March, 2013၊ သတင်းမှတ်တမ်းများ

ထိခိုက်ဒဏ်ရာ ရသူများကို အရေးပေါ် အကူအညီပေးနိုင်ရေး ဥပဒေ ကလည်း ခွင့်ပြုပြီ
ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် မတ် ၂၂ ရက်၌ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက အရေးကြီးအဆို အဖြစ် "ဒဏ်ရာရ လူနာများကို အချိန်မီ ဆေးကုသနိုင်ရေး အတွက် လိုအပ်သည့် လုပ်ထုံး လုပ်နည်းပြဌာန်းချက် များအား ဆောလျင်စွာ ထုတ်ပြန်ပေးရန်" အဆိုကို တင်သွင်းခဲ့ရာ အားလုံး က ထောက်ခံ အတည်ပြုခဲ့ကြသည်။ [...]

မိတ္ထီလာ အရေး သုံးသပ်ချက်
မတ် ၂ဝ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် လှုပ်ရှားမှုများကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံး ခဲ့ရသည့် လူ့အသိုင်းအဝိုင်းနှစ်ခုစလုံး တွင် အကြောက်တရား ကို တွေ့ခဲ့ ရ သော်လည်း အမုန်းတရား ကိုမူ မတွေ့ ခဲ့ရကြောင်း၊ နောက်ကွယ်တွင် လှုံ့ ဆော်သူများ ရှိသည်ဟု ယူဆကြောင်း ဖြင့် မစ္စတာ နမ်ဘီးယားက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက် ၍ မြန်မာအင်ဒီပဲန်ဒင့်က လက်လှမ်း [...]

ရွှေပြည်သာမြို့တွင် ဘတ်စ်ကား လိုင်းအသစ်များ တိုးချဲ့ပြေးဆွဲစေချင်
“ဘတ်စ်ကား အခက်အခဲကြောင့် မြို့ထဲမှာ အလုပ် လုပ်နေရတဲ့ ပြည်သူတွေ ခရီးစရိတ် ပိုကုန်မယ်။ ရတဲ့လစာကို ခရီးစရိတ် ပြန်သုံးနေရတော့ စားဝတ်နေရေး ကျပ်တည်း လာတယ်။ အလုပ်လက်မဲ့တွေ ပေါလာတယ်။ ဒီမှာရှိတဲ့ စက်ရုံတွေမှာ မဖြစ်စလောက် လစာလေးနဲ့ ပင်ပင် ပန်းပန်း ဝင်လုပ်ရတယ်။ အဲဒီတော့ ဆင်းရဲတွင်းကနေ တက်ဖို့ဆိုတာ မလွယ်ပါဘူး”ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ [...]

ရန်ကုန်မြို့တော် အတွင်း ပြေးဆွဲလျက်ရှိသည့် တက္ကစီယာဉ်များတွင် မီတာများ တပ်ဆင်ရမည် ဖြစ်သော်လည်း လုပ်ငန်း စတင်ရက် အတိအကျ မသိရသေး
အချို့က တက္ကစီခကို ဒီအတိုင်းပြောယူ၊ ပြော စီးတာပဲကောင်းပါတယ် လို့ ပြောကြတဲ့ သူတွေလည်းရှိပါတယ်။ သို့သော် နိုင်ငံခြားသား တစ်ယောက်က ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ဆိုတာကို ပြောဖို့ဆိုတာ ကျွန်တော်တို့ဆီက တက္ကစီယာဉ်မောင်း တော်တော်များ များမပြောတတ်ပါဘူး။ ပိုက်ဆံဘယ် လောက်ကျတယ်ဆိုတဲ့နေရာမှာ တစ် ဒေါ်လာ၊ နှစ်ဒေါ်လာ ဆိုတာပဲ သူပြော လို့ရမယ်။ အတိုးအလျှော့ကြတော့ သူမပြောတတ်တော့ဘူး။ တော်တော် ခက်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အတွက် အချိန်ပိုကြာနိုင် ပါတယ်။ ကမ္ဘာ [...]

