March, 2013၊ သတင်းမှတ်တမ်းများ


၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)များ အားလုံးက နိုင်ငံရေး ပါတီ အလုပ်ကို လုပ်ဆောင် သွားရန် သဘောတူညီထားပြီဟု သတင်းများ ထွက်ပေါ် လာခြင်းနှင့် ပတ်သက်၍ မင်းကိုနိုင်က သူတို့အားလုံး သဘောတူထားသည်မှာ နိုင်ငံရေးပါတီ အလုပ်ဖြစ်စေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အလုပ် ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ခွင့်သာ ဖြစ်ကြောင်း မတ် ၁၉ ရက်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား [...]


“လူထုပဲ့တင်သံ” မြန်မာ့ရိုးရာ မဟာသင်္ကြန် သံချပ်ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ကြိုပြီး တင်ပြရမည်ဖြစ်ကြောင်းနှင့် စာပေ စိစစ်ရေး မရှိတော့ချိန်တွင် သံချပ်စိစစ်ရေး ပေါ်ထွက် လာခြင်းမှာ မဖြစ်သင့်ကြောင်း၊ မတ် ၁၄ ရက်က ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြိုင်ပွဲ ဒိုင်လူကြီး တစ်ဦးဖြစ်သူ ကဗျာဆရာ သစ္စာနီက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။ [...]


မကွက်များဟာ အုပ်ချုပ်သူများနဲ့ လုပ်ငန်းရှင်ဂေါက်သမားများရဲ့ ဂေါက်ကွင်းနဲ့ ကပ်လျက်ရှိနေတာကြောင့် သက်ဆိုင်ရာဂေါက်ရိုက်သူများ လာရင် အစိုးရ ဝန်ထမ်းများရဲ့ ညစ်ပေနေသော၊ မလှပသော၊ ရှုခင်း မကောင်းသော အိမ်များကို မြင်ရမှာ ဖြစ်တာကြောင့် အိမ်ဆောက်ခွင့် မပေးတာလို့ သိရပါတယ်။ ဒီ ဂေါက်သမားများက ဘယ်အဆင့်တန်းက ပေါက်ဖွားလာပါသလဲ။ ကျွန်မ တွေးတောနေမိပါတယ်။ [...]

မြန်မာ့ ဆိပ်ကမ်းတွင် ကားသစ်များ ထုတ်ယူမှု ကားဈေးအတက်အကျပေါ်တွင် မူတည်၊ ကားသစ်ဈေးကွက် ကျဆင်းချိန်တွင် ထုတ်ယူမှု နည်းပါး၊ ဆိပ်ကမ်း ခွန်ဆောင်၍ ကားများ ထားရှိ
ရန်ကုန် ဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်းတို့၌ ပြည်ပမှ မှာယူ တင်သွင်းလာသည့် မော်တော်ယာဉ်များ တွင် သက်ဆိုင်ရာ ပိုင်ရှင်များက အကြောင်း အမျိုးမျိုးကြောင့် လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် များအား ရက်ပေါင်း ၆ဝ အတွင်း လာရောက် ထုတ်ယူခြင်း မရှိပါက လေလံစာရင်းထဲသို့ ထည့်သွင်းမည် ဖြစ်ကြောင်း သိရသည်။ [...]

အမုန်းစွဲ တရားများကို ငြိမ်းချမ်းရေး ခြေလှမ်း များဖြင့် ဖျက်သိမ်းလို
ပြည်တွင်းစစ် ရပ်စဲရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့မှ လိုင်ဇာအထိ ၃ လကျော်ကြာ လမ်းလျှောက်ခဲ့သော ကိုရန်နိုင်ထွန်း ဦးဆောင်သည့် ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် မတ် ၁၈ ရက် တွင် လိုင်ဇာမြို့ပေါ်သို့ ရောက်ရှိလာရာ ယင်းတို့ အနေဖြင့် တိုင်းရင်းသား အချို့၏ အမုန်းစွဲ တရားများကို ငြိမ်းချမ်းရေး ခြေလှမ်းများဖြင့် ဖျက်သိမ်းလိုပါ ကြောင်း ပြောကြားခဲ့သည်။ [...]


မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ တွင် မြန်မာ စစ်တပ်နှင့် လက်နက် ကိုင် တိုင်းရင်းသားများအကြား တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက် မှုများ ရပ်စေရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်နိုင်စေရန် အပစ်အခတ် ရပ်စဲကာ ဒုက္ခသည် စခန်းများတွင် မှီတင်း နေထိုင်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးနိုင်ရေး လိုအပ်သလို အပစ်အခတ် ရပ်စဲရေးမှသည် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ပြဿနာ အရင်းအမြစ်မှ ကိုင်တွယ်ဖြေရှင်း နည်းဖြစ်သော [...]


မြောက်ပိုင်းခရိုင် တွဲဖက် အတွင်းရေး မှူး ဒေါ်ခင်မြတ် သူက “ဒါကတော့ ပါတီရဲ့မူဝါဒအရလို့ပဲ ထင်ပါတယ်။ ပါတီရဲ့ တာဝန်ပေးချက် မဟုတ်ဘဲနဲ့ လုပ်ဆောင်ခဲ့လို့နဲ့ ထင်ပါတယ်။ သူ့ဘက်ကလည်း ပြည်သူ လူထုရဲ့ လိုအပ်ချက်တွေ၊ နစ်နာချက် တွေကို ရှေ့နေတစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ယူဆ တာတွေလည်း ရှိမယ် ထင်ပါတယ်။ ကိုစောကျော်ကျော်မင်းကလည်း ပါတီ ရဲ့ အရေးယူမှုကို လက်ခံပါတယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား သည်။ [...]


ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး ၂၈ ရက်မြောက်နေ့ မတ် ၁၅ ရက်တွင် ဝက်လက် မဲဆန္ဒနယ်မှ သူရဦးအေး မြင့်က ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး ဆိုင်ရာ အရေးကြီး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော် တစ်ရပ်လုံး က ကန့်ကွက်သူ မရှိ ထောက်ခံခဲ့သည်။ [...]

လွတ်လပ်အတွေး စိတ်ကူးတောင်ပံ
“ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံး လိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံး လိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံး လိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ” ဟု သူ့ခံစား ချက်ကို ဆက်လက်ဖော်ပြသည်။ [...]

နိုင်ငံဝန်ထမ်းများ လစာတိုးပေးမှုနှင့် ဆင်းရဲမွဲတေမှု လျော့ချရေး တစ်နည်းတစ်ဖုံ ဆက်စပ်မှုရှိ
သမ္မတအိမ်တော် အစိုးရ အဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး တွင် နိုင်ငံတော် သမ္မတက နိုင်ငံ့ဝန်ထမ်း များနှင့် တပ်မတော် ဝန်ထမ်းများ လစာ၊ စရိတ်နှင့် နေ့စား လုပ်ခများ တိုးမြှင့် နိုင်ရန် ၂ဝ၁၃၊ ၂ဝ၁၄ ဘဏ္ဍာနှစ်မှစတင်ကာ ကျပ်ငွေ ၃၈၅ ဘီလီယံ အသုံးပြု မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂ဝ၁၃-၂ဝ၁၄ [...]