February, 2013၊ သတင်းမှတ်တမ်းများ

မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားများအပေါ် အရေးယူခဲ့ခြင်းသည် လုပ်သင့်လုပ်ထိုက်သည် ကို လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းဆို
“ကျောင်းသားနဲ့ ဆရာ မမျှတဲ့ ကိစ္စကလည်း ရှိပါတယ်။ ကျွန်တော်တို့တုန်းက အလုပ်သင် ဆရာဝန်ဆိုတာ လူနာဆောင် တစ်ခုမှာ သုံးလေးယောက် ရှိတယ်။ အခုက သုံးလေးဆယ် မက ရှိတယ်။ ဆရာကြီးတွေက ဘယ်သူက ကျောင်းသား၊ ဘယ်သူက အလုပ်သင် ဆရာဝန် ဆိုတာတောင် ကောင်းကောင်း မသိနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်” ဟု ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းက ဆိုပါသည်။ [...]


အောင်ပန်းမြို့၊ ကားလမ်းနံဘေးရှိ ချယ်ရီဆိုင် အရှေ့ တွင် နှစ်ပေါင်းများစွာ ကြာအောင် ဒေသထွက်ကုန် များ ရောင်းချရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ သည့် ခေါင်းရွက် ဗျက်ထိုးဈေးသည် များသည် ယခုအခါ တွင်မူ ရန်ကုန်သို့ ဆင်းသည့်ကားများမှာ ယင်းချယ်ရီဆိုင်ရှေ့တွင် ရပ်နား ခြင်း မပြုလုပ်တော့ဘဲ ချယ်ရီဆိုင်နောက် တွင် အသစ်ပြုလုပ်ထားသည့် ကားရပ်နားကွင်းတွင်သာ ရပ်နားကြသဖြင့် ဈေးရောင်းချရာ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။ [...]


တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာစစ်တပ်ကြား စစ်မက်ဖြစ်ပွား မှုများက တရုတ်နိုင်ငံ အနောက် တောင်ပိုင်း သို့ လျှံကျဝင်ရောက် လာနိုင်မှုကို တွက်ဆလျက် မြန်မာ့နယ်စပ် အနီးတွင် တရုတ် တပ်မတော်တပ်ဖွဲ့များ လေ့ကျင့်မှု အပြင်းအထန် လုပ်ဆောင်နေကြောင်း၊ တရုတ်အစိုးရ သတင်းမီဒီယာ များတွင် သောကြာနေ့ က ဖော်ပြခဲ့ကြသည်။ [...]

Generation Youth အဖွဲ့မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တစ်ခု ပြုလုပ်
Generation Youth အဖွဲ့မှဦးဆောင်ပြီး ၊ ရန်ကုန်မြို့ ၊ ဆူးလေစေတီ ကုန်းတော်ပေါ်တွင် ယနေ့ နေ့လည် ၃ : ၃ဝ ခန့်တွင် ဆန္ဒထုတ်ဖော် ၊ ဆုတောင်းမှုတစ်ခုပြု လုပ်ခဲ့သည်။ ထိုဆန္ဒဖော်ထုတ်မှု တွင် မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောက်ပန်းတောင်း နှစ်ကျပ်ခွဲကျေးရွာ တို့တွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသောပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း အကြမ်းဖက် ဖြိုခွင်းမှုများကို ဤနေရာမှ ရှုတ်ချလိုက်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ [...]

အသွင်ကူးပြောင်းရေးကာလတွင် စာနယ်ဇင်း၏ အခန်းကဏ္ဍ အရေးကြီး၊ ဂျပန်၏အမှားကို သင်ခန်းစာ ယူစေလိုကြောင်း ကျိုဒို သတင်းဌာန အကြီးအကဲဆို
ပြည်ပအခြေစိုက် သတင်းဌာနများကို ပြည်တွင်းတွင် စာနယ်ဇင်းလုပ် ငန်းများ လုပ်ပိုင်ခွင့်ပေးသွားမည်ဟု သိရပြီးနောက် ပြည်ပသတင်းဌာန အများစု က မြန်မာနိုင်ငံ တွင် ယင်းတို့ အနေဖြင့် တရားဝင် လုပ်ကိုင်ခွင့် ရရန် ကြိုးပမ်းမှုများ ရှိလာခဲ့ပါသည်။ ယင်း တို့အနက် ကျိုဒိုသတင်းဌာနလည်း အပါအဝင်ဖြစ်ပါသည်။ ကျိုဒိုမှာ ပြန် ကြားရေးဝန်ကြီးဌာနနှင့် သဘောတူ စာချုပ် ချုပ်ဆိုနိုင်သော ပထမဆုံး ပြည်ပသတင်းဌာနလည်း ဖြစ်ပါ သည်။ [...]

