January, 2013၊ သတင်းမှတ်တမ်းများ


ပြည်ပရောက် မြန်မာနိုင်ငံသား သင်္ဘောသားများ စုပေါင်း၍ Seafarers Union Burma (S.U.B) ကို မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂဟူသော အမည်ဖြင့် ၁၉၉၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ စတင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီးများ တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံ သား သင်္ဘောသားများ ၏ အလုပ်သမား ဆိုင်ရာ အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ် [...]

ပွင့်လင်းလာသော မြန်မာနိုင်ငံနှင့် တရုတ် ဆန့်ကျင်ရေး အစွဲကြောင့် စီးပွားရေးနှင့် မဟာဗျူဟာ အခြေကျမှုများ တစ်စစ ပျော့ကျ လာမည် ဖြစ်
တံခါးဖွင့်စ မြန်မာနိုင်ငံ အတွင်း စားပွဲတစ်နေရာ ရယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အိန္ဒိယ အစရှိသည့် အင်အားကြီး နိုင်ငံ များက မြန် မာနိုင်ငံသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာလျက် ရှိကြသည် ဖြစ်ရာ မြန်မာနိုင်ငံ အတွင်း တရုတ်တို့၏ စီးပွားရေးနှင့် မဟာဗျူဟာ အခြေချမှုတို့မှာ တစ်စတစ်စ လျှောကျ လာ နေပြီဖြစ်သည်ဟု ဆန်းစစ် လေ့လာသူ တစ်ဦးက ပြောကြားလိုက်သည်။ [...]


“တောင်ကိုရီးယား အစိုးရရဲ့ တင်ဒါနဲ့ခေါ်တဲ့ဆန်ကို SAMSUNG က တာဝန်ယူ တင်သွင်းမှာ။ မြန်မာနိုင်ငံက ဆန်ကို ကမ္ဘာ့နိုင်ငံ တွေက ဝယ်တာ များလာရင် တောင်သူတွေအတွက် ပိုကောင်းတာပဲ။ ပြည်ပ တင်ပို့တော့ နိုင်ငံခြား ဝင်ငွေရပြီး စပါးဈေးလည်း အထိုက်အလျောက် ကောင်းလာနိုင်တယ်” ဟု ဒေါက်တာ စိုးထွန်းက ပြောကြား သည်။ [...]


“ဝန်ကြီး ဌာနတွေ ဘက်က မြူမှုန်တစ်မှုန်မျှ လာဘ်စား တာမျိုး မရှိဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ဂျာနယ်တွေ ဘက်က လွန်တာပေါ့။ သတင်း ရေးသားရာ ကနေ နှစ် ဦးနှစ်ဖက် မကျေမလည်တာတွေ ရှိခဲ့ရင်လဲ နှစ်ဦးနှစ် ဖက် ပြေလည်မှု ရဖို့ အဆင့်ဆင့် ဖြေရှင်းနည်းတွေကို လုပ်နိုင်မယ် ဆိုရင်တော့ နောင်မှာ ဒီလိုမျိုး ပြဿနာတွေကို လုပ်နိုင်မယ် ဆိုရင်တော့ နောင်မှ ဒီလိုမျိုး ပြဿနာတွေ ဖြစ်မလာနိုင်ပါဘူးဟု [...]

ပြင်းပြင်းထန်ထန် သတိပေးပြီးဖြစ်၍ ပြတ်ပြတ်သားသား အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြောပြီ
ငွေကြေး တောင်းယူ၍ လုံခြုံရေး ဂိတ်ဖွင့်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး တိတိကျကျ တိုင်ကြားလာပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် က နောင်ချိုမြို့နယ် အေးရှားဝေါလ် လမ်း တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင် တွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ တွင် စီးပွား/ကူးသန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြား လိုက်သည်။ [...]

ဆေးတက္ကသိုလ် (မန္တလေး) ငွေစာရင်းကိစ္စ အမှန်တရား ပျောက်ဆုံးနေသည်ဟု မယူမနေရ ပင်စင်စား စာရင်းကိုင်ကဆို
ဆေးတက္ကသိုလ်(မန္တလေး) ငွေစာရင်းဌာနတွင် စာရင်းကိုင် အဆင့် ၂ အဖြစ် ၁၅ နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့သည့် ဝန်ထမ်း ဒေါ်စန်းလှကို ပါမောက္ခ ဦးဆောင်သော အကြီးအကဲများ စုပေါင်း၍ ဌာနတွင်း လုပ်ငန်း ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရဟု ဆိုကာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်စွဲဖြင့် မယူမနေရ ပင်စင်ပေးခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် အဆိုပါ အမျိုးသမီးက ဇန်နဝါရီ ၁၆ ရက် [...]