ကျောင်းသင်ခန်းစာများတွင် နိုင်ငံတကာ ဒီမိုကရေစီ ကျင့်စဉ်များနှင့် နိုင်ငံရေး သိပ္ပံတို့ကို သင်ကြားပေးမည်
ကျောင်း သင်ခန်းစာများတွင် နိုင်ငံတကာ ဒီမိုကရေစီ ကျင့်စဉ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို သင်ကြားပေး မည်ဟု မတ် ၂၂ ရက်က နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်၌ ပညာရေး ဝန်ကြီးဒေါက်တာမြအေးက ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။ [...]

ရွှေညဝါ ဆရာတော်နှင့် မြို့နယ်အုပ်ချုပ်သူတို့ အကြား တင်းမာမှု ရှိခဲ့သော်လည်း အချိန်မီ ပြေလည်မှု ရရှိခဲ့
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တားမြစ်ချက် အပေါ် နားလည် မှုလွဲပြီး ရွှေညဝါဆရာတော်နှင့် ယင်း သီတင်းသုံး နေထိုင်ရာ မှော်ဘီမြို့ အုပ်ချုပ်ရေးအဖွဲ့တို့ တင်းမာမှု တစ်ခု ဖြစ်ခဲ့သော်လည်း ပြေလည်မှု ပြန်လည် ရရှိခဲ့ကြောင်း ဆရာတော်က မြန်မာအင်ဒီပဲန်ဒင့်သို့ မိန့်ကြားခဲ့ပါ သည်။ [...]

အမှတ် (၄၆)၊ မတ်လ (၂၈) ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၆)

မတ်လ (၂၈) ရက်၊ (၂ဝ၁၃) ခုနှစ် [...]

မြန်မာ့ ပဋိပက္ခတွင် သြဇာ လွှမ်းမိုးမှု ရှာဖွေနေကြသော ကမ္ဘာ့ အင်အားကြီးနိုင်ငံ များ
ပြင်ပကမ္ဘာမှ နားမလည်နိုင် လောက်သော ပေါ်လစီ အလိမ် အကောက် များဖြင့် တစ်ပွဲ မကသော တိုက်ပွဲများက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည်။ တစ်ဖက်တွင် တိုင်းရင်းသား ခုခံရေးတပ် အများကြီးနှင့် ဆက်လက် ဆင်နွှဲ နေရသော အစိုးရ၏ တိုက်ပွဲရှိနေသ ကဲ့သို့ အခြားတစ်ဖက်တွင် သြဇာ လွှမ်းမိုးရေးအတွက် အနောက်နှင့် တရုတ်ကြား က ပိုမိုကြီးမားသော တိုက်ပွဲကလည်း ရှိနေပြန်သည်။ စင် စစ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံခြား စွက်ဖက်မှု [...]

လာအိုနိုင်ငံက မြန်မာနိုင်ငံနှင့် လေကြောင်း အဆက်အသွယ် ပြန်လည် ပြုလုပ် မည်
ဗီယင်ကျန်းနှင့် ရန်ကုန်ကြား ဆယ် စုနှစ် ၂ စုကျော်ကြာ အဆက်အသွယ် ပြတ်နေခဲ့ပြီးနောက် လာမည့် အောက်တို ဘာလတွင် မြန်မာနိုင်ငံသို့ လာအို လေကြောင်းက တိုက်ရိုက်လေကြောင်း လိုင်း ပြန်လည် စတင် ပျံသန်း မည်ဖြစ် ကြောင်း၊ မြို့တော်နှစ်ခုကြား လေ ကြောင်း ဆက်သွယ်မှု ပြန်လည်ထူ ထောင်ခြင်းဖြင့် ရင်းနှီး မြှုပ်နှံသူများ နှင့် ခရီးသွား ဧည့်သည်များအတွက် တံခါးများ ပွင့်လာစေမည်ဖြစ်ကြောင်း Laos [...]


ဘင်္ဂလားဒေ့(ရှ)နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ရှိ လမ်းဖောက်လုပ်ရေး ပြီးစီးပါက ရန်ကုန်နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်သွားနိုင်ရန် ဒက္ကာက စဉ်းစားနေကြောင်း ဘင်္ဂလားဒေ့(ရှ) ကုန်သွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် မာဘတ် အာမက်က ဖိုင်နင်ရှယ်အိတ်(စ)ပရက် သတင်းစာသို့ ပြောကြားသည်။ [...]