တက္ကသိုလ်များတွင် အဆောင်စနစ် ပြန်လည်ပြု လုပ်ပေးရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ပြောကြား
ရန်ကုန် တက္ကသိုလ် အပါအဝင် တက္ကသိုလ် အသီးသီး၌ ဆရာ၊ ဆရာ မများနှင့် ကျောင်းသား၊ ကျောင်း သူများ နေထိုင်နိုင်ရန် အဆောင်စနစ်ကို ပြန် လည် ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးစင်တာ၌ ပြုလုပ်သော အစည်းအဝေး၌ တရား ဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ [...]

အယုဒ္ဓယ ဘုရင်ဟောင်း အုတ်ဂူဟု ယူဆ ရသော ရှေးဟောင်း အုတ်ဂူကို အမှန်တကယ် ဟုတ်၊ မဟုတ် ရက်ပေါင်း ၄ဝ ခန့် သုတေသန ပြုလုပ်မည်
အမရပူရမြို့နယ်၊ တောင်သမန် အင်းအနီး၊ လင်းဇင်းကုန်း သုဿန်ရှိ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူဟု ယူဆ ရသော ရှေးဟောင်းအုတ်ဂူကို အမှန်တကယ် ဟုတ်၊ မဟုတ် ရက်ပေါင်းလေးဆယ်ခန့် သုတေသန ပြုလုပ် သွားရန် နိုင်ငံတော် အစိုးရထံမှ ခွင့်ပြုမိန့် ရရှိပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က အဆိုပါသုဿန်အတွင်း ပြုလုပ်သည့် ပရိတ်ရွတ်ပွဲ၌ ထိုင်း သုတေသနအဖွဲ့ ခေါင်းဆောင် Dr. Vichit Chinalai က ပြောသည်။ [...]

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဥရောပနိုင်ငံများသို့ ခရီး ထွက်ခွာ ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း Mr. Bondevik ကြိုဆိုဂုဏ်ပြု
နိုင်ငံတော် သမ္မတ နော်ဝေနိုင်ငံသို့ ရောက်ရှိစဉ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ အတွင်း နော်ဝေနိုင်ငံသားများက လှိုက်လှဲစွာ ကြိုဆိုမှုများ ပြုလုပ်ရန် စီစဉ်ထားသကဲ့ သို့ နော်ဝေနိုင်ငံရောက် မြန် မာနိုင်ငံသားများကလည်း ငြိမ်းချမ်းရေး အတွက် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း နော်ဝေနိုင်ငံ အခြေစိုက် အောင်ဆန်း စုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး ဖောင်ဒေး ရှင်းမှ ဦးကျော်သွင်က မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားခဲ့သည်။ [...]

ပြင်ပမှ ဝင်ရောက်သည့် ကြော်ငြာများကို မကြာမီ ကာလတွင် Firefox ပိတ်မည်
ပြင်ပမှဝင်ရောက်၍ ကြော်ငြာများပေးပို့နေသည့် ကြော်ငြာ ကွတ်ကီး (Advertising Cookies)များကို မကြာမီ ကာလတွင် Firefox က အသုံးပြုခွင့် ပိတ်ပင်သွားမည်ဟု သိရသည်။ Firefox web browser အသုံးပြုသူများ ထံသို့ ကြော်ငြာများ စဉ်ဆက်မပြတ် ပေးပို့မှုကို အကာအကွယ်ပေးရန် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ [...]

မြန်မာနိုင်ငံ၏ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုသို့ ပထမဆုံး သံတမန် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ့ ရေတပ်မတော် သမိုင်းဝင် ခရီးစတင်
ကပ္ပတိန်အောင်ဇော်လှိုင် ဦးဆောင်သော UMS561နှင့် UMS562ကမ်းခြေစောင့် ရေယာဉ်နှစ်စင်းသည် ဖူးခက် ပင်လယ်ရေနက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ယင်းကိုထိုင်းဘုရင့်ရေတပ်မတော်တတိယနယ်မြေ စစ်ဌာနချုပ်ဒုတိယစစ်ဆင် ရေးအကြီးအကဲနန်တာပို(လ) မာလာရတ်က စောင့်ဆိုင်းကြိုဆိုခဲ့သည်။ [...]