March, 2013၊ သတင်းမှတ်တမ်းများ


ယနေ့ ကမ္ဘာ အရပ်ရပ်တွင် အကြမ်းဖက်မှုတို့ နေရာအနှံ့ ပျံ့နှံ့ကြီးထွား လာနေကြသည်။ နိုင်ငံတကာမှ အသံလွှင့် သတင်းများ၊ အင်တာနက် စာမျက်နှာများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ။ ပြောရ လျှင် နေရာအနှံ့၊ မီဒီယာအား လုံးတို့မှာ အကြမ်းဖက်မှု သတင်းများ သည် အသွင်သဏ္ဌာန်စုံ၊ ဖြစ်ရပ်မျိုးစုံ၊ အကြောင်း အရာစုံဖြင့် လွှမ်းမိုးနေ တော့သည်။ ထိုအခါ စဉ်းစားစရာတွေ ရှိလာသည်။ [...]


အကြောက်တရားကို လက်သပ်မွေး ပြုစုပျိုးထောင်
မင်္ဂလာတောင်ညွန့်မှာလိုလို မန္တလေးမှာလိုလို
မီးလောင်သလိုလို ဆိုင်ဖျက်လုသလိုလို
သွေးမပြိုပြိုအောင် ကောလာဟလမှိုင်းတိုက်
အငိုက်မိမီဒီယာများကလည်း ကြားသမျှ ရေး
သူ့ထက်ငါဦးရေးကို ဦးတည်
အတင်းဦးလိုသူ လူပုဂ္ဂိုလ်များကလည်း
တွေ့သမျှ ရှယ်တစ်ဖုံ၊ (ဖုန်း)ဆက်တစ်မျိုး
မရိုးအောင် အခမဲ့ဝါဒလိုက်ဖြန့်ပေး
မူရင်းသွေးထိုးလှုံ့ဆော်သူများပင် အားမစိုက်လိုက်ရထင့်
တစ်ပြည်လုံးဖြစ်အင့်အဖုံဖုံအား
၈၈ မှာ ကံကုန်သည့် တစ္ဆေများ မြင်လျှင်
သင်ခန်းစာလေးမှ မယူတတ်ကြလေခြင်းဟု
ကိုယ်ချင်းစာသနားကြပေလိမ့်
အံ့သြရပါ၏။ [...]


ကမ္ဘာ့မျက်နှာစာတွင် အရုပ်ဆိုး အကျည်းတန် သည့်ဖြစ်ရပ် များသည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားပါသည် ဆိုသော မြန်မာ့မြေပေါ် တွင် ဖြစ်ခဲ့ပေပြီ။ နောက်ထပ်ဖြစ်ရန် လည်း တာစူနေကြသံကို ကြားနေရပေသည်။ ဒေါသနှင့် အာဃာတ မီးတောက် အလျှံညီးညီး တောက်လောင်နေ သည့် ထို မီးပုံကြီးသည် သူ့အလိုလို ပေါ်ပေါက် လာရခြင်း မဟုတ်ပါချေ။ ယမ်းပုံနှင့် မီးစာရှိမှ မီးပုံကြီး ပေါ်ပေါက်ရပါသည်။ ယနေ့မြန်မာ့မြေပေါ်မှ မီးပုံကြီး၏ မူလ ရင်းမြစ်များဖြစ်သော [...]

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တရားဥပဒေ စိုးမိုးရေး အတွက် လုံခြုံရေး စီမံချက်များ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်လျှက်ရှိ
လတ်တလော ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အများပြည်သူများ စိုးရိမ်ထိပ်လန့်မှုများ ရှိနေရပြီး မိမိတို့ နေထိုင်ရာ ရပ်ကွက်နှင့်လမ်းများတွင် အစောင့်များ ချထားခြင်း၊ ညဘက်များတွင် လမ်းများ ပိတ်ထာပြီး လူဝင်လူ ထွက်များ စစ်ဆေးစောင့် ကြည့်ခြင်းများကို နေ့စဉ် လုပ်ကိုင်နေကြရသည်၊ [...]

အမှတ် (၄၅)၊ မတ်လ (၁၄) ရက်၊ ၂ဝ၁၃ ခုနှစ်
မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၅)

မတ်လ (၂၁) ရက်၊ (၂ဝ၁၃) ခုနှစ် [...]


