February, 2013၊ သတင်းမှတ်တမ်းများ

မြန်မာဘဏ် ၄ ခုနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန် အမေရိကန် ကုမ္ပဏီများကို အမေရိကန် အစိုးရက ခွင့်ပြု
The Treasury Department က မြန်မာနိုင်ငံ ဘဏ်များဖြစ်ကြသော Asia Green Development Bank, Ayeyarwady Bank, Myanmar Economic Bank နှင့် Myanmar Investemnt and Commercial Bank တို့နှင့် လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ [...]

အမှတ် (၄၂)၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၂)

ဖေဖော်ဝါရီလ (၂၈) ရက်၊ (၂ဝ၁၃) ခုနှစ် [...]

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် မြန်မာ စစ်တပ်က လှည့်စားခဲ့ကြောင်း SSA တပ်ဖွဲ့စွပ်စွဲ
ရှမ်းပြည် မြောက်ပိုင်းရှိ Shan State Army (SSA) တပ်ဖွဲ့အခြေစိုက် စခန်းများကို ဖယ်ရှားရန် မြန်မာ အစိုးရ တပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၈ ရက်တွင် တိုက်ခိုက်လာခဲ့ပြီးနောက် SSA အဖွဲ့က မြန်မာ စစ်တပ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် လှည့်စား ခြင်း ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။ [...]

မရေရာသော ပိုင်ဆိုင်မှု အန္တရာယ်ကြောင့် မြန်မာ တွင် ရင်းနှီးမြှုပ်နှံသူများ သတိကြီးကြီး ထားရန် ထိုင်း-မြန်မာ စီးပွားရေး ကောင်စီ အတွင်းရေးမှူး ချုပ်ဟောင်း သာနစ်ဆိုရတ် ပြောကြား
မြန်မာနိုင်ငံတွင် မြေယာ အငြင်းပွားမှုများ ပြင်းထန်နေ သဖြင့် အိုးအိမ်ခြံမြေများ ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်း ခြင်းများ မပြုမီ သတိကြီးကြီး ထားရန် ထိုင်း စီးပွားရေး လုပ်ငန်းများသို့ ထိုင်း-မြန်မာ စီးပွားရေး ကောင်စီ အတွင်းရေးမှူး ချုပ်ဟောင်း သာနစ်ဆိုရတ်က ယမန်နေ့တွင် သတိပေး ပြောကြားလိုက်သည်။ [...]

ပင်လယ် ရေနက်ဆိပ်ကမ်း ရှိလိုသည့် ထိုင်းအိပ်မက် ပျက်ပြယ်တော့မည်လား၊ အရင်းအနှီး နည်းပါးလာမှုကြောင့် ထားဝယ်စီမံကိန်း ရပ်ဆိုင်းရနိုင်
ဒေါ်လာ ၁၁ ဘီလျံတန် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းကို ဆိုင်းငံ့ထားရကြောင်း ထိုင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ချတ်ချက် ဆစ်တီပွတ်က ပြောသည်။ ၂ဝ၂ဝ ခုနှစ်တွင် အပြီးသတ်ရန် စီစဉ် ထားသော စီမံကိန်းကြီးမှာ စီမံကိန်း ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ဂျပန်ရင်းနှီး မြှုပ်နှံသူများနှင့် ထိုင်းအစိုးရကြား သဘောမတူညီမှုကြောင့် ရပ်ဆိုင်းထား ရသည်ဟု သူက ဆိုပါသည်။ [...]

နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း စီမံကိန်းကြောင့် ရှမ်းကလေးကျွန်း မြေ ယာဈေးနှုန်း အဆနှစ်ဆယ် မြင့်တက်
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စစ်ကိုင်းတံတား အထက်တွင် နိုင်ငံတကာ အဆင့်မီဆိပ်ကမ်း တစ်ခု ဆောက်လုပ်မည့် စီမံကိန်းကြောင့် မန္တလေးမြို့ အနောက်တောင်ဘက် ရှမ်းကလေးကျွန်း၊ စံပြကျေးရွာ အနီးတစ်ဝိုက်ရှိ မြေယာဈေးနှုန်းများ ယခုလ အစောပိုင်းမှ စတင်ကာ အဆ ၂ဝ ခန့်ထိုးတက် သွားသည်ဟု ဒေသခံ ဝါရင့်ပွဲစား တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ [...]

