March, 2013၊ သတင်းမှတ်တမ်းများ

VISA ကတ်ကို မြန်မာကုန်သည်များလက်ခံရေး VISA ကုမ္ပဏီ ကြိုးပမ်းဆောင်ရွက်၊ ကုန်သည်များ အတွက် အရောင်း လုပ်ငန်း လုံခြုံမှု ပိုမိုပေးအပ်သွားနိုင်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN အားကစားပွဲတွင် လက်လီဆိုင်ပေါင်း တစ်ထောင်၌ VISA ကတ်ပြား သုံးစွဲ နိုင်စေရန် VISA ကုမ္ပဏီက စီစဉ် ဆောင်ရွက် လျက် ရှိသည်။ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ၂ဝ၁၂ ခုနှစ်အတွင်း ဆယ်သန်းကျော် မျှရှိကြောင်း သိရှိရသည်။ အဆိုပါ စံချိန်သည် မြန်မာနိုင်ငံတွင် ကျင်းပမည့် [...]

ဥရောပ ဈေးကွက်တွင် မြန်မာနိုင်ငံ လွတ်လပ်စွာ ဝင်ရောက်ခွင့်ရရေး ဥရောပ ပါလီမန် ထောက်ခံ အတည်ပြု
ဥရောပ ပါလီမန်၏ နိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့က မြန်မာနိုင်ငံအား ဥရောပ သမဂ္ဂဈေးကွက်တွင် အကောက်ခွန်နှင့် ခွဲတမ်း ကင်းလွတ်ခွင့် ပေးအပ်ရန် မတ်လ ၂၁ ရက်က ထောက်ခံ ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ အချို့ သောဒေသများတွင် အဓမ္မခိုင်းစေမှု များဖြစ်ပွားဆဲရှိနေသေးသည်ဖြစ်ရာ ဥရောပ ပါလီမန်အဖွဲ့ဝင်တို့က သီးခြား ဆုံးဖြတ်ချက် ချမှတ်ကာ အဓမ္မခိုင်းစေ မှုများနှင့်စပ်လျဉ်းသော တိုးတက်မှုများကို စောင့်ကြည့်ရန်နှင့် မြန်မာ နိုင်ငံတွင်း [...]


မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာကျော် အဆိုတော်များ လာရောက် ဖျော်ဖြေသည့် လက်မှတ်ရောင်းပွဲ MLTR (Micheal Learn to Rock) သည် ကမ္ဘာကျော် ပန့်ခ်ရော့ခ်အဆို တော်ကြီးများ၏ ရှိုးပွဲကို မြန်မာနိုင်ငံ တွင်းမှာ ပင် ကုန်ကျစရိတ် သက်သာစွာဖြင့် ခံစားနိုင်မည့်ပွဲဟု အနုပညာရှင်တချို့ ယူဆသော်လည်း လက်မှတ်ဈေး သည် မြန်မာဆင်းရဲသား လူတန်းစား အများစု လက်လှမ်းမမီနိုင်သော ကြောင့် လူတန်းစားတစ်ရပ်အတွက် သီးသန့် ဆန်သည့် ဖျော်ဖြေမှုပွဲမျိုး [...]

မြန်မာကျပ်ငွေဖြင့် လဲလှယ် ရန် နိုင်ငံခြား ငွေကြေး ၂ ခု ထပ်မံ ခွင့်ပြု၊ တရုတ်နှင့် ထိုင်း ခရီးစဉ်များ အတွက် ပိုမို အဆင်ပြေစေမည်
မြန်မာနိုင်ငံသို့ လာရောက်ကြသော ခရီးသည်များ အတွက် မြန်မာ ကျပ်ငွေနှင့် လဲလှယ် သုံးစွဲနိုင် ရန် နောက် ထပ် နိုင်ငံခြား ငွေကြေး နှစ်မျိုး ဖြစ်သည့် တရုတ် ယွမ်ငွေနှင့် ထိုင်း ဘတ်ငွေ တို့ကို မြန်မာနိုင်ငံတွင် ထပ်မံ ခွင့်ပြု တော့မည် ဖြစ်သည်။ လောလောဆယ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ ၌ ကျပ်ငွေနှင့် တရားဝင် လဲလှယ်ခွင့် ရှိသော ငွေကြေးများမှာ ယူရို၊ အမေ [...]


