှင့် ဆယ်စုနှစ် ပေါင်းများစွာ ကင်းကွာခဲ့သည့် ပရိသတ် ထောင်ပေါင်း များစွာ တက်ရောက် ခဲ့ကြသည်။ [...]

အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံ ကလေးငယ်များအတွက် သုခရိပ်မြုံ(မန္တလေး) ဖွင့်လှစ်ပြီ
ယာယီ အဆောက်အဦဖြင့် တစ်နိုင်တစ်ပိုင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသော မန္တလေးမြို့၏ တစ်ခု တည်းသော (အိတ်ခ်ျအိုင်ဗွီ)ကူးစက် ခံကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေး အဖွဲ့အစည်းဖြစ်သည့် သုခ ရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂ လမ်း (ပန်းခြံလမ်း)ရှိ ဘုံပျံတောရမြဝတီမင်းကြီး ကျောင်း တိုက်တွင် ဇန်နဝါရီ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီက အောင်မြင်စွာဖွင့်လှစ်နိုင် ခဲ့သည်။ [...]


အများပြည်သူ သွားလာရာ ပလက်ဖောင်းပေါ်က အပေါက် တွင် မထင်မှတ်ဘဲ ခြေချော် ကျ၍ ထိခိုက် ဒဏ်ရာ ရခဲ့သူက သက်ဆိုင် ရာမြူနီစပယ်ကို နစ်နာ ကြေးငွေ ရှိရန် တရားစွဲဆိုတောင်းခံ ခြင်းတို့သည် အခွန်ထမ်းပြည်သူတိုင်းကို အရေးတယူပြုရသည့် ဒီမို ကရေစီ ကျင့်သုံးသောနိုင်ငံများတွင် မဆန်းပြားလှသော အမှု အခင်းများ ဖြစ်ပါသည်။ (ကွယ်လွန်သူ Satire စာရေးဆရာကြီး၏ ပို့သခဲ့သော မေတ္တာများ စာအုပ်ပါ ရန်ကုန်မြို့က အပေါက်များ ဆိုသည်မှာ [...]

ကချင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဦး M ဇော်ယော် (U M Zaw Raw)နှင့် တွေ့ဆုံ မေးမြန်းခြင်း
ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဖြစ်သူ ဦး M ဇော်ယော်နဲ့ မြစ်ကြီးနားမြို့မှာ ၂၁ ရက်၊ ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်က တွေ့ဆုံခဲ့ပါတယ်။ ဦး M ဇော်ယော် ဆိုရင် ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ၁၉၈၈ ခုနှစ်အထိ တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဦး M ဇော်ယော်ရဲ့ ကချင်စစ်ပွဲ [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၃)
“မိုက်ကယ်က သူ့ဈာပနအတွက် ဘာဆိုဘာမှ မညွှန်ကြားခဲ့ပါဘူး။ ကျွန်တော်က သူ့သားတွေနဲ့ တိုင်ပင်ခဲ့ပြီး ၃ ရက်ကြာအောင် စဉ်းစားခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ ဒီ ဈာပနကို ဘာသာရေး အခမ်းအနားမျိုးကို လွန်ပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အကြောင်းရင်းကတော့ မိုက်ကယ်ဟာ သူ့ရဲ့နိုင်ငံရေးကိုရော ဘာသာရေးကိုပါ အမည်တံဆိပ် တပ်တာကို သဘောမကျပါဘူး။ [...]


IMF ဝန်ထမ်း အဖွဲ့မှ စောင့်ကြပ် ကြည့်ရှုသည့် အစီအစဉ်ဖြင့် ရေရှည်တည်တံ့၍ မျှတသော ဖွံ့ဖြိုးမှု ရရှိရေး၊ ကမ္ဘာ့စီးပွားရေးနှင့် ပြည်လည်ပေါင်းစည်းရေးနှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေးအတွက် အကူအညီပေးရန် မြန်မာနိုင်ငံက တောင်းခံခဲ့ကြောင်း IMF က ပြောသည်။ [...]


ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး [...]