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး တိုးချဲ့ရေး မဖြစ်မနေ ဆောင်ရွက်မည်
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် လက်ရှိ အသုံးပြုနေ သော ယာဉ်ရပ်နားစခန်း နှစ်နေရာအပြင် အသစ်ထပ်မံ၍ နေရာသုံးခု၌ တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပြီး ယင်းလမ်းမကြီးကို နိုင်လွန် ကတ္တရာ ထပ်ပိုးခင်းခြင်း၊ လမ်းမကြီးတစ်လျှောက် မိုင် ၅ဝ အကွာတွင် သန့်စင်ခန်းများထားရှိပေးခြင်းနှင့် လမ်းဘေး တစ်ဖက်တစ်ချက်ကို အကာအရံများထားရှိခြင်း အစရှိသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော ကိစ္စရပ်များကို နှစ်အလိုက်စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည်ဟု သိရှိရသည်။ [...]

ကြောက်စရာ့ အကြောက်တရားနှင့် အနုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေး
အိန္ဒိယ သမုဒ္ဒရာဘေး သဲသောင်ပြင်မှာ သီရိလင်္ကာ သားများ စွန်လွှတ်နေကြသည်။ တနင်္ဂနွေ၏ သရုပ်သကန် အဖြစ် သည်သဲသောင်မှာ လူရော စွန်ပါ ဖြူနီဝါပြာရောင်စုံ ရွှင်လန်းလျက်။ ဂါလီဖေ့စ် ဟိုတယ်ထဲမှာလည်း ရိုးရာ ဆင်ဟာလီ စတိုင်လ်၊ တမီလ်စတိုင်လ် ဆာရီ ပြိုးပြိုးပြက်ပြက် ကိုယ်စီနှင့် ဒေသခံများသာမက ဥရောပ၊ ဂျပန် စသည့် ဖြူဖြူ၊ ဝါဝါ နိုင်ငံခြားသားများက ပျားပန်းခတ်။ နေက ဝင်လုဆဲဖြစ်ရာ သည်ဟိုတယ်၏ သမုဒ္ဒရာ [...]


နှစ်ပေါင်းများစွာ ကမ္ဘာ့ဇာတ်ခုံတွင် ကန့်လန့်ကာနောက် သို့ ရောက်ခဲ့ရသည့် မြန်မာနိုင်ငံ အနေဖြင့်လည်း ကတ္တီပါ ကားလိပ် အဖွင့်တွင် မီးရောင်အောက်သို့ ဝင်ကာ တင့်တောင့် တင့်တယ် ဟန်ရေးပြခွင့်ကို လက် မလွှတ်သင့် သည်မှာ မှန်သော်လည်း သတိကြီးကြီးထားကာ ဆုံးဖြတ်နိုင်ရန် အရေးကြီးလှပါသည်။ သို့မှသာ မျက်နှာပေါ်က သနပ်ခါးနှင့် ဆံထုံးပေါ်က ပန်းကိုပြရန် ရင်ကော့ခေါင်းမော့ ဟန်ရေးပြချိန်တွင် ဗလာထဘီ အကွဲအောက်မှ ကျင်ငယ်စီးကြောင်းကို မီးမောင်း အထိုးမခံ ရမှာ ဖြစ်ပါသည်။ [...]


ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား။
ထိုအတွေးများ ထုတ်ဖော်မှုဖြင့်
အွန်လိုင်းအသုံးပြုသူအား ရှုံ့ချရန် အရေးကြီး အဆိုတင်သွင်း
ကန့်ကွက်မဲများဖြင့် ဗျင်းလိုက်ကြရာ
အွန်လိုင်းကလူများ ရယ်ပွဲဖွဲ့စရာဖြစ်။
ခုံရုံးအလှည့်မှာဖြင့် လူကို နှံလို့ မဝသေး
ဥပဒေမူကြမ်းအရေးမှာလည်း သမ္မတကို ကလန်
လွှတ်တော်က လက်သံပြောင်ပြ
သူ့ထိလေကာမှ မခံရေးချ မခံ
သည်နှယ်ဆက်နှံလျှင်ဖြင့်
နိုင်ငံသားများအတွက် အကြံခက်သည်မှာ
ပြဿနာဖြစ်လာလျှင်
မည်သူကများ အဆုံးအဖြတ် ပေးနိုင်မှာပါလိမ့်။ [...]