မန္တလေး ကျောက်ဝိုင်း ပြောင်းရွှေ့ခိုင်းသည့် တည်ဆဲအစိုးရ ကြီးမားသော ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးနှင့် မလွဲမသွေ ရင်ဆိုင်ရနိုင်ဟုဆို
“လူ ၃ သိန်းကျော်ရဲ့ သွေးချွေး ဘဝနဲ့ရင်းနှီး တည်ဆောက် ခဲ့တဲ့ ဈေးကို ခရိုနီတစ်စု ကောင်းစားရေး အတွက် ပြောင်းရွှေ့ပေးရမယ် ဆိုရင် ကောင်းမွန် သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရရဲ့ လူမှုစီးပွားဘဝ ဖူလုံရေး ဆိုတဲ့ နိုင်ငံတော် ဦးတည်ချက်အရ (Democracy Challenge) ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးတစ်ခု အမှန်တကယ် ပေါ်ပေါက်လာလိမ့်မယ်” ဟု ယင်းကပြော သည်။ [...]

တက္ကသိုလ် များတွင် စာပေဟောပြောပွဲ များ ပြန်လည် ရှင်သန်ပါစေ
တက္ကသိုလ်နှင့် စာပေ ဟောပြောပွဲဟူသည် အလွန် တရာမှ အပ်စပ် ကိုက်ညီသော လုပ်သင့် လုပ်ထိုက်သော တွဲဖက်အရာများ ဖြစ်သည်။ ယနေ့ ကမ္ဘာကျော် ဟားဗတ်၊ အောက်စဖို့ဒ်၊ ကိန်းဘရစ်ခ်ျ၊ ယေးလ် စသော တက္ကသိုလ်ကြီးများ တွင်လည်း ဘီလ်ကလင်တန်၊ ဒေါ်နလ်ထရန်၊ အော်ပရာဝင်းဖရေး၊ လာရီကင်း စသည့် ပုဂ္ဂိုလ်ကြီးများက ကျောင်း သားကျောင်းသူများ၏ စွမ်းဆောင်ရည် မြင့်မားရေး၊ လုပ်ရည်ကိုင် ရည် မြင့်မားရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားရေးတို့ အတွက် [...]

ယုဇန ပလာဇာ ပိတ်ရက်မရှိ ဖွင့်လှစ်ခြင်းသည် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုဟုဆို
ယုဇနပလာဇာအား ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ နေ့စဉ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာစာ ထုတ်ခဲ့သလို မြန်မာ့အလင်း၊ ကြေးမုံများတွင် လည်း ကြော်ငြာဖော်ပြခဲ့ခြင်းကြောင့် ထိုသို့ နားရက်မရှိ၊ နေ့စဉ်ဖွင့်လှစ်လိုက်ခြင်း အပေါ် ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ် သက်၍ ယုဇနပလာဇာ မြေညီထပ် ဆိုင်ခန်းတွင် တာဝန်ထမ်းဆောင်နေ သည့် အရောင်းဝန်ထမ်း မဖြိုးက “အရင်ကလည်း တစ်ပတ်ကို ၁ ရက် ပိတ်တယ်။ အခုလို [...]

ရွှေဂုံတိုင် ခုံးကျော်တံတားကြီးကို လာမည့် နိုဝင်ဘာလတွင် အပြီး ဆောက်လုပ် သွားမည်ဟု စီမံကိန်း တာဝန်ရှိသူ ပြောကြား
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ ညွှန်ကြားချက် စီမံကိန်းအရ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးကြပ်ပြီး Capital Development ကုမ္ပဏီ လီမိတက်မှ တာဝန်ယူဆောင်ရွက်လျက် ရှိသော ရွှေဂုံတိုင် ခုံးကျော် တံတားကြီးအား လာမည့် နိုဝင်ဘာလ အတွင်း အပြီး ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းမှ ဒါရိုက်တာ ဦးအေးသော် က ဖေဖော်ဝါရီ ၂၅ ရက်တွင် [...]