February, 2013၊ သတင်းမှတ်တမ်းများ


ပြည်သူ့ အငြိမ့်သဘင် ဖျော်ဖြေပွဲကို ၂ဝ၁၃ ခုနှစ်၊ မတ် ၂၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဟု သိရသည်။ အဆိုပါ အငြိမ့်သဘင် ကို ဇာဂနာက စုစည်းကြောင်း၊ မြပုဏ္ဏမာ၊ သီးလေးသီး၊ စုဗူးလူရွှင်တော်အဖွဲ့ များပါဝင်ကြောင်းနှင့် ယင်းဖျော်ဖြေပွဲကို ဘိုဘို အင်တာတိန်းမန့်စ်က စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း ဖျော်ဖြေပွဲတွင် အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူ၊ ဂေါ်ဇီလာ၊ ဆီးသီး၊ ပန်းသီး၊ [...]

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒက်စမွန် တူးတူး မြန်မာနိုင်ငံသို့ ရောက်ရှိ စဉ် မြန်မာ ဘုန်းတော်ကြီး အချို့နှင့် တွေ့ဆုံမည်
မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒက်စမွန် တူးတူး လာရောက်စဉ် မြန်မာဘုန်းတော်ကြီး များဖြစ်သော ရွှေညဝါ ဆရာတော်၊ မဂ္ဂင် ဆရာတော်၊ ဦးခေမာစာရ၊ ဦးညီညီလွင် (ဦးဂမ္ဘီရ)တို့နှင့် ဖေဖော်ဝါရီ ၂၇ တွင် အမေရိကန် စင်တာ၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေး၊ လက်ပံတောင်းတောင် ကိစ္စကဲ့သို့ မငြိမ်းချမ်း သည့် လူ့အခွင့်အရေး ချိုးဖောက် [...]

အမှတ် (၄၁)၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၁)

ဖေဖော်ဝါရီလ (၂၁) ရက်၊ (၂ဝ၁၃) ခုနှစ် [...]

Web Development Foundation သင်တန်း ဖွင့်လှစ်မည်
Web Development Foundation သင်တန်းတစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ မတ်လ ၄ ရက် ၌ စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြား သွားရောက် မည့် ကျောင်းသားများ၊ လုပ်ငန်းခွင်ဝင်မည့် သူများ၊ ဘလော့ခ်များပိုင်ဆိုင်ပြီး ပြင်ဆင် မွမ်းမံလိုသူများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ မဖြစ်မနေ တက်ရောက် သင့်သော သင်တန်း ဖြစ်ကြောင်း သိရသည်။ [...]

လမင်းကြီး ဖြစ်သွားတဲ့ ဖန်မီးအိမ်
ခြေတော်ရာရှိတဲ့ တောင်ခြေရောက် တော့လည်း ထမ်းစင်နဲ့ ပို့ပါရစေဆိုတာ မရဘူး၊ အဖေ့ဆီ ပူဇော်ကန်တော့ဖို့ သွားတာ ဒီလို ဟိတ်ကြီးဟန်ကြီးနဲ့ မသွားဘူး ဆိုပြီး ခြေလျင်ပဲလက်နှစ်ဖက်က တစ်ယောက်စီတွဲပေးရတာတဲ့။ ရောက်ခါနီးတော့ “ရောက်တော့မဟ၊ ရောက်တော့မဟ” ဆိုပြီး အားတင်း တက်တယ်။ ခြေတော်ရာရှေ့ ရောက် တော့ လက်နှစ်ဖက် ရှေ့ထောက် ပြီး အသက်ရှူမှန်အောင် မနည်း ရှူနေရသေးသတဲ့။ ပြီးတော့မှ ပခုံးနှစ်ဖက် မှာ တပည့် တစ်ယောက်စီ [...]

