January, 2013၊ သတင်းမှတ်တမ်းများ

ပွင့်လင်း မြင်သာမှု မရှိ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ များ ပြဿနာပေါင်းစုံ ကြုံတွေ့ ခဲ့ရခြင်းဖြစ်ဟု ဒေသခံများက ပြောကြား
“အိမ်တိုင် ရာရောက် အသိပေး အကြောင်း ကြားတာမျိုး မရှိပါဘူး။ ကားနဲ့ အော်သွားတာမျိုး လောက် ပဲ တွေ့ ရတယ်။ သူတို့ ပြောတဲ့ အိမ်တိုင်ရာရောက် လိုက်လံ အသိပေးတာမျိုး မတွေ့ရပါဘူး” ဟု မဟာအောင်မြေ မြို့နယ် အတွင်း မဲပေးခဲ့ရသူ တစ်ဦးက ဆိုသည်။ [...]


၇ နှစ်ကျော်မျှ အဆက်ပြတ် နေခဲ့ပြီးနောက် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှ အကျဉ်းကျများကို လာမည့် သီတင်းပတ်တွင် သွားရောက် တွေ့ ဆုံခြင်း ပြန်လည် စတင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ရာ တစ်ချိန်က အပယ်ခံဖြစ်ခဲ့သည့် နိုင်ငံအတွင်း နောက်ဆုံး ထွက်ပေါ်လာသည့် ပြုပြင်ပြောင်းလဲမှု သင်္ကေတ တစ်ရပ်ပင် ဖြစ်သည်။ [...]


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်၏ ပထမဦးဆုံးခွဲဝေ လှူဒါန်းမှုအဖြစ် နယ်စပ်ဒေသရှိ ကလေး ငယ်များ ပညာရေးအတွက် ငွေကျပ်သိန်း ၁၂ဝ တန်ဖိုးရှိ လှူဒါန်းမှုများပြုလုပ်ရန် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မှ ထွက်ခွာမည် ဖြစ်ကြောင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာကေတ မြို့နယ်ဥက္ကဋ္ဌ) ဦးကျော်ထွေးက မြန်မာအင်ဒီပဲန်ဒင့်သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ [...]


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး အတွက် ယင်းဒေသသို့ ငြိမ်းချမ်းရေး အလံ စိုက်ထူရန် ရန်ကုန်မြို့မှ ခြေလျင်လမ်းလျှောက်ခဲ့ကြသော လူငယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပဲခူးမြို့အဝင်၌ အာ ဏာပိုင်များ၏ တားဆီးခြင်းကို ခံခဲ့ရပြီး အပြန်အလှန်ညှိနှိုင်းမှုများရရှိ ကာ ရှေ့ဆက် လမ်းလျှောက်ခဲ့ကြကြောင်း ယင်းလူငယ်အဖွဲ့မှ ကိုဇင်ကိုကိုက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားသည်။ [...]

မြေမြှုပ်မိုင်းဒဏ် သင့်သူများအရေး ဒေသခံများနှင့် တွေ့ဆုံ၊ ကေအန်ယူ တပ်မဟာမှူး နှင့်လည်း ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်း စုကြည်နှင့် အဖွဲ့သည် ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း နှစ်ပေါင်း ၆ဝ ကြာ ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲများဖြစ်ခဲ့သည့် မုန်းမြို့၊ ဖြူးမြို့၊ ကျောက်ကြီးမြို့များတွင် မြေမြှုပ်မိုင်းများကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့ခဲ့ကြသူများ ကို သွားရောက် တွေ့ဆုံခဲ့သည်။ [...]


မြန်မာအစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကတိပေး ပြောကြားပြီး ဖြစ်သော်လည်း နိုင်ငံမြောက် ပိုင်း ဒေသများတွင် ဇန်နဝါရီ ၁၉ ရက် အထိ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလျက်ရှိနေသေးကြောင်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင်တို့က ပဋိပက္ခ အဆုံးသတ်ရေးအပေါ် ကြီးစွာသော သံသယဖြင့် ပြောကြား လိုက်သည်။ [...]

ဆည်မြောင်း၊ တာတမံများမှ ရေရှင်လွှတ်မှုကြောင့် တောင်သူလယ်သမားများ သီးနှံများ ပျက်စီးဆုံးရှုံး
ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေး မြို့နယ်၊ အခကျေးရွာ အတွင်းရှိ၊ ခြောက်အိမ်တန်း လယ်ကွင်းများ၌ ရေတက်နှုန်း ပိုမြင့်လာပြီး ရေလွှမ်းမိုး မှုကြောင့် တောင်သူ လယ်သမားများ စပါး စိုက်ပျိုးရာတွင် ပျက်စီး ဆုံးရှုံးမှု များလာသဖြင့် စပါးအထွက်နှုန်းသည် ယခင်ကထက် ၂ဝ ရာခိုင်နှုန်းခန့် ပိုမိုလျော့နည်း သွားကြောင်း ဇန်နဝါရီ ၁၇ ရက်က အဆိုပါကျေးရွာရှိ စပါး စိုက်ပျိုးသူ တောင်သူ၊ လယ်သမား များ၏ [...]

စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားသောကြောင့် အပင်ပန်းခံ လမ်းလျှောက်ခြင်းဖြစ်၊  ပြည်တွင်းစစ် ရပ်စဲရေးသည် အစိုးရ အပေါ်တွင်သာ တာဝန်ရှိသည်မဟုတ်
ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ စုစည်း၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ရွှေတိဂုံဘုရား ၌ အောင်မြေနင်းဆုတောင်းမေတ္တာ ပို့သပွဲပြုလုပ်ခြင်း၊ သခင် ကိုယ်တော်မှိုင်း၏ ဂူဗိမာန်အား ကန်တော့ခြင်းများ ပြုလုပ်ပြီး ရန်ကုန်မြို့၊ မြို့တော် ခန်းမမှ ပဲခူးမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့သို့ ငြိမ်းချမ်းရေး အလံတော် ကို ခြေလျင် လမ်းလျှောက် သယ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ သယ်ဆောင်မည့်ခရီးစဉ်သည် အချိန်ကာလတစ်လကျော်ကြာမြင့် မည်ဖြစ်ကြောင်း၊ လမ်းခရီးတွင် [...]


မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသ အချို့တွင် ယခုလ အတွင်း မိုးအနည်းငယ် ရွာသွန်းနိုင်ခြေရှိပြီး တောင်သူ လယ်သမားများ စပါးစိုက်ပျိုးပြီး ရိတ်သိမ်းချိန်ဖြစ်၍ အထူး သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ [...]

၁၁ တန်း ပညာရေး ပြောင်းလဲမည့် အပေါ် ပညာရေးဝန်ထမ်းအချို့က မြေစမ်း ခရမ်းမပျိုးသင့်ကြောင်း သုံးသပ်
၂ဝ၁၆-၁၇ ပညာသင်နှစ်တွင် Grade ၁၂ (၁၁ တန်း) ပညာရေး စနစ် ကို စတင်ကျင့်သုံးမည်ဟု ပညာရေး ဝန်ကြီး ဌာနမှ သတင်းများ ထွက် ပေါ်ခဲ့သည့်အပေါ် ပညာရေးဝန်ထမ်း တချို့က ပညာရေးအား မြေစမ်း ခရမ်းပျိုးခြင်း မျိုး မလုပ်သင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ “ပညာရေး ဥပဒေ သေချာ မထွက်သေးဘဲနဲ့ ပညာရေးစနစ် ပြောင်းဖို့ လုပ်တာ အဆင်မပြေတာ တွေဘဲ တွေ့ရ [...]