မည်သူတွေက အလုပ်ဘာမှ မလုပ်ဘဲ ပေးကမ်းစာဖြင့် မည်သည့်လှုံ့ဆော်မှု များကိုသာ တစိုက် မတ်မတ် လုပ်ဆောင်နေသည်မှာလည်း မသိနိုင်စရာ ဘာမှမရှိပါ။ သက်ဆိုင်ရာ တာဝန်ရှိသူ များရော၊ ပြည်သူတို့ ကပါ ဖော်ထုတ် အရေးယူ သင့်ပါသည်။ ဤ အတွက် နိုင်ငံရေး အကျဉ်းသား အမည်ခံ၍ မရပါ။ ကိုယ့်နိုင်ငံကို ကိုယ့်လူ မျိုးတို့ကသာ အမှန်တကယ် အချစ်ဆုံးဖြစ်ပါသည်။ သူခိုးဓားရိုးကမ်းကြ သူများမှာ ချစ်ဟန်ဆောင်၍ ကိုယ် ကျိုးစီးပွား [...]

သက်တမ်းနုနု ဒီမိုကရေစီခရီးအား သုညမှ ပြန်စ ရမည့် ရလဒ်မျိုး ထွက်လာမည် ကို မင်းကိုနိုင် စိုးရိမ်
“ဘယ်နေရာ မှာတော့ ဘာလုပ်သွားပြီ။ ငါတို့ တစ်အိမ် တစ်ယောက် ထွက်ကြတော့ ဆိုတာမျိုးတွေ ကို သေသေချာချာ ဆန်းစစ်ဖို့ လိုတယ်။ အကြံအစည် ရှိသူတွေ က အဲဒီနည်းတွေကိုသုံးပါတယ်။ ဘာမဆို ဝေဖန်စိစစ်တဲ့ စိတ်ထားတွေ ရှိစေချင်တယ်။ နောက်ပြီး ကာကွယ်တာနဲ့ ကျူးကျော် တိုက်ခိုက်တာလဲ ကွဲပြားနိုင်ရပါမယ်”ဟု ဆိုသည်။ [...]

မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကောင်စီတွင် အဖွဲ့ဝင် တစ်ဦး မဟုတ်သော်လည်း ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး ဦးမောင်ဝေက ဆုံးဖြတ်ချက်ကို တစ်ခုလုံး သဘောအနေဖြင့် လက်ခံကြောင်း သို့သော် စွပ်စွဲချက် များမှာ များလွန်းကြောင်း၊ အချို့မှာ ပြဋ္ဌာန်းချက် သဘော သုံးနှုန်းမှုများနှင့် အဓိပ္ပာယ်လွဲမှားစေသော စကားလုံး များ ပါဝင်နေကြောင်း ကန့်ကွက် ပြောကြားခဲ့သည်။ [...]

ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည်စခန်း မီးလောင်၊ မြန်မာ ဒုက္ခသည် ၃၂ ဦး သေဆုံး
ထိုင်းနိုင်ငံ အနောက်မြောက်ဘက် Mae Hong Son ပြည်နယ်ရှိ Ban Mae Surin အမည်ရ မြန်မာ ဒုက္ခသည် စခန်း တွင် မတ်လ ၂၂ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ် ပွားခဲ့ရာ မြန်မာဒုက္ခသည် ၃၂ ဦး သေဆုံးခဲ့ရကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၂၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [...]

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၃)
ဂျပန်မှာ ရှိတဲ့ နာရာနဲ့ ကျိုတိုက လူတွေကတော့ မန္တလေးမြို့တည်ပုံ ဟာ သူတို့မြို့တွေနဲ့ ဆင်တူတာမို့ မန္တလေးကို ရောက်ရင် လွယ်လွယ်နဲ့ သဘောပေါက်နိုင်မယ့်ပုံပါ။ နန်းတော်ကို ၃ ကီလိုမီတာ အရှည်ရှိတဲ့ ကျုံးမြို့ရိုးနဲ့ ပတ်လည် ဝိုင်းထားပါ တယ်။ မြို့ထဲက လမ်းတွေ ကလည်း စတုရန်း ကွက်ထဲမှာ စနစ်တကျဖောက် ထားတာတွေပါ။ အရှေ့တံတားကို ဖြတ်ကျော်ပြီး နန်းတော်ထဲဝင်တော့ အမြောက်ကြီးတွေကို အရင်တွေ့ရ လေရဲ့။ နန်းတော်ကို သင်္ဃန်းရောင် [...]

ရွှေတိဂုံစေတီ တပေါင်းပွဲတော် ဘုရားဖူးများ၊ အလှူရှင်များဖြင့် စည်ကားခဲ့
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ၂၆ဝ၁ နှစ် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို တပေါင်းလပြည့် ၂၆ ရက်တွင် ပြုလုပ် ကျင်းပပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးကို သံဃာတော် အပါး ၁၈ဝ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပြီး သံဃာတော် အပါး ၁၈ဝ နှင့် သီလရှင် ၂၇ ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူ ခဲ့ကြသည်။ ဘုရားဖူးများ ၃ သိန်းကျော်ခန့် တက်ရောက် ဖူးမျှော်ကြကြောင်း သိရသည်။ [...]