သူစိမ်းပြင်ပြင် နိုင်ငံခြားသားများနှင့် ထိမ်းမြား လက်ထပ်ရန် မြန်မာ အမျိုးသမီးများ နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံနေကြရ
“တရုတ်ယောကျာ်းနဲ့ရတဲ့ မိန်းမ အများစုဟာ ဘာရည် ရွယ်ချက်နဲ့မှ အိမ်ပြင် မထွက်ရဘူး။ သိပ်ကို နည်းတဲ့ အရေအတွက်လောက်ပဲ အခြေအနေကောင်း နေ ကြရတယ်။ သူတို့ဟာ လင်တွေ၊ ယောက္ခထီးတွေ ၊ ယောက္ခမတွေ နဲ့ ဆွေမျိုးတွေရဲ့အရိုက်အနှက်ကို ခံကြရတယ်။ ပြီးတော့အစာလည်းဝအောင် မကျွေးကြဘူး”။ ဤကဲ့သို့သော အဖြစ်မျိုးကို “စု” ကြုံတွေ့ခဲ့ရသည်။ [...]

ရက်စက်သော မေးခွန်းတစ်ခု
စနစ် ကြောင့်၊ လူကြောင့် စသည်ဖြင့် မည်သည့် အကြောင်းပြချက် မျှ ပေးမထားဘဲ လူသားတို့ အသက်မွေးပုံချင်း ကွဲပြား ကြပုံကိုသာ နောက်ခံပြု ထားသည်။ နေ့တဓူဝ ဆက်ဆံရင်းနှီးနေကြရသော မီးရထားဝန်ထမ်းနှင့် မှောင်ခိုတို့ ကြား မှ ဆက်ဆံရေးကို မျောက် သုံးကောင် မီးခြစ်တံဆိပ်နှင့် ဥပမာဆိုထားသည် မှာ ထိရောက်လှသည်။ ဤလူတန်းစား နှစ်ရပ်သာမက ခေတ်စနစ်တစ်ခု လုံး၏ သရုပ်ကိုလည်း ပေါ်လွင်စေ သည်။ [...]

သမိုင်းလူသား “ဂျော့(ချ)ဝါရှင်တန်”
လွတ်လပ်ရေး စစ်ပွဲအတွင်း ဗြိတိသျှ အမြဲတမ်းတပ်များ ကို ပခုံးချင်း မယှဉ်သာသော်လည်း ဝါရှင်တန်၏ ဦးဆောင်မှုအောက်တွင် ဘော်စတွန်မြို့သိမ်း တိုက်ပွဲ ဆင်နိုင်ခဲ့ပြီး ဗယ်လီဖော့(ချ) တိုက်ပွဲတွင် အအေး လွန် ဆောင်းရာသီကို ကြံ့ကြံ့ ခံ၍ မိမိတပ်ကို မပြိုပျက်အောင် ထိန်းသိမ်းနိုင်ခဲ့ခြင်း တို့ကြောင့် ပြင်သစ်က အမေရိကန် လွတ်လပ်ရေး ကို ၁၇၇၈ တွင် အသိအမှတ် ပြုခဲ့သည်။ [...]

လွင့်ပျယ် ပါးလျားလာသော ဆေးရောင်များ သို့မဟုတ် . . .
၂ဝ၁ဝ နိုဝင်ဘာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည် နှစ်ပေါင်းများစွာကြာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည်။ တင်းတင်းကျပ်ကျပ် ဇာတ်ကွက် ချထားသော စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အကူးအပြောင်း ကာလတွင် ဖြစ်သည်။ ၁၈ လအကြာတွင် သူ၏ အန်အယ်လ် ဒီပါတီက ဒီမိုကရေစီ ကြားဖြတ် ရွေးကောက်ပွဲ၌ နေရာ ၄၅ ခုအနက် ၄၃ ခု အနိုင်ရခဲ့သည်။ [...]


လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများ အတိုင်း လွှတ်တော် ကိုယ်စားလှယ် များမှ အဆိုပြုတင်သွင်း သူကို ထောက်ခံမဲပေး၊ ဥက္ကဋ္ဌ ခန့်အပ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ဧရာဝတီတိုင်း ဒေသ ဝန်ကြီးချုပ်မှ ရွေးချယ် သတ်မှတ်လျာထားသူအား၊ အဆိုတင်သွင်းမှုပြု လုပ်စေပြီး ဥက္ကဋ္ဌတင်မြှောက်ခဲ့ခြင်း ကို ထောက်ဆခြင်းအားဖြင့် (ဥပဒေပြု ရေး မဏ္ဍိုင် အပေါ်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်က သြဇာသက်ရောက်မှုများ ရှိနေသည်ဟု) ဧရာဝတီတိုင်း ဒေသ ကြီး၊ ငါးသိုင်းချောင်း လွှတ်တော် [...]