လစာတိုးမည်ဆိုသော အသံကြားရုံဖြင့် ကုန်ဈေးနှုန်းတွေ တက်လာတော့မည်။ မထူးပါဘူးဟု အပျက် မြင် ရှုဒေါင့်တစ်ခုတည်းမှ ကြည့်၍ မရပါ။ ဝယ်လိုအား စရိတ်နှင့် ဈေးကစားမှု များကြောင့် ကုန်ဈေးနှုန်းများ မြင့်တက် လာတတ်ပါသည်။ အသံကြားရုံဖြင့် ဈေးတက်ခြင်းမှာ အမြတ် ထုတ်ဈေးကစားမှုများကြောင့်ဖြစ် သည်။ ချောက်လှန့်ဈေးကစားမှု ကြောင့်သာ ကုန်ပစ္စည်းများ အဆမတန် ဈေးမြင့်တက်နိုင်ပါသည်။ [...]

ဝေဒအသံ ( အမှတ် ၄၅ )
၂ဝ၁၃ ခုနှစ်အတွင်း ကောင်းကင် ဂြိုဟ်များအနက် အင်္ဂါ၊ ကြာသပတေး၊ စနေဂြိုဟ်တို့ အဓိကထား၍ မြန်မာ နိုင်ငံ ၏ ထူးခြားသော သတင်းများ ကို ပုံဖော်ကြ မည်ဖြစ်ပါသည်။ ယခု နှစ် နွေရာသီတွင် ပူပြင်းသော ရာသီ ဥတုကြောင့် မြို့ရွာဒေသများတွင် သောက်သုံးရေ ရှားပါးလာနိုင်သော ကာလနှင့် ကြုံတွေ့ရနိုင်ပါသည်။ ထို့ အပြင် မြန်မာနိုင်ငံ အတွင်း မီးဘေး အန္တရာယ်များကို [...]


ခေတ်ပြိုင်ကမ္ဘာ့မြင်ကွင်း၊ မြန်မာ့ အရွေ့တို့ကို သုံးသပ်ရေးသားလေ့ရှိ သော ဆရာကျော်ဝင်း၏ ဖတ်ရှုဖြစ်ခဲ့သော စာအုပ်များအပေါ် သုံးသပ်တို့ထိ ချက်များဖြစ်ပြီး စာအုပ်ပါအကြောင်း အရာများအပြင် စာရေးသူ၏ ကိုယ် ပိုင်သုံးသပ်ချက်အမြင်များကိုပါ ထည့် သွင်းထားသော စာအုပ်ဖြစ်သည်။ သုံး သပ်ချက် ဆောင်းပါးပေါင်း ၆၃ ပုဒ် ပါဝင်ပြီး စာရေးသူ၏ ချဉ်းကပ်ပုံ အဖုံဖုံကို လည်း ဖတ်ရှုရမည်ဖြစ်သည်။ သမိုင်း၊ အနာဂတ်၊ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ၊ အနုပညာ၊ ဒီမိုကရက် လိုက်ဇေးရှင်းမြင်ကွင်းများ [...]

Lady Gaga နှင့် Taylor Kinney နွေရာသီတွင် မင်္ဂလာဆောင်မည်
တင်ပါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဂီတပွဲစဉ်အချို့ကို ဖျက်သိမ်းကာ ခေတ္တ အနားယူနေ သော အမေရိကန် အဆိုတော် Lady Gaga သည် Vampire Diaries ဇာတ်ကား သရုပ်ဆောင် Taylor Kinney နှင့် မကြာခင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်။ [...]

သမိုင်းလူသား “ဆရာကြီး သခင်ကိုယ်တော်မှိုင်း”
ဂျီစီဘီအေ ဝံသာနုလှုပ်ရှားမှုကြီး ကျဆုံးသွားသောအခါ ဆရာကြီးသည် ထိုခေတ်လွတ်လပ်ရေး တိုက်ပွဲ တွင် ရှေ့တန်းသို့ ရောက်လာသော သခင် လူငယ်တို့၏ တို့ဗမာ အစည်းအရုံး သို့ ၁၉၃၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း အမည်ကို ခံယူ၍ လူငယ်တို့နှင့် လက်တွဲကာ လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲ ခဲ့ပြီး တို့ဗမာ အစည်းအရုံးကြီး၏ နာယကဖြစ်လာသည်။ [...]